Friday 16 November 2012

ကိုရင်+ကြည်မာ

"ကိုရင်.. ဒီနေ့ ည ၁၁ နာရီမှာ အောင်ဘုတို့ ကောက်ရိုးပုံဘေးကနေ စောင့်နေပါ။ ကြည်မာ ကိုရင်နဲ့ မခွဲနိုင်တော့ဘူး။ ခိုးရာလိုက်ခဲ့တော့မယ်"

ကိုရင်သာထွန်း တစ်ယောက် ညနေခင်း ရေချိုးဖို့ ရေတွင်းကို အသွား ကြည်မာကလဲ သောက်ရေထမ်းဖို့ ရေတွင်းကိုအလာ လမ်းမှာ ဆုံခိုက် ကြည်မာက ထိုစာရွက်ခေါက်ကလေးကို ကိုရင်သာထွန်းအား တိုးတိုးတိတ်တိတ် ပေးခဲ့ခြင်းဖြစ်သည်။ အမှန်မှာ ကြည်မာတစ်ယောက် ကိုရင်သာထွန်း ရေချိုးလာချိန်ကို စောင့်မျှော်နေပြီး အချိန်ကိုက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

စာရွက်ခေါက်ကလေးကို ဖြန့်ပြီး ဆယ်ခါထက်မနဲ အကြိမ်ကြိမ် ဖတ်နေမိသည်။ စိတ်လှုပ်ရှားလွန်းလို့ စာရွက်ခေါက်ကလေးကို ကိုင်ထားတဲ့ လက်တောင် တဆတ်ဆတ် တုန်နေလေရဲ့။ ငါ အိုရတော့မှာပါလား။ ဟား ဟား ဟား။ ဟုတ်ပြီ။ ငါလူဖြစ်ရကျိုးနပ်တော့မယ်။ ကြည်မာ ငါ အိုရတော့မယ်... နင်လဲ အိုရတော့မယ်။ ဟား ဟား ဟား ပျော်စရာကြီး။ ထိုကဲ့သို့ တစ်ယောက်ထဲ ပျော်ရွှင်သလိုလို ကြောက်လန့်သလိုလို ခံစားမှုမျိုးဖြစ်ပေါ်လာကာ ရူးချင်သလိုလို နန့်ချင်သလို ဖြစ်နေမိသည်။ ခြေမကိုင်မိ လက်မကိုင်မိလို့ ပြောချင်ပြော၊ မျောက် ငါးပိ ကိုင်မိသလို လို့ ဆိုချင်ဆို။ ဟိုနားက ယားလာလိုက် ဒီနားက ယားလာလိုက် ကြက်သီးမွေးညှင်းတွေ ထ လာလိုက်နဲ့ ကိုရင်တစ်ယောက် ဃနာမငြိမ် ဖြစ်နေလေတော့သည်။

 "အိမ်ထောင်ပြုပြီးရင်  အဖေက အိမ်တစ်လုံး သီးခြားဆောက်ပေးမယ်တဲ့။ ဒါဆို ငါလူဖြစ်သွားပြီ။ လူရာလဲ ၀င်သွားပြီ။ ယုတ်စွအဆုံး သာရေးနာရေး ဖိတ်စာပို့တာကစ ကိုရင်သာထွန်း ဆိုပြီး အိမ်ထောင်ဦးစီး နာမည်နဲ့ အဖိတ်ခံရတော့မယ်။ ဟိုတုန်းကဆို တစ်ခါလာလဲ မိဘတွေဖြစ်တဲ့ ဦးကြီးဖေ+ဒေါ်မယ်အိ၊ တစ်ခါလာလဲ ဦးကြီးဖေ+ဒေါ်မယ်အိနဲ့။ ပြီးတော့ သူတို့ ကိုယ်တိုင်လဲ သွားနိုင်ကြတာမဟုတ်ဘူး။ သူတို့ကိုယ်စား ငါဘဲ လိုက်နေရတယ်။ အခုတော့ ငါ လက်မ ထောင်နိုင်တော့မယ်။ ကြည်မာလေးကလဲ ချစ်စရာ ၀၀ကစ်ကစ်ကလေး။ ငါ့မိဘ နှစ်ပါးကလဲ ဘယ်လို မိန်းခလေးနဲ့ဘဲ ဖြစ်ဖြစ်။ ကျိုးနေ ကန်းနေဦးပစေဦး။ သဘောတူတယ်တဲ့။ ဒါပေမဲ့ သူခိုးကျင့် သူခိုးကြံ အကျင့်ယုတ်တဲ့ မိန်းမဆိုရင်တော့ ဘုရင့်သမီး ဖြစ်ပစေ။ သဘောမတူဘူးတဲ့။ ကြည်မာလေးက ရိုးရိုးသားသား ဖြူဖြူစင်စင်လေးဆိုတော့ မိဘတွေက သဘောမတူစရာမရှိ။ သဘောတူပြီးသား။ ခက်တာက ကြည့်မာ့အဖေ ဦးလူပု။ ဦးလူပုနဲ့ အဖေဦးကြီးဖေက ငယ်စဉ်လူပျိုဘ၀တုန်းက အမေမယ်အိကို ပြိုင်ပိုးခဲ့ကြတာတဲ့။ နောက်ဆုံး အမေ မယ်အိက အဖေဦးကြီးဖေကိုဘဲ ရွေးချယ်ခဲ့လို့ ဦးလူပုတစ်ယောက် အခဲမကြေဖြစ်နေခဲ့တာတဲ့။ အခုလဲ သူ့သမီးနဲ့ ငါနဲ့ ချစ်ကြိုက်နေတာကို သတင်းတိုးတိုး ကြားရတဲ့အတွက် ကိုရင်သာထွန်းကို ယူမဲ့အစား ခွေးထီးတစ်ကောင်ကို အမြီးဖြတ်ပြီး ပေးစားလိုက်မယ် ဆိုပြီး ကြည်မာကို ဆူပူထားတယ်တဲ့။ ကြည်မာကလဲ ငါမှငါဆိုတော့ ဒီတစ်ခါလဲ ဦးလူပုရေ ခံလက်စနဲ့ ခံသာ ခံပေဦးတော့"

ကိုရင်သာထွန်းတစ်ယောက် သူ့ဖာသာသူ စဉ်းစားလိုက် တစ်ယောက်ထဲ ကြိတ်ပြုံးလိုက် လက်ပတ်နာရီလေးကို ကြည့်လိုက်နဲ့ ၁၁ နာရီကို ရောက်လိုဇော စောနေလေ၏။ ကြည်မာ ကောက်ရိုးပုံနား ရောက်လာရင် ဘယ်လို ချစ်ပစ်လိုက်မယ်။ ဘယ်လို မွှေးမွှေးပေးလိုက်မယ် စသဖြင့် စိတ်ကူးယဉ်ပြီး ရိုးတွင်းခြင်ဆီထိ တသိမ့်သိမ့် တဖိန့်ဖိန့် ဖြစ်နေလေ၏။ အင်းးး ကြည်မာ ကြည်မာ နင် တော်တော်လေး ချစ်ဖို့ကောင်းပါလား။ 

ည ကိုးနာရီခွဲ။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

အရေးထဲ အိမ်က ထွက်ခါနီးမှာ အဖေ့အခန်းထဲက အလုပ်ပေးတရားသံ သဲ့သဲ့ကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။ ဘယ့်နှယ် မိန်းမ သွားခိုးမဲ့ အချိန်ကျမှ အမျိုးသမီးဆိုတာ အညစ်အကြေးတုံးကြီးတဲ့။ ဟောလဲ ဟော ရက်ပါ့။ အဖေကလဲ လူကသာ အိပ်ပျော်နေရင် နေပစေ။ ကက်ဆက်ကိုတော့ လုံးဝ အိပ်ခွင့်မပေး။ ရီးဗာ့ဇ် လုပ်ထားတော့ တရားခွေ အေဆိုက် ဘီဆိုက် ထပ်ကာ ထပ်ကာ လည်နေလေတော့၏။ ရှိစေတော့။ တရားက တရားအလုပ် လုပ်ပစေ။ ငါလဲ ငါ့အလုပ် ငါလုပ်ဖို့ သွားလိုက်ဦးမယ် ဟု တိုးတိုးရေရွတ်ပြီး ကောက်ရိုးပုံဆီသို့ တစ်နာရီကြိုရောက်ဖို့ ခြေဦးလှည့်လေတော့၏။

ကောက်ရိုးပုံက ရွာနဲ့ မလှမ်းမကမ်းမှာမို့ သိပ်မသွားလိုက်ရ။ ခဏလေးနဲ့ ရောက်သွား၏။ ကြည့်မာ့ကို တစ်နာရီကျော်ကျော် စောင့်ရပေဦးတော့မည်။ နွေကာလမို့ ရာသီဥတုက အိုက်စပ်စပ်။ ဖြုတ်တွေ ခြင်တွေကလဲ ပေါမှပေါ။ ကြည်မာ့ဇောနဲ့သာ ငုတ်တုတ်ထိုင်စောင့်နေရသည်။ တစ္ဆေသရဲတော့ ခပ်ကြောက်ကြောက်ရယ်။ ဒီကောက်ရိုးပုံအနီးအနားမှာ မကြာမကြာ စုန်းမီးတောက်လေ့ရှိသည်တဲ့။  ခြင်ကိုက်လိုက် ဖြုတ်ကိုက်လိုက် ခြင်ရိုက်လိုက် ဖြုတ်ရိုက်လိုက် တစ္ဆေကြောက်လိုက် သရဲကြောက်လိုက်ဖြင့် ည ၁၁ နာရီ ထိုးခါနီးသွားလေပြီ။ 
......

အချိန်က တရွေ့ရွေ့ ကုန်လွန်သွားသည်။ အသင့်ထုတ်ရွေးထားသည့် ၀တ်စုံ ငါးစုံနှင့် အသုံးအဆောင်အချို့ကို အိတ်ကလေးထဲ ပြွတ်သိပ်ထည့်လိုက်သည်။ ဒီလောက်ဆို ပစ္စည်းပစ္စယ လုံလောက်ပြီ။ မိဘသဘောမတူပေမဲ့ ခိုးရာလိုက်ပြေးပြီးတဲ့ သမီးကိုတော့ ပြန်ခေါ်ပြီး မင်္ဂလာထပ်ဆောင်ပေးမှာ သေချာသည်။ ထိုအခါကျမှ ၀တ်စုံလှလှပပတွေကို အတိုးချ ၀တ်တော့မည်။ အခုတော့ ကိုရင်သာထွန်းနဲ့ အတူနေရဖို့က ပိုအရေးကြီးသည်။ 

ညနေခင်းက အဖြစ်ကလေး စဉ်းစားမိပြီး ပြုံးလိုက်မိသေးသည်။ တစ်ဖက်ရွာက လက်ဆောင်ရလာသည့် ဒညှင်းသီးမီးဖုတ်ဖြင့် ညနေစာကို မိသားစု အတူတူ စားကြသည်။ ကြည်မာလဲ ဒညှင်းသီးဆို အသေကြိုက်။ ဒညှင်းသီးမီးဖုတ် သုံးစိပ်တိတိ ကြည်မာ စားဖြစ်ခဲ့သည်။ ထို့နောက် ခိုးရာလိုက်မဲ့ အစီအစဉ်ကို အမှတ်ရပြီး သွားကို ထပ်ခါထပ်ခါ တိုက်နေမိသည်။ ကိုယ့်ပါးစပ်နဲ့ကိုယ် အနံ့ခံလိုက်၊ သွားပြန်တိုက်လိုက်နဲ့ သံသရာ လည်နေခဲ့သည်။ မောင်ဖြစ်သူကတောင် အမ ဒီနေ့ သွားတွေ သ လှချည်လား၊ အရေးကြီးတဲ့သူနဲ့ တွေ့ဖို့ အစီအစဉ်ရှိပုံရတယ် လို့ စ နောက်နေသေးသည်။ မဟုတ်ပါဘူး ငါ့မောင်ရယ် ဒညှင်းသီးတွေ သွားကြားထဲ ညှပ်နေလို့ အခုလို သွားတိုက်နေရတာပါဆိုပြီး မလုံ့တလုံ ပြန်ပြောခဲ့ရသေးသည်။ တိုက်ဆိုင်မှုက တိုက်ရိုက်ဖြစ်နေလေတော့ မလုံမလဲ ဖြစ်မိခဲ့တာတော့ အမှန်။ 

ည ၁၀း၄၅ နာရီ

ဒီအချိန်ဆို ကိုရင်သာထွန်း ကောက်ရိုးပုံနား စောင့်နေလောက်ပြီ။ အချိန်ဆွဲနေလို့ မဖြစ်တော့။ သွားဖို့ အချိန်တန်ပြီ။  ဒါပေမဲ့ အမှန်တကယ် မိဘနဲ့ ခွဲရတော့မယ် ဆိုတဲ့ အသိက ရင်ကို လာထိသည်။ မျက်ရည်တွေ မဖိတ်ခေါ်ဘဲ ရောက်လာသည်။ သေကွဲ ကွဲတာမှ မဟုတ်တာ ဘာမှ ၀မ်းနည်းစရာမလိုပါဘူး။ အချိန်တန်ရင် မိဘနဲ့ ပြန်တွေ့ခွင့်ရဦးမှာဘဲ ဟု အားတင်းပြီး မိဘနှစ်ပါး ရှိရာသို့ မှန်းဆပြီး ဦးသုံးကြိမ်စီချကာ ကန်တော့လိုက်သည်။ ထို့နောက် မီးလပ်စ် စနိုးဗူးလေးကို ဖွင့်ပြီး မျက်နှာတစ်ခုလုံး ကပျာကယာ လိမ်းခြယ်လိုက်သည်။ ထို့နောက်တွင်တော့ အခန်းထဲမှ ခြေဖော့ကာ ထွက်ခဲ့ပြီး အိမ်တံခါးမကြီးကို အသာအယာဖွင့်ကာ အပြင်ဘက်မှ ပြန်၍ တံခါးစေ့ထားခဲ့ပြီး အိမ်ပေါ်မှ အထုပ်ပိုက်ကာ ဆင်းခဲ့လေတော့၏။ 

ကိုရင်နဲ့တွေ့ရတော့မယ်၊ အိုရတော့မယ်ဆိုတဲ့ အသိက ရင်ကို အခုန်ပိုမြန်စေလေ၏။ တကယ်တမ်း အိုရတော့မယ်ဆိုတော့လဲ  ကြောက်သလိုလန့်သလို ဖြစ်လာပြီး ချွေးစေးများ ပြန်လာလေ၏။ ကိုရင်က ငါ့အပေါ် ကောင်းလောက်ပါတယ်လေ။ သူ့ခမျာ ငါ့ကို အရမ်းချစ်ရှာတာ။ တစ်သက်လုံး အေးအေး ချမ်းချမ်း အတူတူ နေထိုင်ရလောက်ပါတယ် လို့ စဉ်းစားပြီး ကြောက်စိတ်ကို ပြန်ဖြေလေ၏။ သို့သော် ကောက်ရိုးပုံနား နီးလေ ကြောက်စိတ်ဝင်လေတော့ ဖြစ်နေမိ၏။ ဗိုက်ထဲက နာလာသလိုလို အိမ်သာတက်ချင်သလိုလို အပေါ့သွားချင်သလိုလို ဖြစ်လာပြီး ခြေလှမ်းများပင် မမှန်ချင်တော့။ ကတုန်ကယင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျချင်သလိုလို ဖြစ်လာ၏။ ချွေးစေးတွေကလဲ တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။
....

ဟော... ဟိုမှာ ကြည်မာ လာနေပြီ။ ငါ ဘယ်က စပြီး ဘယ်လို လုပ်ရပါ့မလဲ။ တွေ့တွေ့ချင်း အတင်းဖက်ပြီး မွှေးမွှေးပေးလိုက်ရင် ရိုင်းတယ်လို့များ ထင်သွားလေမလား။ လက်ကလေးကမ်းပေးပြီး လာ သွားကြစို့ဆိုပြီး ပြဇာတ်ဆန်ဆန် လက်မှတ်ထိုးဖို့ တစ်ဖက်ရွာကို ချီတက်ရ ကောင်းလေမလား။ ဒါမှမဟုတ် ဒီကောက်ရိုးပုံမှာ ခဏနားပြီး အေးအေးဆေးဆေး စကားပြောရ ကောင်းလေမလား။ အင်း.. ဘယ်အရာမဆို အစမှာ ခက်လေ့ခက်ထရှိတယ်ဆိုတာ ဟုတ်လောက်တယ်။ မီးစင်ကြည့် က ရတော့မှာပါ့။

"ကိုရင် ကိုရင်... ကြည်မာ ဗိုက်နာလာလို့ ဒီအထုပ် ခဏလေး ကိုင်ထားဦး။ ကြည်မာ တောစပ်ခဏသွားပြီး တောထိုင်လိုက်ဦးမယ်"

"အော်... အေး..အေး ထားခဲ့ ထားခဲ့"

ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာသည်။ ရင်ခွင်ထဲ ခေါင်းထိုးထည့်ပြီး ချစ်လိုက်ရတာ ကိုရင်ရယ် ဟု တိုးတိုးမောလျသံလေးဖြင့် ပြောသည်။ မီးလပ်စ် စနိုးအနံ့လေးက နှာခေါင်းကို လာမိတ်ဆက်သည်။ နှာခေါင်း ပွစိပွစိ ဖြစ်လာသည်။ ထိုအခိုက် ကြည်မာ့ထံမှ ဘူကနဲ လေလည်သံ ထွက်ပေါ်လာသည်။ အသံနဲ့အတူ စူးစူးရှရှဒညှင်းသီးနံ့ပါ ကပ်ပါလာလေသည်။ 

"ကိုရင်... ကြည်မာ ဗိုက်နာလာပြန်ပြီ။ ညနေတုန်းက ဒညှင်းသီး မီးဖုတ်စားခဲ့တာကြောင့်ထင်တယ်။ ခဏလေးနော်။ ကြည်မာ တောသွားထိုင်လိုက်ပြန်ဦးမယ်"

ဒီတစ်ခါတော့ ကြည်မာရဲ့ ၀မ်းလျောတဲ့အသံ၊ တင်ပါးကို ခြင်တွေ ဖြုတ်တွေကိုက်လို့ တဖျတ်ဖျတ် လက်နဲ့ ရိုက်မောင်းနေတဲ့အသံတို့ကို အတိုင်းသား ကြားနေရလေ၏။ ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာပြန်၏။ ထို့နောက် ဗိုက်ပြန်နာသည်ဆိုတာ တောထိုင်သွားပြန်လေ၏။ ထိုကဲ့သို့ ပြန်လာလိုက် ပြန်သွားလိုက်နဲ့ ငါးကြိမ်မြောက် ၀မ်းလျောအပြီးမှာတော့ ကြည်မာတစ်ယောက် ယဲ့ယဲ့လေးသာ ကျန်လေတော့၏။ 

ကောက်ရိုးပုံကို မှီထိုင်နေသည့် ကိုရင့်ရင်ခွင်ထဲသို့ ကြည်မာ့တစ်ကိုယ်လုံး တိုးပြိုကျလာ၏။ ကိုရင်လဲ အလိုက်အထိုက် ဖက်ထွေးထားလိုက်၏။ ကြည်မာ့ခန္ဓာကိုယ်တစ်ခုလုံး ဒညှင်းသီးနံ့ဖြင့် နံစော်နေလေ၏။ စကားပြောတိုင်းလဲ ပါးစပ်မှ ဒညှင်းသီးနံ့ ထွက်နေ၏။ လေလည်ပြန်ရင်လဲ ဒညှင်းသီးပုပ်နံ့ တလှိုင်လှိုင်ထ၏။ ၀မ်းသွားပြီးသည့်အခါ ရေမသုံးဘဲ နီးစပ်ရာ သစ်ကိုင်းလေးများဖြင့်သာ သုတ်သင်ခဲ့ရသောကြောင့် ထိုအရပ်မှလည်း ဒညှင်းသီးနံ့ထွက်ပေါ်နေပုံရ၏။ ခန္ဓာကိုယ်မှထွက်သည့် ချွေးစေးများ၏ အနံ့သည်လည်း ဒညှင်းသီးအနံ့ ဖြစ်နေလေတော့၏။ ကိုရင်သာထွန်းတစ်ယောက် ချစ်ရသူ ကြည်မာကို ပိုက်ထွေးထားရသည်နဲ့ မတူတော့ဘဲ ဒညှင်းသီးပုပ် အိတ်စုပ်ကြီးတစ်လုံးကို ဖက်တွယ်ထားရသကဲ့သို့သာ ထင်မှတ်နေမိလေတော့၏။ နံလိုက်သည့် ဖြစ်ခြင်း။ အော်...ဒုက္ခ ဒုက္ခ။

"ကဲ.. ကြည်မာရေ... ကိုတို့ လက်မှတ်သွားထိုးရမဲ့ ရွာက သုံးမိုင်လောက် ဝေးတယ်။ ကြည်မာလဲ အဲဒီလောက် လမ်းလျှောက်နိုင်မယ်မထင်ဘူး။ အခုတောင် ယဲ့ယဲ့လေးဘဲ ကျန်တော့တာ။ ဒီတော့ ကြည်မာ အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူရင် ပိုအဆင်ပြေမယ်ထင်တယ်။ အခုထက်ထိ ကြည်မာ့အိမ်ကလဲ ကြည်မာ ထွက်တာလာ သိကြသေးပုံမပေါ်ဘူး။ ဒီတော့ ကိုတို့ ရွာထဲ ပြန်ဝင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြတာပေါ့။ ကြည်မာ့အထုပ်ကိုတော့ ကို့ကို ပေးခဲ့လိုက်။ နောက်အခွင့်သာမှ ပြန်ယူပေါ့။ တော်ကြာ ကြည်မာ့ အိမ်အတက်မှာ ကြည်မာ့မိဘတွေ မြင်သွားရင် ဖြေရှင်းရ ခက်နေဦးမယ်။ ဒီအတိုင်း အထုပ်မပါဘဲ အိမ်ပေါ်အတက်မှာ တစ်ယောက်ယောက် မြင်သွားရင်လဲ ဗိုက်နာလို့ အိမ်သာသွားတက်တာလို့ ပြောလိုက်ရုံပေါ့။ နော်။ ကြည်မာ ကျန်းမာရေး လုံးဝ ကောင်းလာတဲ့အခါကျမှ ကိုတို့ရဲ့ ရှေ့ရေးအတွက် ထပ်ဆွေးနွေးကြတာပေါ့။ ဟုတ်ဖူးလား"

"ကြည်မာလဲ အဲလို ပြောမလို့။ ကို့ကို အားနာလိုက်တာ။ တကယ့်အရေးကျမှ ဒညှင်းသီးက လာဖျက်တယ်။ ကြည်မာ တကယ် စိတ်မကောင်းဘူး။ ကြည်မာတို့ ရေစက်မပါလာကြဘူး ထင်တယ်နော်"

တိုးလျစွာဖြင့် ကြည်မာ ညီးညူသည်။ ထို့နောက် နှစ်ယောက်သား မတ်တပ်ထလိုက်ကြသည်။ ထို့နောက် ကိုရင်သာထွန်းတစ်ယောက် ကြည်မာကို ဖြေးဖြေးချင်းတွဲခေါ်ပြီး ကြည်မာ့အိမ်နဲ့ မလှမ်းမကမ်းအထိ လိုက်ပို့ပေးလိုက်လေတော့၏။ ကြည်မာ့အိမ်က  ဘာသံမှ မကြားရတာ ထောက်ရင် ကြည်မာ အဆင်ပြေစွာ အိမ်ထဲ ၀င်ရောက်နိုင်တာ သေချာပြီ။ ပူစရာ မလိုတော့။

ထို့နောက်တွင်တော့ ကိုရင်သာထွန်းတစ်ယောက် ကြည်မာရဲ့ အထုပ်အိတ်ကလေးကို ပိုက်ကာ အိမ်သို့ ပြန်လာခဲ့လေ၏။ တစ်ခါတစ်ခါ ကိုရင်တစ်ယောက် ညဥ့်နက်သန်းခေါင်ရောက်မှ ရွာလည်ရာက ပြန်လာနေကျမို့ မိဘတွေအတွက်ကတော့ ဘာမှ ပူစရာမလို။ သက်တောင့်သက်သာ အိမ်တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်၏။ အဖေနဲ့ အမေ နှစ်ယောက်လုံး အိပ်မောကျနေကြလေပြီ။ သို့သော် အဖေ ဖွင့်ထားသည့် တရားတိတ်ခွေမှာမူ တစ်ပတ်ပြန်လည်ပြီး တိုက်ဆိုင်စွာပင် ကိုရင်သာထွန်း အိမ်က ထွက်ခွါစဉ်က ကြားနားခဲ့ရသည့်  နေရာသို့ ပြန်ရောက်နေလေတော့၏။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

+=++========++++=

...
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

..

20 comments:

mstint said...

တရားသံကို မကြာခနကြားလိုက်ရတဲ့ ကိုရင်သာထွန်း နောက်တစ်ကြိမ် ကြည်မာချိန်းရင် စောင့်တော့မယ်မထင်ဘူးး)
သူကြီးမင်းလည်း ချစ်သူကိုပြောထားလိုက်အုံးနော် ဒညင်းသီးကလွဲရင် ခွင့်ပြုတယ် ခွင့်လွှတ်တယ်လို့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဒညင်းသီးရနံ့ သင်းပျံ့ကြည်နူးဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါလား... :)

ဘုန်း ၂ တောက် said...

အင့် ဒညင်းသီး စားပြီဆိုမှဖြင့် လေတော့လည်တော့မယ်လို့ ထင်နေတာ ၀မ်းပါလျှောသွားတာကိုး။ ဇာတ်လမ်းက အဲဒါနဲ့တင် ပြီးရောလား တဂျင်းမီးရေ။ တန်းလန်းကြီး...

(စကားပြောဟန်လေးနဲ့ အရေးအသားက အိအိရိရိရှိပြီး ချောမွတ်နေတာပဲ)

book book လောကနဲ့ ပြောရမယ်ဆိုရင် တီတင့်ရဲ့ Comment ကို like လုပ်တယ်ကွာ။

အော် စကားမစပ် ကိုရင်သာထွန်းဆိုတာ တဂျင်းမီးရဲ့ nick name မဟုတ်ပါဘူးနော်။ :v

ချမ်းမြေ့ပါစေ
သူကြီးမင်းရေ။
ခင်မင်တဲ့

စုချစ် said...

ငယ်ရည်းစား နာမည်က ကြည်ကြည်မာလား ဟင်... ဟီး...း)
ရယ်လိုက်ရတာ... ရုံးမှာ ဖတ်နေရင်း ပါးစပ်ကို လက်ဝါးနဲ့ အုပ်ထားရတယ်...
ဇာတ်လမ်းလေး ဆက်အုံးနော်... နောက်တစ်ခါခိုးတော့ ဘယ်လို ထပ်လွဲသလဲ ဆိုတာလေး.... ;P

စံပယ်ချို said...

တကယ်လို့ကြည်မာနေရာမှာ ဂျက်သာဆိုရင်ကိစ္စပြီး
ပါတယ် ဘာကြောင့်လဲဆိုတော့ ဂျက်ကဒညင်းသီး
မစားလို့ပါ...
ဒီပွဲကိုဖျက်တာ ဒညင်းသီးလေ...
ကြည်မာကိုလဲ နောက်တခါ မစားခိုင်းပါနဲ့တော့နော်
ခင်မင်တဲ့ jasmine

Anonymous said...

သကြိးမင်း လည်း ဒညင်းသီး ရေမွှေးကြောင့် လူပြိုကြီး များဖြစ်ခဲ့လေသလား ...

ခင်တဲ့
ရွှေစင်ဦး

AH said...

ဒါ တဂျီးမင်းမဖြစ်ခင်... ငယ်ဘ၀အကြောင်းပြန်ပြောင်း အောက်မေ့ပြီးတော့ ရေးထားတာဖြစ်ရမယ်... :P

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးးးးးးးးး။
သူကြီးမင်းတို့ လုပ်လိုက်မှဖြင့် အူကိုနာလို့ ။

တီတင့်ရာ ဒီသူကြီးလား ချစ်သူရှိမှာ
သူ့ဖာသာ အဖြစ်မရှိလို့ တရားသဘောတွေနဲ့ ရောချနေတာကိုး)။

သည်တစ်ခါ ကျုပ်အလှည့် သူကြီး။

မိုးနတ်ကြယ်စင် said...

ဇာတ်လမ်းလေးဆက်အုံးနော်..သကြီးမင်းရေ..
ဘာဆက်ဖြစ်လဲသိချင်ပေမဲ့...တီတင့်ပြောသလို
နောက်တခါဆို ကိုရင် ..ကြည်မာ့ကိုကောက်ရိုးပုံနားမှာ
စောင့်တော့မယ်မထင်ဘူး...ဟိ..
အရေးအသားကတော့ ကောင်းသဗျို....
ဖတ်ရတာရှောရှောရှုရှုနဲ့...ဂလုဂလု..ဒီလိုအရေးအသား
မျိုးတွေ သကြီးမင်းက အတော်ပိုင်သကိုး..
မဟုတ်မှလွဲရော....အင်း..မဟုတ်မှတော့လွဲပြီပေါ့..

lwannaung said...

သြော်.. ဒညင်းသီး ဒညင်းသီး..

blackroze said...

ဟင်းးဟင်းးဟင်းး
သူကြီးမင်းး

လွင်ပြင်လှိုင်းငယ် said...

သူကြီးမင်းရေ အရမ်းရီရတယ်ဗျို့

ကူးကူးလှိုင် said...

သူဂျီးမင်းရေ နောက်တစ်ကြိမ်ခိုးဖြစ်လား မခိုးဖြစ်တော့ဘူးလား ဇာတ်လမ်းကို သေချာလဲသိမ်းမပေးဘူးနော် ဒါမှမဟုတ် လူပျိုကြီးဖြစ်သွားလေသတည်းများလား...

Candy said...

ဟဟဟဟဟ ရီလိုက်ရတာ.... xD xD ဒညင်းသီးတန်ခိုးပြတဲ့ သဘော ဟီးဟီးဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"
ဒီစကားတွေ ဘာဖြစ်လို့ အထပ်ထပ် ပြန်ရစ်နေတာလဲ သူဂျီးရာ . ကြည့်ရတာ မိန်းမတွေကို စိတ်နာနေတယ် ထင်တယ် ဟိဟိ..
အော် ကြည်မာ ကြည်မာ .. အိုခါနီးမှ ဓညင်းသီးက ဖျက်ရတယ်လို့.. :P

Angelhlaing(May everybody be happy and healthy! said...

အဟား ..အကိုကတော့လေ.. ရေးတက်ပလို့..:)

Anonymous said...

သယ်ဂျီးရေ ကျုပ်တော့ အခြေအနေအရ အပြီး မဖတ်နိုင်ဖူးဗျာာ ဒီတော့ကူးထားလိုက်တယ် နက်ဖြန်ကျမှဖတ်လိုက်မယ်နော့း)

ထမံသီသူလေးတွေချောသဗျာ့ သယ်ဂျီးအတွက် ရှာပေးထားရမလားး)


မောင်ဘကြိုင်
ခေတ္တ(သို့) အပြီးး)

အိမ်မက်စေရာ said...

အလည်လောက်ပြီး အရမ်းကောင်းတဲ့ စာလေးတွေဖတ်သွားတယ်..အိမ်မက်ညံ့လို့ပဲ ဖြစ်မယ် သူတို့ပြောနေကြတဲ့ သူကြီးမင်း သူကြီးမင်း ဆိုတာ ခုမှ ပဲ ဘယ်သူလဲ ဆိုတာ သိတော့တယ်။.။။း))နောက်ဆို မကြာမကြာ လာလည်မယ်နော်..။

Anonymous said...

Our creative painters are university professors,their energy and creativity is strong.their works have excellent collection [url=http://www.collieart.com]oil painting[/url] value,there is a massive amount works were collected by foreign collectors and art museum.our creative painters have various rich imaginations and creativity.our painters may in accordance with the picture and so the idea you provide to help with making the initial .

Anonymous said...

Farm [url=http://bestuff.com/profile/start5money] oil painting[/url] Works Which may Photographs / Acrylic Work Closed Different Many agreed upon oils decorating, and much more obtainable Antiques, given that quality VB Neuruppin Old Petrol Painting like a professional To Philippine Bare Gasoline Ideas for painting Cookware Nude photographs Very many years good old real life piece on the subject of request it is typically shipped 90 EUR Neuruppin Style Oil Piece of art Fine art Oil and gas Painting like a professional "rain-slicked roads "on material and even extender, graphic dimensions 50x70cm. Many Eight hundred EUR Z¨1hlsdorf essential oil pictures Hi there, I really at this point offer an fat painting like a pro, which inturn contains this personalized Otto Lehmann. Merely NEN VB Potsdam essential oil painting like a professional by way of wood pattern spectacular good old petrol art work Some,1000 EUR VB Glienicke PerVersus Nordbahn oil and gas painting like a pro fish oils concerning cloth Past antique. Volume together with structure 78 conditions 95 centimeters. VB Potsdam petrol painting mountain range marketing at this point autographed your well-preserved prints about artisan P. Petry. Size 55 back button 96 35 EUR VB Baruth And Label fat painting them circa 1830 gasoline ideas for painting circa 1830 bed-linen on stretcher, additional dimensions of the style 63 c 51 centimeters, within lengths and widths 100 c 140 EUR Zossen Yesterday evening, Thirteen:60 Fat Painting like a pro, flower quarta movement coffin delightful acrylic painting them, (for my situation) not likely familiar ok'd, given that the 70s inherited. VB Potsdam Last week, Eighteen:36 through aquarium tank, aquarium tank past shot aquarium sell off approximately 35cm diameters, with the help of trim 11 EUR Neuruppin