Saturday 24 January 2009

လိုလို

အချစ်စစ်တွေနဲ့ နှိပ်စက်
သိပ်ခက်နေလိုလို။

အချစ်တုတွေနဲ့ ပြုံးပြ
မုန်းမရတော့မလိုလို။

အလွမ်းဓါတ်တွေ လှစ်ပြ
ချစ်ရတော့မလိုလို။

အကြမ်းဇာတ်တွေ ကပြ
ထ ချ ရတော့မလိုလို။

ဝေဒနာတွေ ကြေငြာ
အဖြေရှာရ မလိုလို။

စေတနာတွေ ရေလာ
သေချာတော့မလိုလို။

မျက်ရည်အတုတွေ ချွေပြ
သေရတော့မလိုလို။

အပြုံးတုတွေ ရွာချ
ငါရတော့မလိုလို။


မှတ်ချက်။
ရေးစရာတွေ ခေါင်းထဲ မပေါ်လာလို့ လက်ချောင်းကျရာ ရေးလိုက်ခြင်းဘဲဖြစ်၏။

1 comment:

အောင်မြေ said...

လက်ချောင်းလေးတွေနဲ့ ရေးတဲ့ ကဗျာ လာဖတ်ပါတယ်။ တကယ့်ခံစားချက်နဲ့ဆို
ဘယ်လိုနေမလဲ ရေးပါအုန်းနောက်တစ်ပုဒ်