Friday 15 January 2010

မြန်မာအစိုးရ၀န်ထမ်းများအတွက် လစာတိုးမြှင့်



Forward mail က တစ်ဆင့်ရလို့ မှတ်တမ်းအဖြစ် တင်ထားလိုက်တာပါ။
.......


ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

အကြောင်းအရာ။ ။ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း
၁။ တပ်မတော်သည် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက် လျက်ရှိသည်နှင့်အညီ ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန် လည်းကောင်း၊ တပ်မတော်နေ့သို့ ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ နိုင်ငံတော် အစိုးရသည် ဝန်ထမ်းများ၏ လစာနှုန်းများကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

၂။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၏ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ဖော်ပြပါဇယားအတိုင်း တိုးမြှင့်သတ်မှတ်လိုက်သည်။


စဉ်

လက်ရှိလစာနှုန်း(ကျပ်)

အမှတ်စဉ်

တိုးမြှင့်လစာနှုန်း(ကျပ်)

၁။

၁၅၀၀၀- ၁၀၀၀- ၂၀၀၀၀

၃၅၀၀၀- ၁၀၀၀- ၄၀၀၀၀

၂။

၂၁၀၀၀- ၁၀၀၀- ၂၆၀၀၀

၄၁၀၀၀- ၁၀၀၀- ၄၆၀၀၀

၃။

၂၇၀၀၀- ၁၀၀၀- ၃၂၀၀၀

၄၇၀၀၀- ၁၀၀၀- ၅၂၀၀၀

၎။

၃၃၀၀၀- ၁၀၀၀- ၃၈၀၀၀

၅၃၀၀၀- ၁၀၀၀- ၅၈၀၀၀

၅။

၃၉၀၀၀- ၁၀၀၀- ၄၄၀၀၀

၅၉၀၀၀- ၁၀၀၀- ၆၄၀၀၀

၆။

၄၅၀၀၀- ၁၀၀၀- ၅၀၀၀၀

၆၅၀၀၀- ၁၀၀၀- ၇၀၀၀၀

၇။

၈၀၀၀၀- ၂၀၀၀- ၉၇၀၀၀

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၈။

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၉။

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀။

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁။

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁

၁၈၀၀၀၀- ၂၀၀၀- ၁၉၀၀၀၀

၁၂။

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၁၂

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

မှတ်ချက်။ ။ နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။

၃။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများအတိုင်း နှစ်တိုးဆက်လက် ခံစားခွင့်ပြုရန်ဖြစ်သည်။ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့်နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။
နေ့စားလုပ်အားခ

၎။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် (၅ဝဝ) မှ လုပ်ခ (၁ဝဝဝ) သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာနှုန်းများ

၅။ တပ်မတော်အတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါသည်။
နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ခံစားခွင့်

၆။ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာ နှုန်းများ အတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူး အဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရန်ဖြစ်ပါသည်။

၇။ ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်။

(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး

ဖြန့်ဝေခြင်း

၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး

ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊

၎/ အထူး/ ၂ဝဝ၉ ၏ နောက်ဆက်တွဲ (က)
တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ
အရာရှိများ၏ လစာ
၁။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၏ လစာနှုန်းထားသစ်များကိုအောက်ပါအတိုင်း သတ်မှတ်သည် -

စဉ်

အဆင့်

လစာနှုန်း

၁။

ဗိုလ်ချုပ်မှူးကြီး

၁၂၀၀၀၀၀

၂။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး

၁၀၀၀၀၀၀

၃။

ဗိုလ်ချုပ်ကြီး

၈၀၀၀၀၀

၎။

ဒုတိယ ဗိုလ်ချုပ်ကြီး

၆၀၀၀၀၀

၅။

ဗိုလ်ချုပ်

၄၀၀၀၀၀

၆။

ဗိုလ်မှူးချုပ်

၃၀၀၀၀၀

၇။

ဗိုလ်မှူးကြီး

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

၈။

ဒုတိယ ဗိုလ်မှူးကြီး

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၉။

ဗိုလ်မှူး

၁၇၀၀၀၀- ၂၀၀၀- ၁၈၀၀၀၀

၁၀။

ဗိုလ်ကြီး

၁၅၀၀၀၀- ၂၀၀၀- ၁၆၀၀၀၀

၁၁။

ဗိုလ်

၁၃၀၀၀၀- ၂၀၀၀- ၁၄၀၀၀၀

၁၂။

ဒုတိယဗိုလ်

၁၂၀၀၀၀


မှတ်ချက်။ နှစ်တိုးလစာကို (၂) နှစ် တစ်ကြိမ်ကျ ခံစားခွင့်ပြုသည်။
ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) အဖြစ် တစ်လလျှင် ကျပ် (၅ဝဝဝ) ခံစားခွင့်ပြုသည်။
ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) ကို အငြိမ်းစား လစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။


နောက်ဆက်တွဲ (၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/ ၂ဝဝ၉

နေပြည်တော်မြို့၊ ၁၄၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
အကြောင်းအရာ။ ။ နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင် သတ်မှတ်ခြင်းကိစ္စ
၁။ နိုင်ငံတော် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၄င်းတို့ အငြိမ်းစားယူသည့်အခါ ၄င်းတို့၏ ပင်စင်လစာကို ဤဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၄/ ၂ဝဝ၉ တွင် သတ်မှတ်ဖော်ပြ သည့် လစာနှုန်းပေါ်တွင် အခြေပြု၍ လက်ရှိတည်ဆဲ ပင်စင်နည်းဥပဒေ၊ ညွှန်ကြားချက်များ အရ ခံစားခွင့်ပြုရန်ဖြစ်သည်။

၂။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (သို့မဟုတ်) မူလ အခြေခံနည်းဥပဒေ အတွဲ (၁) အပိုဒ် ၈၆ (က) အရ ငြင်းပယ်ခွင့် ခံစားနေဆဲ ဝန်ထမ်းများအား ခွင့်ကုန်ဆုံးသည့်နေ့၌ အလုပ်ဝတ္တရားပြန်လည် ထမ်းဆောင်လျင် တိုးမြှင့်လစာနှုန်းအရ ခံစားခွင့်ရှိမည့်လစာကို အမှန်တကယ် ထုတ်ယူရရှိ သော နောက်ဆုံးလစာအဖြစ် မှတ်ယူ၍ ပင်စင်တွက်ချက်ခံစားခွင့်ပြုရန်ဖြစ်ပါသည်။

၃။ လက်ရှိပင်စင်ခံစားနေကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို လက်ရှိခံစား နေသည့်အတိုင်းသာ ခံစားရန်ဖြစ်ပါသည်။
၎။ ဤအမိန့်ကြော်ငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ အတွက် လစာမှစ၍ ခံစားခွင့်ပြုလိုက်သည်။



(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး



...

4 comments:

flowerpoem said...

ဟီး၂ တိုးသာတိုးတယ် . . .

ဇွန်မ said...

ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါနော်

သုခုမလေဒီ said...

လစာတွေတိုးကုန်ပြီဆိုတော့ ကုန်ဈေးနှုန်းတက်ရချည်သေး
ရဲ့ပေါ့ ကိုကိုမောင်ရေ...။ ဒါကြောင့်ထင်တယ် ကြက်သွန် ဈေးတွေ မြင့်တယ်ဆိုပြီး အမေညည်းနေလေရဲ့။း))

လင်းကြယ်ဖြူ said...

ဟုတ်လား ခင်ဗျ သတင်းထူးပဲနော

ပျော်ကြပါစေ...