Sunday 8 March 2009

ချစ်လွန်းလို့....


မင်းလေးရဲ့ အချစ်ဟာ
ပြင်းထန်တဲ့ အဆိပ်တစ်ခွက်ဖြစ်ပါစေ
ကော်ဖီတစ်ခွက်လို
စွဲမက်စွာ သောက်သုံးပါ့မယ်။

မင်လေးရဲ့ သံယောဇဉ်ဟာ
ငရဲမီးတောင်တန်းတွေဖြစ်ပါစေ
Trekking ခရီးလို
ရူးသွပ်စွာ တက်ရောက်ဖြတ်ကျော်ပါ့မယ်။

မင်လေးရဲ့ မေတ္တာဟာ
သံလျက်ပင်လယ်ပြင်ဖြစ်ပါစေ
Voyage ရွက်လွင့်သလို
ရဲရင့်စွာ လက်ပစ်ကူးပါ့မယ်။

ဒါပေမဲ့.......

ကို့ရဲ့  အချစ်တွေဟာ
အဆိပ်တစ်ခွက်ဖြစ်ခဲ့ရင်
မင်းလေးကို မတိုက်ရက်ပါဘူး။

ကို့ရဲ့  သံယောဇဉ်တွေဟာ
ငရဲမီးတောင်တွေဖြစ်ခဲ့ရင်
မင်းလေးကို ဖြတ်သန်းခွင့်မပေးရက်ပါဘူး။

ကို့ရဲ့  မေတ္တာတွေဟာ
သံလျက်ပင်လယ်ဖြစ်ခဲ့ရင်
မင်းလေးကို မကူးခတ်စေရက်ပါဘူး။

အဲဒါ...
မင်းလေးကို ချစ်လွန်းလို့။ ။


2 comments:

ထင်လင်းအောင် said...

ကို့ရဲ့  သံယောဇဉ်တွေဟာ
ငရဲမီးတောင်တွေဖြစ်ခဲ့ရင်
မင်းလေးကို ဖြတ်သန်းခွင့်မပေးရက်ပါဘူး။ဆိုပါလားဗျာ...
တော်တော် လေးကို အတုယူလေးစားလောက်တဲ့
မေတ္တာတွေပါလားအကို.....

Anonymous said...

ကဗျာလေးကကောင်းတယ် ကိုကိုမောင်... ရေးတဲ့ကဗျာလေးတွေက လာလာတိုက်ဆိုင်နေတယ်..