Sunday 27 September 2009

အဲဒါ... မန်ယူ


အစမကောင်း၊ ခဏပြောင်းလဲ၊

အကြောင်းသိမို့၊ စိတ်မချိဘူး၊

သူ၏လမ်းကြောင်း၊ သူမပြောင်းဘဲ၊

ထောင်းထောင်းညက်ညက်၊ ကျော်ကာတက်၍၊

ဘ၀ဂ်တိုင်ညံ၊ ကြွေးကြော်သံနှင့်၊

ချန်ပီယံတေး၊ ဟစ်ခါကြွေးပြီး၊

တစ်လေးတစ်စား၊ အရေးထားဖို့

ဇယားထိပ်မှာ၊ နေမြဲရာသည်၊

သူသည် မန်ယူ၊ ဖြစ်သောဟူ၏။ ။


...

1 comment:

မိုးစက်အိမ် said...

လောလောဆယ်တော. ဇယားထိပ်ကို ဆွဲထားတယ် အစ်ကိုရေ :)