Wednesday 18 March 2009

ရန်ကုန်+လန်ဒန် ကွဲပြားမှုအချို့ 

ရန်ကုန်မြို့ထဲမှာ ကြွက်ခေါင်းပေါင်းများစွာရှိသည်။
လန်ဒန်မြို့ထဲမှာ မြေအောက်ရထားလမ်းပေါင်းများစွာရှိသည်။

ရန်ကုန်မှာ အဆောက်အဦးအသစ်ကို ကြိုက်သည်။
လန်ဒန်မှာ အဆောက်အဦးဟောင်းလေကောင်းလေဖြစ်သည်။

ရန်ကုန်မှာ နွေရာသီသစ်ရွက်ကြွေသည်။
လန်ဒန်မှာ ဆောင်းရာသီ သစ်ရွက်ကြွေသည်။

ရန်ကုန်မှာ ကိုယ့်မိန်းမ သူများနှင့်စကားပြောနေရင်မကြိုက်။
လန်ဒန်မှာ ကိုယ့်မိန်းမကို သူများ ကစ်(စ်)ပေးနေတာ အထူးအဆန်းမဟုတ်တော့။

ရန်ကုန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် အမြန်မောင်းပြေးကြ၏။
လန်ဒန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် ရပ်ပေးကြ၏။

ရန်ကုန်ဘတ်စ်ကားပေါ်မှာ သံဃာတော်များအတွက်သာဟုရေးထားသော ထိုင်ခုံရှိ၏။
လန်ဒန်ဘတ်စ်ကားပေါ်မှာ အိုမင်းမသန်မစွမ်းသူများကို ဦးစားပေးပါ ဟုရေးထားသော ထိုင်ခုံရှိ၏။

ရန်ကုန်ဘတ်စ်ကားများ ညနေ ၆ နာရီကျော်ရင် ကြားကားများဖြစ်သွားကြ၏။
လန်ဒန်ဘတ်စ်ကားများ ၂၄ နာရီပတ်လုံးပြေးဆွဲကြ၏။

ရန်ကုန်မှာ နွေရာသီအပူလွန်၍ သစ်ပင်များသေကြ၏။
လန်ဒန်မှာ ဆောင်းရာသီအအေးလွန်၍ သစ်ပင်များသေကြ၏။

ရန်ကုန်မှာ ကလေးများများမွေးလေ ပိုက်ဆံများများကုန်လေဖြစ်၏။
လန်ဒန်မှာ ကလေးများများမွေးလေ ထောက်ပံ့ကြေး များများရလေဖြစ်၏။

ရန်ကုန်မှာ အိမ်သာသုံးပြီးလျင် ရေသုံးလေ့ရှိကြ၏။
လန်ဒန်မှာ အိမ်သာသုံးပြီးလျင် တစ်ရှူးသုံးလေ့ရှိကြ၏။

ရန်ကုန်မှာ Air-con ကို သုံးကြ၏။
လန်ဒန်မှာ Heater ကို သုံးကြ၏။

ရန်ကုန်မှာ နွေ မိုး ဆောင်းဟူ၍ ရာသီဥတု သုံးမျိုးရှိ၏။
လန်ဒန်မှာ နွေဦး နွေ ဆောင်းဦး ဆောင်းဟူ၍ ရာသီဥတု လေးမျိုးရှိ၏။

ရန်ကုန်မြို့မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် ယောက်ျားလေးများဖြစ်ကြ၏။
လန်ဒန်မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် မိန်းခလေးများဖြစ်ကြ၏။

ရန်ကုန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ရွှေလင်ပန်းနှင့်အချင်းဆေး မင်းမွေးတဲ့သမီးလို့ ပြောလေ့ရှိ၏။
လန်ဒန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ငွေဇွန်းကိုက်ပြီး မွေးလာသလားအောက်မေ့ရတယ် လို့ ပြောလေ့ရှိ၏။
(ဘုရင်မကြီးကိုယ်တိုင် ငွေထည်ပစ္စည်းကို တန်ဖိုးထား၏)


မှတ်ချက်။
ကွဲပြားမှုများစွာကျန်ရှိနေဦးမည်မှာ သေချာသည်။

....

4 comments:

Anonymous said...

အများကြီးကျန်သေးအုံးမှာနော် ကိုကိုမောင် သတိရတာတော့ မြန်မာမှာ အိမ်လည်သွားရင်ကြိုပြောစရာမလိုဘူး ထမင်းပါဝင်စားလိုက်လို့ရတယ် လန်ဒန်မှာတော့ ရမယ် မထင်ဘူး (မြန်မာအချင်း၂တော့) ရမှာပါနော်. ဟီး

Welcome said...

အသွင်မတူတာတော့ အမှန်ပါပဲ ..
ရှိသေးရင် ထပ်ရှယ်ပေးပါ ..

မသက်ဇင် said...

မှတ်သားသွားပါသည်။
ပျော်ရွှင်ပါစေ---

ထင်လင်းအောင် said...

ကွဲပြားမှုလေးတွေစိတ်ဝင်တစားဖတ်သွားတယ်ဗျ..