Friday 1 May 2009

ပန်းများပွင့်လန်းစေသတည်း

ကျွန်ုပ်၏ ပရိုဖိုင်ထဲ၌ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုရေးထား၏။ ၄င်းစာသားလေးကို ကိုင်စွဲပြီး အမျိုးသမီးဘလော့ဂါတစ်ယောက်က သူ၏ အကြံပေးမှုကို ကျွန်ုပ်၏ တုန့်ပြန်ရေးသားမှုအတွက် ပစ်ပစ်ခါခါ ဝေဖန်၏။ ရှေ့ စကားနှင့် နောက်စကားမညီဟုဆို၏။ သူ၏ အယူအဆသည် သူ့အတွက် အမှန်ဖြစ်ကောင်းဖြစ်နိုင်၏။ အမှားလည်းဖြစ်ကောင်းဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ရေနစ်နေသည့်သူသည် တစ်စုံတစ်ခုဆွဲကိုင်စရာမရှိလျင် မြက်ပင်သေးသေးလေးကိုပင် အားမကိုးရမှန်းသိသည့်တိုင် ဆွဲကိုင်တတ်သောကြောင့်တည်း။

ကျွန်ုပ်၏ ပရိုင်ဖိုင်သည် ရှင်းလင်း၏။ သိသာထင်ရှား၏။ ရှုပ်ရှုပ်ထွေးထွေးမရှိ။ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုသာ ရေးသားထား၏။ အကြံဆိုးများကို ကြိုဆိုပါသည်ဟု မရေးထား။ အဆိုးသည် အကောင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။ အမဲသည် အဖြူ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အဖြူလိုချင်သည့်သူသည် အမဲကို လုံးဝနှစ်သက်မည်မဟုတ်။

အကြံဆိုးများကိုပေးသာ ဒေ၀ဒတ်လောင်း လှည်းကုန်သည်ခေါင်းဆောင်ကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမား ငါးရာလုံး ဘီလူးစားခြင်းကို ခံခဲ့ရဖူးလေပြီ။ အကြံကောင်း ဥာဏ်ကောင်းများကို ပေးသနားသော ဘုရားအလောင်း လှည်းကုန်သည်ခေါင်းဆောင်၏ကျေးဇူးကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမားငါးရာ အသက်ချမ်းသာရာရခဲ့ကြပြီး စည်းစိမ်ဥစ္စာ များစွာ ရရှိခဲ့ကြဖူးလေပြီ။
..............

"ဘုရားတရားနဲ့နေပြီး တရားသဘောလေးတွေကို ပြောပြပေးခဲ့တဲ့အတွက် ကိုယ့်တူကိုယ့်သားလေးလို သဘောထားပြီး လေးစားကြည်ညိုခဲ့သမျှ အခုတော့ နောင်ကြဉ်သွားပါပြီ"
သူပြောခဲ့သည့် စကားအဓိပ္ပါယ်လေးပင် ဖြစ်၏။ သူ၏ကြည်ညိုလေးစားခြင်း အထင်သေးခြင်းသည် ကျွန်ုပ်၏စိတ်ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်။ ကြည်ညိုခြင်းသည် သဒ္ဓါတရားဖြစ်၏။ အထင်သေးခြင်း အယုံအကြည်မဲ့ခြင်းသည် သဒ္ဓါတရား၏ ဆန့်ကျင်ဘက်ဖြစ်၏။ သဒ္ဓါတရားသည် ကုသိုလ်ဖြစ်၏။ သဒ္ဓါတရား၏ ဆန့်ကျင်ဘက်သည် အကုသိုလ်ဖြစ်၏။

အကုသိုလ်တရားများကို အခြေခံအားဖြင့် လောဘ ဒေါသ မောဟ တရားသုံးပါးဖြင့်ဖွဲ့တည်ထား၏။ ထို့အတူ ကုသိုလ်တရားများကို အလောဘ အဒေါသ အမောဟ တရားသုံးပါးဖြင့် စုစည်းတည်ဆောက်ထား၏။ အကုသိုလ်တရားဖြင့် သေသွားလျင် အပါယ်ဒုဂ္ဂတိသို့ သွားရမည်ဖြစ်၏။ ကုသိုလ်တရားဖြင့် သေဆုံးလျင် အထက်သုဂတိသို့ လားရမည်ဖြစ်၏။

ထို့ပြင် ဒေါရဲ၊ လောပြိတ်၊ မောတိရိစ် ဆိုသည့်အတိုင်း ဒေါသနဲ့သေလျင် ငရဲရွာသို့ ဧကန်သွားရမည်ဖြစ်၏။ လောဘအားကြီးလျက် သေသွားလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ မောဟအားများပြီး သေဆုံးလျင် တိရစ္ဆာန်ဘ၀ ရောက်ရမည်ဖြစ်၏။ အကုသိုလ်သည် သူ့အလုပ် သူလုပ်၏။ ကုသိုလ်သည်လည်း သူ့လုပ်ငန်း သူလုပ်ကိုင်၏။

သူသည် အကြံပေးစာကို ဟိတ်ဟန်ထုတ် လူတတ်လုပ်ပြီး ရေးပေး၏။ ဟိတ်ဟန်လုပ်ခြင်းသည် သာဌေယျဖြစ်၏။ သာဌေယျသည် လောဘအုပ်စုဝင်ဖြစ်၏။ ထို့ကြောင့် ထိုသို့အမြဲတမ်း ဟိတ်ဟန်ထုတ်ပြီး သူသေဆုံးလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ သူ၏ ဟိတ်ဟန်ထုတ်ပြီး အကြံပေးရေးသားချက်ကို ဖတ်ရှုပြီး ကျွန်ုပ် စိတ်ဆိုးအမျက်ထွက်၏။ စိတ်ဆိုးအမျက်ထွက်ခြင်းသည် ဒေါသဖြစ်၏။ ထိုကဲ့သို့ အမြဲတမ်း စိတ်ဆိုးအမျက်ထွက်ပြီး ကျွန်ုပ်သေဆုံးသွားလျင် ငရဲကြီးရှစ်ထပ်သို့ ကျွန်ုပ် စီတီဇင်အဖြစ် သွားရောက်ရမည်ဖြစ်၏။

သို့သော်.. စိတ်သည် မျက်စိတစ်မှိတ်၊ လက်ဖျစ်တစ်သွက်၊ လျက်တစ်ပြက်အတွင်း ကုဋေသန်းချီပြီး ဖြစ်ပျက်၏ဟု အဆိုရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်သည် တစ်ခဏအတွင်း ကုသိုလ်စိတ်လည်းဖြစ်နိုင်၏။ အကုသိုလ်စိတ်လည်း ဖြစ်နိုင်၏။ လောဘလည်းဖြစ်နိုင်၏။ ဒေါသလည်းဖြစ်နိုင်၏။ အလောဘလည်းဖြစ်နိုင်၏။ အဒေါသလည်းဖြစ်နိုင်၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဒေါသ အမြဲတမ်းဖြစ်မနေနိုင်။ သူ၏ စိတ်အစဉ်၌လည်း သာဌေယျ အမြဲတမ်း ကိန်းဝပ်မနေနိုင်။

သူ၏စိတ်အစဉ်၌လည်းကောင်း ကျွန်ုပ်၏ စိတ်အစဉ်၌လည်းကောင်း အားလုံးတို့၏စိတ်အစဉ်၌လည်းကောင်း လောဘ မောဟ ဒေါသ အလိုဆိုးတရားများအားနည်းပြီး အလောဘ အဒေါသ အမောဟ တရားကောင်းများ ပွါးများစည်ပင်နေမည်ဆိုပါက လောကကြီးတစ်ခုလုံး သာယာလှပနေမည်မှာ အမှန်ပင်ဖြစ်၏။ လန်ဒန်နွေဦးပေါက်ရာသီမှာ ပန်းပေါင်းစုံ ငြိမ့်ငြောင်းသာယာစွာ ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် ပွင့်လန်းနေသကဲ့သို့တည်း။ ။

...........

9 comments:

ဆောင်း said...
This comment has been removed by a blog administrator.
ဆောင်း said...

တကယ်ပါ ကျမ တကယ်စိတ်မကောင်းဖြစ်ပါတယ်။ ဒီဘလော့ကာ တယောက် စိတ်ချမ်းသာပါစေ လို့ သာ ဆုတောင်းမိပါတယ် အညိုးကြီးတတ်သူ ကို ကြောက်ပါတယ်။ အမှားထောက်ပြ ပြောပြမိတဲ့ အတွက် အရေးသား မှားသွားတာအတွက် လည်း စိတ်မကောင်း ဖြစ်မိပါတယ်။

ကျမတို့ မိတ်ဆွေတွေ မဟုတ်တော့တဲ့ အတူတူ ကျမရဲ့ လင့်ကလည်း ဒီဘလော့လင့် ထားတဲ့ စင်ထဲမှာ ရှိသင့်ပါသလား။ ဘာကြောင့်လည်း ဆိုတော့ လင့်ခေါင်းစဉ်က အရင်းနှီးဆုံး ဘလော့ကာတွေ လို့ ဆိုထားလို့ ပါ။

မိတ်ဆွေမဟုတ်ဘူးလို့  အတိအလင်းရေးထားတဲ့ အတွက် အခုလို မေးမြန်းရတာပါ။

ဒါနဲ့  အမြင်မကြည်လင်သူဆိုတဲ့ စင်ကာပူက လူက လန်ဒန်ရောက်နေတော့ မေးလိုက်ချင်ပါရဲ့ ယောက်ျားရင့်မကြီးက နာမည် မဖေါ်ရဲဘဲ အမျိုးသမီးတယောက်ကို ဆဲဆို ရိုင်းပြတာကို လူတွေ က ဘယ်လို မြင်မလဲ ဆိုတာ ပါဘဲ။နာမည် မဖေါ်ရဲ သတ်တိမရှိတဲ့သူလို့ ထင်ကြလေမလား.. ဒါမှ မဟုတ် သူကိုယ်တိုင်ကရော.. ဘယ်လောက် သိက်ခါရှိနေမလဲ ကိုယ်ကျင့်သိက်ခါရော ဘယ်လောက်ကောင်းနေမလဲ...
ကျမကတော့ မေတာပို့ ပေးပါတယ်။ ကြားထဲကနေ သူပါ ဒေါသပွားအကုသိုလ်ပွားပြီး သူများကို လိုက်ဆဲဆိုနေတော့ သူလည်း မိစာဖြစ်သွားရတာပေါ့နော်

ဆောင်း said...

ဘာ့ကြောင့် ဖျက်တာလဲဟင်.. ကျမ အကောင်းမြင်ဝါဒနဲ့ ရေးတာပါ

ဘာဘဲဖြစ်ဖြစ် စိတ်ချမ်းသာပါစေလို့ သာ ဆုတောင်းပေးပါတယ်နော်

ဆောင်း said...

ကျမ ရေးတာကို ပို့ စ်ထဲမှာ မတင်ရဲဘူးလားဟင် ကြောက်တာလား ကျမ အမှန်တိုင်းပြောတာပါ

ကျမကို ရိုင်းစိုင်းမှ အညိးကြီးကြီးနဲ့  ပြောမှ စိတ်ချမ်းသာမယ် ဆိုရင်တော့ စိတ်ချမ်းသာအောင် နေပါတော့လို့ သာ ဆုတောင်းပေးပါတယ် တကယ်ပါ ကျမ စိတ်မကောင်းဖြစ်ရပါတယ်။

ဆောင်း said...

ကျမ အနေနဲ့  အမှားကို ထောက်ပြမိတာ သတင်းတွေ အသိပေးတာ မှားခဲ့သလို စာလုံးရွေးတာ မှားတယ် ခဲ့တယ်လေ။ အဲဒါအတွက် စိတ်မကောင်းလှပါဘူး။ ကျမ ကိုယ့်ကိုယ် ကို အထင်ကြီးတဲ့သူ မဟုတ်ပါ။ သူများကိုလည်း နှိမ်တဲ့သူ မဟုတ်ပါ။ သူများကို နာစေလို တဲ့ ဆန်ဒ မဟုတ်ဘဲ ပြောနည်းမှားတာ အပြောမတတ်တာပါလို့ ပြောချင်ပါတယ်။ ဟိတ်ဟန်ထုတ်တာ မဟုတ်တဲ့ အတွက်ကျမကို စွတ်စွဲသမျှကို ကျမ အနေနဲ့ ဘာမှ မခံစားရပါဘူး။

ကျမ အရေးအသားကြောင့်စိတ်ဆိုးတာမိုလို့  ကျမ စိတ်မကောင်းဖြစ်မိပါတယ်။

တိုးတိုး တိတ်တိတ် မေးလ် နဲ့ ရေး ပြောပေမဲ့ မေးလ်နဲ့  စာ မပြန်ဘဲ လူသိ ရှင်ကြား လုပ်တတ်တဲ့ အညိုးကြီးလှတဲ့သူ အနေနဲ့ ကြိုက်သလို ပြောနိုင်ပါတယ် ဆိုနိုင် ရိုင်းစိုင်းနိုင် ပါတယ်.. ။ ကျေနပ်ပါတော့လို့ သာ ဆုတောင်းမိပါတယ်။ အမှန်ပါ။ ကျမ မေတာပို့  ပေးပါတယ် ကျမကြောင့် စိတ်ဆိုးတာတွေ ပြေပါစေလို့ ။စိတ်ထဲ အေးချမ်းပါစေလို့ သာ

ကျမ အနေနဲ့ လည်း နောင်ကြဉ်ရသလို တခြား မိန်းခလေးတွေ အတွက် ဒီလူဟာ ဒီလို ရှိပါတယ် ဆိုတာ လူသိရှင်ကြား သတင်းပေး သတိပေးလိုက်တာပါဘဲ။

ကျမနဲ့ ပတ်သက်သမျှ ပို့ ရေးတင်ထားသမျှ ရော ကြားထဲက ၀င်ပြောတဲ့သူတွေ ရဲ့ ရိုင်းစိုင်းမှု့ တွေကို ပါ အကောင်းမြင် ၀ါဒနဲ့ ကြည့်ပြီး ရှောင်လို့ ရလာပါတယ်။ ဒီလို ရေးသားတဲ့ အတွက်လည်း ဘယ်လို လူစားဆိုတာ စာဖတ်သူတိုင်း သိရတာပေါ့။

သူတပါးကို ရိုင်းစိုင်းမှ အိပ်ပျော်စားဝင် ကြေနပ်မယ် စိတ်ချမ်းသာမယ် ဆိုရင်.. သဘောပါ။ စိတ်ချမ်းသာမယ် ဆိုရင် စိတ်ချမ်းသာသလို နေလိုက်ပါ။ စိတ်ချမ်းသာပါစေလို့ လည်း ဆုတောင်းလိုက်ပါတယ်။

ဘာဘဲ ဖြစ်ဖြစ် ကျမ စာတွေ အတွက် ပြန်ရုပ်သိမ်းပါတယ်။

ကျမ လည်း နောင်ကို ဥပက္ခာ ပြုတတ်အောင် နေရမယ်လို့ ဆုံးဖြတ်ပါတယ်။ ကျမခံယူထားတာက မိတ်ဆွေဆိုတာ အမှားကို ရဲရဲ ထောက်ပြမှ မိတ်ဆွေမြည်တယ် လို့  ယူဆပါတယ်။ အကြံကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ကျမကို လာပြောတာ မှန်သမျှ ကိုလည်း အသေချာ စဉ်းစား ပါတယ်။ ပထမ ယူဆချက်တွေ မှားပေမဲ့ နောက်ပိုင်း အကြံပေးချက်တွေ မှန်ရင် ချက်ချင်း သွားပြီး ကျေးဇူးတင်ကြောင်း ပြောတတ်ပါတယ်။

ကျမ ရဲ့ စာတွေ ဟာ ကျမရဲ့ အမြင် အတွေ့ အကြုံ မျှဝေမှု့ တွေပါ။ ကျမ သိတတ်လွန်းလို့ မဟုတ်ပါဘူး မှားချင် မှားမယ် မှန်ချင်မှန်မယ်။ ဝေဖန်နိုင်တယ် အကြံပေးနိုင်တယ်။ လာရေးသမျှ ပြောသမျှ ကို အကောင်းမြင်ဝါဒ ဘက်က ဘဲ ကြည့်ပြီး မေတာဘဲ ပို့ သ ပေးလိုက်ပါတယ်ရှင်။

ကိုယ်စိတ် နစ်ဖြာ အေးချမ်းပါစေလို့ သာ ဆုတောင်းပါတယ်။

သူကြီးမင်း (တုံးဖလား) said...

မနက်ဖန် ယူကေနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓနေ့ လန်ဒန်မှာ ကျင်းပမယ်။ ကျနော့်စိတ်တွေ ကြည်လင်ချင်တယ်။ ကုသိုလ်လိုချင်တယ်။ ရရှိလာတဲ့ ကုသိုလ်လေးတွေကို နာဂစ်ဝါးမျိုခံတမလွန်သားတွေထံ မျှပေးချင်ပါတယ်။ အခု လောလောဆယ် ကျနော့်စိတ်ထဲ ရှိနေတာက မြန်မာနာဂစ်တစ်နှစ်ပြည့်ပါ။ ကျနော့်ဆွေမျိုးတစ်ယောက်မှ အသက်မဆုံးရှုံးပေမဲ့ ကျနော်တို့ မြန်မာလူမျိုးတွေ အပြစ်မဲ့ရက်သားနဲ့ သေကြကြေကြတာကို လုံးဝ (လုံးဝ) စိတ်မကောင်းဖြစ်နေပါတယ်။
ကုသိုလ်ရအောင်ကြိုးစားပြီး သူတို့အတွက် အမျှဝေပေးကြဖို့ဘဲ တိုက်တွန်းချင်ပါတယ်။

ဆောင်း said...

စိတ်နှလုံးအေးချမ်းပါစေ

ဆောင်း said...

ဘာဘဲဖြစ်ဖြစ် ဒီဘလော့ပိုင်ရှင်ကို ဆက်သွယ်မဲ့ အွန်လိုင်း မိတ်ဆွေတွေ အတွက် အန်တရယ် ရှိတာပေါ့။ personal တိုးတိုးတိတ်တိတ်ပြောတာတွေ ကို public လူတကာသိအောင် ဖော်ထုတ်တတ်တဲ့ သူဆိုတာ လူတိုင်းသိသွားရတာဘဲ။ ဒီလို ဘလော့ကာကို မေးလ်နဲ့ တောင် ခင်မင်ရင်းနီးဖို့ မသင့်ဘူးဆိုတာ စာဖတ်သူ တိုင်း နားလည်သွားရတာပေါ့

သူကြီးမင်း (တုံးဖလား) said...

အန်တီဆောင်း
ကျနော့်ဒေါသတွေ အနှယ်ထိုင်သွားပါပြီ။ ဘာဖြစ်လို့ လာဆွပေးနေပြန်ရတာလဲ။ အန်တီဆောင်းကို ကျနော် တစ်ခွန်းမှ ဆဲရေးတိုင်းထွာမှု မပြုခဲ့ဘူးနော်။ အန်တီဆောင်းရဲ့  အကြံပေးစာလေးကိုဘဲ ပို့စ်တင်ခဲ့တာပါ။ အန်တီဆောင်းက ကျနော့်ကို ထိခိုက်မှာစိုးလို့ မေးလ်နဲ့ပို့တာပါလို့ ရေးထားလို့ ကျနော်ထိခိုက်ချင် ထိခိုက်ပါစေ အန်တီဆောင်းရဲ့  အကြံပေးစာလေးကို လူတိုင်း ဖတ်ဖြစ်ရင် ပိုကောင်းတာပေါ့ဆိုတဲ့ သဘောနဲ့ တင်ပေးခဲ့တာပါ။
ကျနော်တို့ နှစ်ယောက် ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ကျနော်တို့ကိုယ်တိုင် ဝေဖန်နေစရာမလိုလောက်ဘူးထင်ပါတယ်။ ပတ်ဝန်းကျင်ကသာ ဝေဖန်ဆုံးဖြတ်သွားပါလိမ့်မယ်။

အန်တီဆောင်းက သည်းခံခွင့်လွတ်နားလည်ပေးသယောင်နဲ့ အခုထက်ထိ လူတွေကို စည်းရုံးနေတုံးဘဲလား။ ကျနော့်ကို အမြင်ကတ်ကြအောင် ချရေးပြနေတာမဟုတ်လား။ ဆက်လုပ်ပါ အန်တီဆောင်း။

အမှန်ဆို ကျနော် တကယ်ဒေါသထွက်ခဲ့ပါတယ်။ အန်တီဆောင်းသို့ ပေးစာဆိုပြီး အပိုင်း ၁ ၂ ၃ ၄ ၅ ရေးထားခဲ့ပြီးပါပြီ။ အင်္ဂလန်နိုင်ငံရဲ့  မပြောပလောက်တဲ့ သယံဇာတအကြောင်းကိုလဲ စုံစမ်းလေ့လာ ထားပြီးပါပြီ။ အဲဒါတွေကို ပို့စ်တင်မလို့ပါ။ ဒါပေမဲ့ အန်တီဆောင်းကို ၀ိုင်းဆဲတဲ့လူတွေ များလာတာကြောင့် အန်တီဆောင်းကို သနားစိတ်ဝင်ပြီး အဲဒါတွေ အားလုံးကို ကျနော် delete လုပ်ပစ်ခဲ့ပါတယ်။

အန်တီဆောင်းအပေါ် ကျနော် ဘယ်လိုမှ သဘောမထားတော့ပါဘူး။ ဒါပေမဲ့ အန်တီဆောင်းက အခုမှ တွေးကြည့်ရင်း ကျနော့်ကို ပိုစိတ်ဆိုးလာပုံရတယ်။ ကျနော့်ကို လူတိုင်းရဲ့  လူ့ချဉ်ဖတ်ဖြစ်စေချင်ပုံရတယ်။

အန်တီဆောင်းရယ်... လူတိုင်းမှာ အမှားဆိုတာ မကင်းကြပါဘူး။ အခုဖြစ်တဲ့ ကိစ္စကိုလဲ ကျနော်က မှန်တယ်ဆိုပြီး မကြွေးကြော်ခဲ့ပါဘူး။ ကျနော့်ကို မကြိုက်တဲ့သူတွေ ကျနော့် စီဘောက်မှာ လာဆဲနိုင်တာဘဲ။

အန်တီဆောင်း ကျနော့်ကို ဒေါသအရမ်းထွက်နေတုံးဘဲဆိုရင် ကျနော့်လိုလူကို မပေါင်းသင်းအပ်တဲ့အကြောင်း အန်တီဆောင်းရဲ့  ဘလော့ဂ်လေးထဲမှာ ပို့စ်တင်လိုက်ပါလား။ အားလုံးလဲ သိသွားရတာပေါ့။
ကျနော်လဲ ဖတ်ရတာပေါ့။

ဒါပေမဲ့ ပြုံးပြုံးကြီးဖတ်မှာနော်။ အန်တီဆောင်းလို စိတ်ဆိုးပြီး မဲ့မဲ့ကြီးဖတ်မှာမဟုတ်ဘူး။

ဒါပေမဲ့...
ကျနော်လဲ ဘလော့ဂါတစ်ယောက်ဆိုတော့ ဒေါသမပါတဲ့ ရသမြောက်တဲ့ ပို့စ်လေးတွေ အန်ထုတ်လာကောင်းတော့ အန်ထုတ်လာနိုင်ပါတယ်။

ရွှင်လန်းကြည်နူးနိုင်ပါစေ အန်တီဆောင်း။ ။