Thursday 12 March 2009

ချစ်ခရီး

ချစ်သူရဲ့ 
ကြမ်းတမ်းတဲ့ ချိန်းခြောက်သံကို ကိုယ်မကြောက်ဘူး
ဒါပေမဲ့....
နူးညံ့တဲ့ လမ်းခွဲစကားကိုတော့ ကိုယ်လန့်တယ်။

ချစ်သူကြိုဆိုနေမဲ့ မိုင်းပေါင်းအသင်္ချေခရီးဟာ
ကိုယ့်အတွက် မောပန်းစေမှာ မဟုတ်ဘူး
ဒါပေမဲ့....
ချစ်သူနှင်လို့ ထွက်ခွါလာရမဲ့ ခြေတစ်လှမ်းကတော့
ကိုယ့်အားအင်တွေ ဆုတ်ယုတ်စေမှာ သေချာတယ်။

ချစ်သူရဲ့  မုန်းတီးစွာ ဆဲဆိုမဲ့စကားကို ကိုယ် ဂရုမစိုက်ဘူး
ဒါပေမဲ့....
ကြင်နာစွာ ငြင်းဆန်မဲ့စကားကိုတော့ ပူပန်တယ်။

အမုန်းကို မလိုချင်ဘူး
အပြုံးကိုဘဲ လိုချင်တယ်။

အပြစ်တွေ မလိုချင်ဘူး
အချစ်ကိုဘဲ လိုချင်တယ်။

ဝေးသွားမှာ မလိုချင်ဘူး
ထွေးထားတာဘဲ လိုချင်တယ်။

အပူတွေကို မလိုလားဘူး
အတူနေဖို့ဘဲ တမ်းတတယ်။

အပြုံးအိမ်ထဲမှာ အချစ်ကိုအခန်းဖွဲ့
ကဲ့ရဲ့ စကားတွေကို ဥပေက္ခာပြု
ယုယမှု ကုဋေကုဋာနှင့် ထွေးဖက်ထားပြီး
အတားအဆီးမှန်သမျှ တွန်းလှန်
ဂျွန်းပြန်လောက်တဲ့ ဘ၀(အချစ်)ခရီး
ရဲရဲကြီး အတူလျောက်ကြစို့။



2 comments:

Anonymous said...

ချစ်သူနဲ့ဘ၀ခရီးကို ပျော်ရွင်စွာလျောက်လှမ်းနိုင်ပါစေ...

ထင်လင်းအောင် said...

ချစ်သူရဲ့ 
ကြမ်းတမ်းတဲ့ ချိန်းခြောက်သံကို ကိုယ်မကြောက်ဘူး
ဒါပေမဲ့....
နူးညံ့တဲ့ လမ်းခွဲကို စကားကိုတော့ ကိုယ်လန့်တယ်။

********
မှန်တယ်အကိုရေ...ကျနော်လည်းအဲလိုပဲ...ဗျ...
ခံစားချက်လေးကောင်းတယ်...