Thursday 1 January 2009

နှစ်သစ်လေးနဲ့ကခုန်ခြင်း

ညဥ့်နက်နက် မဟူရာဝတ်ရုံလွှာအောက်
Big Bang ရဲ့  အချက်ပေးသံနောက်မှာ
မီးရှူးမီးပန်းတွေ ဒေါသူပုန်ထပြီး
London Eye ရဲ့  ပေါက်ကွဲသံစဉ်တွေနဲ့
Happy New Year ဥဒါန်းကျူးရင့်ရင်း
လန်ဒန်ရဲ့ နှစ်သစ်ကို စခဲ့တယ်။

လူခြေတိတ်ချိန်
တိတ်တိတ်လေးရောက်လာတတ်တဲ့
နှစ်သစ်အစကို
နေရောင်ခြည်လေးသိခွင့်မရလိုက်သလို
ငှက်ကလေးတွေလဲ တေးသီပြီး
မကြိုဆိုလိုက်ကြရရှာဘူး။

အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူတွေ
အမြင်မခံချင်လို့
တိတ်ဆိတ်စွာ ခြေဖွပြီး လာခဲ့တဲ့ နှစ်သစ်ကလေးကို
ကောက်ကျစ်ရက်စက်စွာ စုရုံးပြီး
မာယာတွေနဲ့ မလွတ်တမ်း
အမိဖမ်းခဲ့ကြတယ်။

၂၀၀၉ မနက်ပိုင်းမှာ
တိမ်တောင်တွေ အထပ်ထပ်မိုးကာထားတဲ့
လန်ဒန်ရွာလေးတစ်နေရာက ကျနော်ဟာ
မခို့တရို့  လျံကျလာမဲ့ နေရောင်ခြည်လေးကို
မျှော်ကိုးမှန်းဆ တမ်းတရင်း
အရွယ်အနည်းငယ် ကြီးရင့်လာတဲ့
နှစ်သစ်သမီးပျိုလေးနဲ့အတူ
လောက စတိတ်ခုံပေါ်မှာ
အတူကခုန်မိခဲ့တယ်။

1 comment:

Anonymous said...

Hello just wanted to give you a quick heads up.
The text in your content seem to be running off the screen in Ie.
I'm not sure if this is a formatting issue or something to do with internet browser compatibility but I figured I'd post to let you know.
The layout look great though! Hope you get the issue fixed soon.
Cheers

Also visit my webpage; arion