Saturday 24 October 2009

အချိန်ပိုတစ်နာရီ ဆုတောင်း


ယူကေတစ်ဝှိုက်၊ အများကြိုက်၍၊
ဒေးလိုက်(တ်)ဆေ့ဗင်း၊ ကျင့်သုံးခြင်းကြောင့်၊
ညခင်းနှစ်ချက်၊ နောက်ပြန်ယက်ပြီး၊
တစ်ချက်ဖြစ်ခါ၊ ယူကေ နာရီ၊
နောက်ပြန်လည်လိမ့်။ ။


ဇနီး ယောက်ျား၊ သမီးသားနှင့်၊
အများအတွက်၊ ချိန်ပိုထွက်ပြီး၊
နှစ်သက်ဖွယ်ရာ၊ မွေ့အိပ်ယာဝယ်၊
ခွေကာအိပ်စက်၊ ကောင်းအိပ်မက်နှင့်၊
နံနက်မိုးသောက်၊ အလင်းရောက်က၊
ထမြောက်ပြုံးရွှင်၊ စိတ်ကြည်လင်လိမ့်။


ဤနေ့ဤည၊ ချိန်ပိုရ၍၊
သောကအေးကာ၊ ပျော်ရွှင်စွာဖြင့်၊
အိပ်ယာ ကုတင်၊ တလင်းပြင်၌၊
တူယှဉ်အိပ်စက်၊ ပြုံးပန်းဆက်လျက်၊
သက်သက်သာသာ၊ အိပ်ပျော်ရာသည်၊
သဟာအပေါင်း၊ ဆုတွေတောင်းလော့။ ။

....

6 comments:

Dream said...

နံနက်ချိန်ခါ ရောက်ပြီ.. အိပ်ရာမှ ထကြ
မထနိုင်သောသူသည် အိပ်ပုတ်သူဖြစ်သည်။။။

ဟီးးးးး

ဆုတောင်းရမယ် ဆိုရင်.... အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်ကောင်းခြင်း အိပ်ရပါလိုဧ။်ပေါ့.... တော်နေ လာလာနိုးနေမှာဆိုးလို့.... :P

ဒဏ္ဍာရီ said...

အော် ပြောနိုင်သူတွေ ပြောကြပေါ့။ ဇနီးတွေ သားသမီးတွေ အကြောင်း ပြောပေါ့နော်။း)

ဒီလိုနဲ့ပဲ ခွန်အားတွေ ရနေတာပေါ့လေ။

ခင်မင်လေးစားလျှက်

zawzaw said...

ဒီလို အချိန်ပြောင်းလဲမှုကို လက်တွေ့ကျင့်သုံးရတဲ့ အခါ ကျတော့ အကျင့်ရသွားတော့လဲ အစဉ်ပြေသွားတာပါပဲ
ကိုဇော်

flowerpoem said...

သယ်ရင်းရေ . . . အချိန်ပြည့်၂ အိပ်နိုင်ပါစေ

မင်းအိမ်ဖြူ said...

အင်း

လုပ်ပါလေ

ကိုယ်တွေကတော့ နာရီပြန်လှည့်စရာလိုသေးဘူး PP::

မင်းအိမ်ဖြူ

မိုးစက်အိမ် said...

အဲဒါတွေတော့ စဉ်းစားသေးဘူး ဒါပေမဲ့ တော်တော်
တော့ အိပ်ကောင်းတယ် . . . အလိုကြည်နူးစရာလေး
တွေရှိလာရင်တော့ နာရီကိုရပ်ထားမယ် ဟီးးးးးးးးး