Friday 1 January 2010

နှစ်သစ်ကြိုသံ


မဟူရာညတွေ မီးတောက်ပြီး
လျပ်စစ်ပန်းတွေ ငုံ ဖူး ပွင့်လို့
နှင်းထုရဲ့  အင်အားကို
ကိုယ်ငွေ့များနဲ့ ချေဖျက်ရင်း
အချိန်မြှားတစ်စင်း စတင်ထွက်ခဲ့ပြီ။


ဖန်ခွက်တိုက်သံ
ဒစ္စကိုသံ
လက်ခုပ်သံ
အော်ဟစ်သံ
အိပ်ဟောက်သံ
မေတ္တာပို့သံ
တွတ်တိုးသံ
အသံများစွာ(အသံမျိုးစုံ)နဲ့ ချဉ်းကပ်
၂၀၁၀က မားမားရပ်လို့။


မွေးကင်းစ ၂၀၁၀ကို
အရောင်ညစ်တွေ မဆိုးမိစေဖို့
ဖြူစင်ဆန္ဒနဲ့
အဓိပတိတပ်ကြပါစို့။ ။

(၁၊၁၊၂၀၁၀ နံနက် ၁း၁၅)

8 comments:

မြတ်မွန် said...

ကောင်းသော နှစ်သစ်လေးပါ ရှင်...။

ဇွန်မ said...

အသက် တစ်နှစ်ပိုကြီးလာပြီမို့ တရားဓမ္မလေးတွေ ဒီထက်မက ပိုဖတ်နိုင်ပါစေနော် :)

မိုးစက်အိမ် said...

မှန်တာပေါ့ အစ်ကိုရာ နှစ်သစ်လေးကို
အရောင်မဆိုးဘဲ ဖြူစင်အောင် ကြိုးစားရမှာ
အသေ အချာ ပါဘဲ အစ်ကိုရေ . . .

မြစ်ကျိုးအင်း said...

နှစ်သစ်မှာ ပျော်ရွှင်လန်းဆန်းပါစေဗျာ

ဖန်ခွက်ချင်းထိသံတော့မကြားလိုက်ရဘူးဗျာ တယောက်ထဲပဲ ဆွဲလိုက်ရတာလေ

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ said...

ကိုမောင်ရေ မင်္ဂလာ နှစ်သစ်ပါဗျာ

ကျွန်တော်လည်း ဖန်ခွက် သံ မကြားလိုက်ရပါဘူး

ပလတ်စတစ်ခွက်လေးတွေနဲ့ ဆိုတော့လေ P:

မင်းအိမ်ဖြူ

Dream said...

မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ ဦးဦးပန်းရနံ့ရေ...

flowerpoem said...

Happy new Year !!