Monday 11 April 2016

တုံးဖလားဖိတ်ခေါ်သံ


လလိတစေတီ ထူးမြတ်သည်
ရှိခိုးဦးချမည်။
ကုသိုလ်စည်ဖို့ တည်ကာထား
ရွာနာမည်က တုံးဖလား။
.
တုံးဖလားသို့ လာစေချင်
လက်လှမ်းကြိုမှာပင်။
ပြုံးရွှင်ကြည်သာ ဖော်ရွေခြင်း
ရိုးသားပါလို့ မာန်တွေကင်း။
.
မာန်တွေကင်းပ ထိုရပ်ရွာ
ထက်ဖျားပြည်မြန်မာ။
မြို့နာမည်ဟာ ပင်လည်ဘူး
စစ်ကိုင်းတိုင်းရဲ့ ဒေသထူး။
.
ဒေသထူးသို့ ရောက်ဖို့ဆို
ရထားကားနဲ့ သွားဖို့လို။
ခရီးတိုတို မှန်မယွင်း
ရောက်နိုင်ပါပေါ့ ခုချက်ချင်း။
.
ခုချက်ချင်းတော့ ဆိုင်းငံ့ပါ
သူကြီးပြန်လာမှာ။
ရပ်ရွာသာဖို့ မြတ်ပဋ္ဌာန်း
ရွတ်ဆိုမှာကွဲ့ ဆုန်လဆန်း။
.
ဆုန်လဆန်းရက် ဆယ့်ငါးဟာ
ဗုဒ္ဓနေ့ထူးပါ။
ထိုရက်မှာကွယ် ထီးတင်ပွဲ
ပုညရှင်တို့ မှန်ဆင်နွှဲ။
.
မှန်ဆင်နွှဲဖို့ ဗျာဒိတ်ခံ
ဗုဒ္ဓဖွားပွင့်စံ။
ကိလေရန်ကို တွန်းလှန်ရှင်း
လောကအားလုံး ဥာဏ်ရောင်လင်း။
.
ဥာဏ်ရောင်လင်းတဲ့ မြန်မာပြည်
ထင်ရှားရှေ့နောက်ဆီ။
တိုင်းတိုင်းပြည်ပြည် လာလည်ကြ
ကျင့်ကြံအားထုတ် မြတ်ဓမ္မ။
.
မြတ်ဓမ္မတို့ ထွန်းကားအောင်
နေ့ညအာဂုံဆောင်။
ထွန်းတောက်ပြောင်ဖို့ လွန်ကြိုးစား
အားထုတ်ပါတဲ့ သံဃာများ။
.
သံဃာများနှင့် မြတ်ဆရာ
မိဘပေါင်းလို့ သင်ကြားတာ။
မြန်ပြည်သာဖို့ စုကာပေါင်း
သင်ကြားပါကွဲ့ အေးစေကြောင်း။
.
အေးစေကြောင်းတို့ စုဝေးရာ
တုံးဖလားတဲ့ ထိုရပ်ရွာ။
မပြတ်ခါခါ ဖိတ်ခေါ်ခြင်း
ကြိုဆိုပါတဲ့ သူကြီးမင်း။
.
သူကြီးမင်းက လက်ကမ်းကြို
လာကြပါကွဲ့ ပျိုပျိုအို။
မျက်နှာချိုချို လူအများ
နေကြပါတဲ့ တုံးဖလား။
.
မျက်နှာချိုချို လူအများ
နေကြပါတဲ့ တုံးဖလား။
.
မျက်နှာချိုချို လူအများ
နေကြပါတဲ့ တုံးဖလား။
.
မျက်နှာချိုချို လူအများ
နေကြပါတဲ့ တုံးဖလား။


(၁၀ အေပရယ် ၂၀၁၆)
.

No comments: