

အချစ် ဆိုတာ
ကိုယ့်အတွက်
အာဟာရပြည့်စေတဲ့
သစ်သီးတစ်လုံးနဲ့တူတယ်။
ကိုယ့်အနီးနားမရှိပေမဲ့
ရင်ထဲမှာမင်းရှိနေခြင်းက
ကိုယ့်အတွက်
ထာဝရသီးနေတဲ့
အချစ်သစ်ပင်ရိပ်အောက်
ချစ်တဲ့အချစ်သီးတွေ
သီးနေခြင်းနဲ့တူတယ်။
ပမာပြောရရင်
ဆားတွေအရည်ပျော်ကျသွားလို့
ဆားပွင့်လေးတွေမရှိတော့ပေမဲ့
ဆားအရသာကတော့
မပျောက်မပျက်
ကျန်ရှိနေသလိုမျိုးပေါ့။
တစ်ခါမှာ တစ်ဘဝ
တစ်ဘ၀မှာ တစ်ခါသာ
စွဲစွဲမြဲမြဲ ရူးတတ်တဲ့
ဒီလောကီဘုံသားတွေရဲ့ 
သမုဒယနှောင်ကြိုး
တိုးတိုးလို့ ရစ်ပတ်
ဖြတ်ပစ်ဖို့ ခက်လှချည့်။
No comments:
Post a Comment