Tuesday 24 March 2009

ထင်ကျန်ရစ်စေ

အချစ်ကလေးတွေ ရင်ခံ

ပြည့်အန်တော့ မျက်ရည်ဖြစ်တယ်။


အချစ်ကလေးတွေ လေခံ

ပွင့်အန်တော့ ရန်ဖြစ်တယ်။


ဆန္ဒတွေ ပြည့်လျံ

အပွေ့သန်တော့ ၀မ်းသာလှတယ်။


အနမ်းငယ် သင်းပြန်

နှင်းကန်လေသွေးတော့ ရနံ့မွှေးတယ်။


ချစ်သူရယ်

သံယောဇဉ်ကြိုးမျှင်ချည်

မင်းဆီနှောင်တွယ်ရစ်တော့

ချစ်ခြင်းတစ်စုံသာ ထင်ကျန်ရစ်စေ။


....

1 comment:

Anonymous said...

ကိုကိုမောင် ကဗျာလေးကို ဖတ်ပြီး တကယ်ကို ထင်ကျန်ခဲ့ပါတယ်ရှင် ကောင်းလိုက်တာ..