Monday 14 September 2009

သံစဉ်လေးတွေ ပြန်ညှိရအောင်


လောလောလတ်လတ်
သံစဉ်တွေ ချို့ တဲ့နေတယ်။


ပိတောက်တွေ ဆိတ်သုဉ်းတဲ့ ဆည်းဆာမှာ
ဧရာမလွေးပွဲတွေရှိလဲ
ကို့ရဲ့  လျာက ယောက်ချိုတစ်လက်မျှသာ။


ကော်ဖီခါးခါးမျိုရင်း စဉ်းစားမိတယ်
ပြတ်ရှရှဝိုင်တစ်ခွက်ဆိုရင်
ဒွေးမယ်နော်ကဇာတ်ကို မေ့ထားလို့ရတယ်
ပစ္စုပ္ပန်က ခါးသီးလွန်းလို့။


မက်ခဲ့တဲ့ ရွှေဝါရောင် အိပ်မက်က
တစ်စစီကြေမွသွားဖို့မဟုတ်ဘူး
တောင်ပံတွေဖြန့်ချီရင်း
နိဗ္ဗာန်ကို လက်လှမ်းနေဆဲဘဲ။


ပိတောက်တွေ မသုဉ်းပါနဲ့
ချိနဲ့နေတဲ့ ငါ့ခြေလှမ်းတွေ
မင်းရဲ့ သင်းရနံ့နဲ့မှ
သြဇာအဆီ တက်မှာမို့ပါ။။

...

6 comments:

ခြေလှမ်းသစ် said...

မင်းရှိရင် အားတွေအလိုလို ပြည့်ကုန်လို့လားဗျ .. ကြိုးစားပြီး ဖတ်သွားပါတယ် ကိုယ့်အယူအဆနဲ့ ကို မှတ်ယူသွားပါတယ် ..

flowerpoem said...

သယ်ရင်းအဆီတွေတက်ပြီး အဆင်ပြေပါစေ :P

နှင်းဟေမာ said...

ကဗျာလေး လာရောက်ခံစားသွားပါတယ်နော်....။
နှင်းဟေမာ

ဂျေဂျူဝိုင် said...

ဖတ်သွားပါတယ်။ သိပ်ကောင်းပါတယ်

မိုးစက်အိမ် said...

ကဗျာရေးတာတွေ အရင်က ထက်ပိုပို ကောင်းလာတယ်
အကိုရေ ... အားပေးနေတယ်ဗျာ ...

ထင်လင်းအောင် said...

မက်ခဲ့တဲ့ ရွှေဝါရောင် အိပ်မက်က
တစ်စစီကြေမွသွားဖို့မဟုတ်ဘူး
တောင်ပံတွေဖြန့်ချီရင်း
နိဗ္ဗာန်ကို လက်လှမ်းနေဆဲဘဲ။

******
ဒီကဗျာစကားလုံးလေးတွေက တော်တော်လေးအားပါတယ်..အကို....
အားဆေးယူသွားတယ်... ;D