Sunday 8 March 2009

ကဗျာဆိုတာ....

ကျနော်ကဗျာလေးတွေ ကြိုစားရေးတယ်
ချစ်သူက ကျနော့်ကဗျာလေးတွေဖတ်ပြီး
သံသယတွေများလာတယ်။

ကဗျာလေးတွေကို ချစ်တဲ့ ချစ်သူဟာ
ကဗျာလေးတွေကို ကြည့်ရင်း
ယုံကြည်မှုအားနည်းလာတာ ကျနော်နားမလည်နိုင်ဘူး။

ကဗျာဆိုတာ ရင်ခေါင်းထဲကချည်း ထွက်ပေါ်လာတာမဟုတ်ပါဘူး
ဦးဏှောက်နှင့်အတွေ့အကြုံအရလဲ ထွက်ပေါ်လာတတ်တာဘဲလေ
ပြီးတော့ သူများကိုယ်စား ၀င်ခံစားကြည့်ရင်းလဲ ကဗျာတစ်ပုဒ်ဖြစ်သွားတတ်တာပါဘဲ။

အချစ်မရှိရင် ကဗျာမဖြစ်နိုင်ပါဘူးဆိုတဲ့ အဘိဓာန်ဟာ
ဟိုး.. ဘီစီထောင်ပေါင်းများစွာ နောက်မှာ
မှုန်ဝါးဝါးကျန်ရစ်ခဲ့ပါပြီ။

ဒါကြောင့်.....
ကဗျာရဲ့  ဒဿနကို ဒီလိုလေး ကျနော် ပြောကြည့်လိုက်တယ်။


ကဗျာဆိုတာ...........
တစ်ခါတစ်ရံမှာ ဘဝ
အခန့်မသင့်တဲ့အခါ ဒေါသ
ရံဖန်ရံခါ ခံစားမှု
တစ်ခါတစ်လေ အချစ်
တစ်ကြိမ်ကြိမ်မှာတော့ ကြည်နူးမှု
တစ်ကွေ့ကွေ့မှာတော့ ကြေကွဲမှု
တစ်နေရာရာမှာတော့ ကျေနပ်မှု

တစ်ခါတစ်ခါ ကျပြန်တော့လဲ
ကဗျာဟာ ကဗျာပါဘဲ။



3 comments:

ထင်လင်းအောင် said...

ကဗျာဆိုတဲ့ ဖွင့်ဆိုချက်လေး မှန်လိုက်တာဗျာ...
အကိုရေးတဲ့ ကဗျာလေးတွေကြိုက်တယ်....
ကျနော့်ကိုအားပေးသွားလို့ကျေးဇူး....

viper said...

အကိုကျွန်တော်လိုအပ်ချက်ကြောင့် အကိုဒီကဗျာလေးကို ကူးယူသွားပါတယ် ... စာတွေ ဆက်ရေးပါဥိးအကို အားပေးလျှက်ပါ ..

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်ကဲ့ပါ ညီ။ ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးနော်။ အချိန်အားရင်တော့ စာတွေ ဆက်ရေးနေဦးမှာပါ။

ပျော်ရွှင် ကြည်နူးနိုင်ပါစေ။