Saturday 30 May 2009

သီတဂူဆရာတော် ဆည်းဆာတရားပွဲ (လန်ဒန်)










ဒီနေ့
၁၃၇၁၊ခုနှစ် နယုန်လဆန်း ၇ ရက် (၃၀၊၅၊၀၉) စနေနေ့။

ဒီနေ့ဟာ လန်ဒန်ရှိမြန်မာလူထုတွေအတွက်တော့ ထူးထူးခြားခြားနေ့တစ်နေ့ပါဘဲ။ ရတောင့်ရခဲ အခွင့်အရေးတစ်ခုကို ရရှိလိုက်တဲ့နေ့ဆိုလဲ မမှားပါဘူး။ မြန်မာဗုဒ္ဓဘာသာမှန်ရင် မသိသူမရှိတဲ့ လူသားတွေကောင်းကျိုးကိုသာ ရှေ့ ရှုပြီး လုပ်ဆောင်နေတဲ့ မောပန်းမှုတွေကို ဂရုမစိုက်ဘဲ ကရုဏာတရားတွေနဲ့အင်အားသစ်လောင်းပြီး အများအတွက်အလုပ်လုပ်နေတဲ့ ဆရာတော်တစ်ပါး လန်ဒန်ကို ဒီနေ့ကြွရောက်လာပါတယ်။ ပြင်သစ် ဆွစ်ဇာလန် ဘယ်ဂျီယံ ဂျာမနီ နော်ဝေနိုင်ငံတို့မှတစ်ဆင့် ကြွလာခဲ့တာပါ။

ထိုဆရာတော်ကတော့
ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော် အရှင်ဥာဏိဿရဘဲဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းလောက်ကမှ လန်ဒန်ကို ကြွရောက်ခဲ့ပါတယ်။ ညနေ ၇ နာရီခွဲကျော်ကျော်မှာ တရားပွဲစလေပြီ။ မောပန်းလာပေမဲ့ ဆရာတော် မညီးညူပါဘူး။ လန်ဒန်ရောက် ရွှေမြန်မာတွေ မျှော်လင့်စောင့်စားနေတဲ့ တရားအရသာကို အားကြိုးမာန်တက် သွန်ချပေးတော်မူပါတယ်။ သာသနာအတွက် လူသားအားလုံးအတွက် အလွန်အားကိုးရပြီး အလွန် ကြည်ညိုစရာကောင်းပါတယ်။

တရားဟောကြားရာနေရာကတော့ လန်ဒန်မြို့ ဟောင်းစလိုးအရပ်ရှိ မဟာသန္တိသုခဘုန်းတော်ကြီး ကျောင်းတော်မှာ ဖြစ်ပါတယ်။ တရားအသံတော်နှင့်ဗီစီဒီထဲမှာသာ ကြားနာဖူး တွေ့မြင်ဖူးခဲ့တဲ့ ဆရာတော်ကို ကိုယ်တိုင် အနီးကပ်ဖူးတွေ့ခွင့်ရရှိလို့ အားလုံး အလွန်အားရ၀မ်းသာ ကြည်နူးဖွယ်ဖြစ်ကြရပါတယ်။

ဆရာတော်ဟာ အင်္ဂလန်မှာ တစ်ပတ်ခန့်သီးတင်းသုံးနေထိုင်တော်မူပါမယ်။ လာမဲ့ သောကြာနေ့မှာ အင်္ဂလန်ကနေ ပြန်ကြွမယ်လို့လဲ သိရပါတယ်။

ကြည်နူးသင်းပျံ့  ဓမ္မရနံ့တို့နှင့် ပြည့်နှက်နေတဲ့ မဟာသန္တိသုခကျောင်းရှိ သီတဂူဆရာတော်ရဲ့  ညနေဆည်းဆာ တရားပွဲလေးဟာ လန်ဒန်ရှိ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာတစ်ပါးဘဲ ဖြစ်ပါတော့တယ်။

.....
ဆရာတော် လန်ဒန်မှာ ဟောခဲ့တဲ့တရားရဲ့  အသံဖိုင်လေးပါ တင်ပေးလိုက်ပါတယ်။ Click လုပ်ပြီး တရားနာယုံလေးပါဘဲ။ မက်မက်ရေ.. အသံဖိုင်တင်နည်းလေးပြောပြပေးတဲ့အတွက် ကျေးဇူးနော်။

30.5.09..Sitagu Sayadaw's Dhamma talk at Santisukhavihara, London~2.wma -

8 comments:

မိုးစက်အိမ် said...

ကျေးဇူးပဲအကိုရေ...ခုလိုပုံလေးတွေပါကြည်.ရလို.

မြစ်ကျိုးအင်း said...

ကုသိုလ်ကောင်းပါပေတယ်...။

မသက်ဇင် said...

ကိုကိုမောင်ရေ
ပုံတွေကြည့်ပြီးဆရာတော်ကို
ကန်တော့လိုက်ပါတယ်
ခင်မင်လျက်

မသက်ဇင် said...

ကိုကိုမောင်
နောက်ထပ် တရားလာနာတယ်နော်
ပျော်ရွှင်ပါစေ

ဂျူနို said...

ကျေးဇူးတင်ပါတယ်။
ဆရာတော်နဲ့ အမြန်ဆက်သွယ်လိုပါတယ်။
ဆက်သွယ်နိုင်တဲ့ အီးမေး ဖုန်းနံပါတ် သိလျှင် မစပါ။


မအယ်ဇီ

ကဗျာဦး said...

ကြည်ညိုသွားပါတယ်
မအားဘူးလား
အလုပ်များနေလား

Min Myat Soe said...

တရားလာနာသွားပါတယ် အစ်ကို

WWKM said...

သီတဂူဆရာတော်ကြီးကို ဖူးသွားပါတယ်.
ကျေးဇူးတင်ပါတယ် ကိုကိုမောင်ရေ.