Wednesday 23 September 2009

ဘလော့ဂါကျင့်ထုံး တေးထပ် (ပို့စ်တ်အပုဒ် ၄၀၀ပြည့် အမှတ်တရ)


ဘလော့ဂ်ကို ရမ်းကာပြု..... ချမ်းသာမှု လိုက်လို့ရှာ၊

မှန်းကာခု ရေးသည်မှာ..... ပုဒ်လေးရာ ပြည့်နှုံး၊

နည်းပေါင်းစုံ ရေးစမ်းပါသည်..... ပရမ်းပတာ ဖြစ်နေသည့်ထုံး၊

ကမ္ဘာတစ်ဝှန်း အိမ်တွေကို..... မိတ်ဆွေလို မှတ်တုန်း၊

ကိုကိုမောင် တကယ်ရှုံးပါဘူ့..... အပြုံးနဲ့ ကြုံလာ၊

ပညာရှာဖွေခိုက်မို့... လူမိုက်လို့ မမှတ်ကြရာ၊

လန်ဒန်တက္ကသီလာကို... အခါခါ သွားမှာမို့၊

နားလည်ဖို့ ဖော်သဟာ..... တောင်းပန်လျက်ပါ၊

သူ့အိမ်သွား(မှ) ကိုယ့်အိမ်လာသည်.... ဘလော့ဂါ ကျင့်ထုံးထင့်လေး။

သူ့အိမ်နှင့်ကွာဝေးလျှင်..... နားလည်ပေးကြပါကွဲ့လေး။

ကိုကိုမောင့် အခြေနေကို..... ချစ်ကျွမ်းဆွေ သိဦးကွဲ့လေး။ ။


...

9 comments:

Anonymous said...

400
တောင် ၇ှိပီ..

မမောသေးဘူးလားးး


မိုးဒေဝီ နတ်သမီးလေးးး

နှင်းနဲ့မာယာ said...

အဲဗျ ပို့စ် ၄၀၀ တောင်ရှိပီပေါ့...
ဘလော့ဂါကျင့်ထုံးလေး ဖတ်လို့ကောင်းတယ်...
ပေါ့ပေါ့ပါးပါး ကဗျာလေးတွေ
စာလေးတွေအမြဲရေးနိုင်ပါစေနော်...

နှင်း

သီဟသစ် said...

Congratulations ပါဗျာ

၄၀၀ မှသည် ပို့စ်ပေါင်းများစွာ ဆက်လက်ချီတက်ရေးသားနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

လင်းကြယ်ဖြူ said...

လေးရာမြောက် ရောက်လာပြန်...နောက်တစ်ဖန် ဆက်ကာဆွဲ
တက်လာဆဲ စာရေးဟန်.အကြံတော် ပြောင်ကာမြောက်
အောင်ပါလျှောက်လို့ ဆုချွေ..ခုနေ လေးရာ မှ နောက်
ရောက်ပါစေ အောင်ခြင်းဖွဲ့..ဆောင်နှင်းမယ့် ထောင်သောင်း
အကြောင်းဖန် တကယ်စွမ်း..အောင်ပန်းတို့ မွှေး..။ ။

ပျော်ပါစေ ...

khun said...

Congratulations !
၄၀၀တောင်ရှိုပြီ.........
ဒိထက်ပိုပြီးရေးနိုင်ပါစေ။
အိမ်တွေလည်းပိုလည်နိုင်ပါစေ။

ကိုကိုမောင်နဲ့ကိုလင်းကြယ်ဖြူကရှေ့သွား
နောက်လိုက်ညီတယ်နော့။

ဆန္ဒတွေပြည့်ဝပါစေ။

flowerpoem said...

400 တောင်ရှိပြီနော် အများကြီးပဲ
သယ်ရင်း ဒီ့ထက်မကပို့စ်တွေအများကြီးရေးနိုင်ပါစေရှင်..

ကိုရင်နော်ခင်လေးငယ် said...

အစ်ကိုရေ..
ကဗျာလေးက ခုခေတ်မြင်ရခဲသွားတဲ့ ပုံစံမို့ ဖတ်ရတာ အရသာ တွေ့မိတယ်..

ပိုစ့် ၄၀၀ အတွက် ဂုဏ်ယူမိပါကြောင်း..

သူ့အိမ်သွား(မှ) ကိုယ့်အိမ်လာသည်.... ဘလော့ဂါ ကျင့်ထုံးထင့်လေး.. ဆိုတာလေးကိုတော့ ပြုံးမိတယ်..း)

မီရှယ်လေးရဲ့ ဘဝစာမျက်နှာ အကြောင်း Forward Mail မှာ ဖတ်ရလို့ လိုက်လာတာပါ..

လင့်ထားပါရစေနော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကြယ်ပြာ said...

လေးရာတောင်ပြည့်သွားပြီ .....း)

နောက်ထပ်ထောင်သောင်းချီရေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ....

သူကြီးမင်း (တုံးဖလား) said...

ကိုရင်နော် ခင်လေးငယ်ရေ..
ကျနော်ကတော့ ခွင့်မတောင်းဘဲ လင့်ခ်ထားတာကြာရောပေါ့။

ကျနော့်ကိုလဲ လင့်ပါဗျာ။ ခွင့်တောင်းဖို့မလိုပါဘူး။ များများလင့်ခ်တဲ့သူရှိလေ ပိုပိုဝမ်းသာလေဘဲလေ။
ဘလော့ဂါတိုင်း ဒီလိုဘဲမဟုတ်လား။

ပျော်ရွှင်ကြည်နူးကြပါစေ။