Saturday 10 January 2009

အမေများနေ့ရဲ့ အမေ

အမေများနေ့မှာ
နှင်းပွင့်ဝတ်ရည်လေးတွေ
လန်ဒန်တစ်မြို့ လုံး ဖွေးဖွေးဖြူလို့
ကောင်းကင်မိခင်ကြီးက
နှင်းပွင့်နို့ရည်လေးတွေ
မျှဝေပေးတယ်ထင်ရဲ့ ။

အမေမရှိတော့ပေမဲ့
အမေများနေ့ကိုတော့
အမေတွေအားလုံးအတွက်
အမေတွေဆက်လက်ခရီးဆက်ဖို့
အမေ့ကို တမ်းတနေမိတယ်။

အမေမရှိခဲ့ဖူးဆိုရင်
ဘုရားလဲ မရှိနိုင်
ဂျီးဇပ်ခရိုက်လဲ မရှိနိုင်
မိုဟာမက်လဲ မရှိနိုင်
မဟာဝီရလဲ မရှိနိုင်
စကြာဝတေးမင်းလဲ မရှိနိုင်
ဘုရှ်လဲ မရှိနိုင်
ဗိုလ်ချုပ်လဲ မရှိနိုင်။

အမေမရှိခဲ့ရင်
လူတွေလဲ မရှိနိုင်
ငှက်တွေလဲ မရှိနိုင်
ငါးတွေလဲ မရှိနိုင်
လောကကြီးလဲမရှိနိုင်
သက်ရှိ သက်မဲ့ အားလုံး ဘာတစ်ခုမှ မရှိနိုင်။

အမေသည်သာ
လောကကြီးရဲ့  ဖန်တီးရှင်
လောကကြီးရဲ့  ကျေးဇူးရှင်
လောကကြီးရဲ့  ကယ်တင်ရှင်
ကုန်ကုန်ပြောရရင်
အမေသည်သာ
လောကကြီးရဲ့  အမေအစစ်ပါဘဲ။


2 comments:

WWKM said...

အမေကဗျာလေးလာဖတ်သွားပါတယ်.
အမေ့ကျေးဇူးသိတတ်တဲ့ သားလိမ္မာလေး ကျန်မာပါစေ.

လင်းဦး(စိတ်ပညာ) said...

အမေ့အတွက် စပ်ထားတာ တော်တော်လေးကို ကောင်းပါတယ်။