Sunday 18 January 2009

မှန်တာ မမှန်တာ

မှန်တာ မမှန်တာကို
ဟန်ပါပါ ဝေဖန်ပြရရင်.....

မှန်တာတွေ
မှန်နေသေးသရွေ့ တော့
ကံတွေ ဥာဏ်တွေ အမှန်ကောင်းကြပေါ့။

မှန်တာတွေ
မမှန်တော့ဘူးဆိုရင်
ဒဏ်ရာတွေနဲ့ စိတ်အစဉ်။

မမှန်တာတွေ
မှန်နေသေးရင်လဲ
ကံအတော်ကောင်းသေးမြဲ။

မမှန်တာတွေ
မမှန်တော့ဘူးရင်တော့
ဒဏ်ရာတွေနဲ့ တူတူပုန်းတမ်းကစား
နေ့လား ညလား
သတိထား။

1 comment:

Anonymous said...

ကိုကိုမောင်
မှန်တာတွေမမှန်တော့ဘူးဆိုရင် တကယ်သတိထားရတော့ မယ်နော် (ထောက်ပြတာမဟုတ်ဘူးနော်) ဒါလောကကြီးမှာဖြစ်လေ့ဖြစ်ထရှိတာပါ. အမြဲတမ်းတော့ မမှန်နိုင်ဘူးပေါ့နော် ပြောင်းလဲမှုတော့ရှိစမြဲပါ
ပျော်ရွင်ပါစေ.