Wednesday 7 September 2011

သူကြီးမင်းရဲ့ ဘလော့ဂါပုံပြင် (တဂ်ပို့စ်)


မိုးကဖွဲဖွဲ။ နေရောင်က မှုန်သုန်သုန်။ ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်း။ တောင်ပြန်လေက တဖြူးဖြူး။ အအေးဓါတ်က ခပ်စိမ့်စိမ့်။ ဖြစ်ချင်တော့ ဒီနေ့မှ မျှစ်ချဉ်နဲ့ ၀က်သား ချက်စားဖြစ်သည်။ မီးဖိုဆောင်က အောက်ထပ်မှာမို့ အောက်ထပ်မှာဘဲ စားခန်းသောက်ခန်း ဖွင့်ဖြစ်သည်။

မျှစ်ချဉ်ဟင်းဆိုတော့ တက်စာပေဘဲ။ တက်စာ စားပြီး အပေါ်ထပ်သို့ တက်လာမိသည်။ တက်တက်ကြွကြွဖြင့် ကွန်ပျူတာကို ဖွင့်ပြီး အင်တာနက်ထဲ ၀င်ကြည့်ဖြစ်သည်။ ကွန်နက်ရှင် နှေးနေသည့်အတွက် "တောက်"ကနဲ တက်တစ်ချက် ခေါက်လိုက်မိသေးသည်။ ဘလော့တစ်ခွင် လျှောက်လည်ကြည့်မိတော့ တက်သစ်စ ဘလော့ဂါတွေ အတော်များနေသည်ကို သတိထားမိသည်။ ထုံးစံအတိုင်း သူကိုယ်တိုင် ဖန်တီးထားသည့် ဘလော့လေးထဲ ၀င်ကြည့်လိုက်သည့်အခါ တဂ်စာ တစ်ပုဒ်ကို တွေ့လိုက်ရသည့်အတွက် "ဂစ် ဂစ် ဂစ်" ဟူ၍ တက်သွားမတတ် ဖြစ်သွားမိသည်။ တက်စာတွေ ရှောင်ထားပါတယ်ဆိုမှ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် တက်စာတွေနဲ့ချည်း တိုးနေပါရော့လား။း))) တဂ်ထားသည့်သူက ထံ တျာ တေတွေ မြန်မကြာဝေတဲ့ မန္တလာမြေမှ အပျိုဆိုးတွေကို နှိမ်တဲ့ ကိုကိုးအိမ်တဲ့။

တက်စာတွေ ရှောင်ထားပေမဲ့ "တက်ကျိုးရင် လက်ထိုးလှော်"မည့်သူ ဖြစ်သည်နဲ့ အညီ သက်ပြင်း လုံးဝ မချဘဲ သက်သက်သာသာဖြင့်ပင် ကိုကိုးအိမ်ရဲ့ တဂ်စာကို သွေးတက်တက်ဖြင့် တက်ကြွစွာ ရေးမိလိုက်လေသည်။ တက်ခေတ်ကြီးမှာ တက်စာတွေ စားနေရ၊ တဂ်စာတွေ ရေးနေရသည်ကိုပင် တိုးတက်သည်ဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါလား။ "ငုတ်မိသဲကိုင် တက်နိုင်ရင် ထက်ဖျားရောက်"ဟူ၍ ဆိုထားသည့်အတွက် တဂ်စာများကို နှစ်သက်စွာ ရေးသင့်သည်ဟု မြင်မိသည်။ ဆရာကြီးသိန်းဖေမြင့်၏ "တက်ခေတ်ဘုန်းကြီး"၊ "တက်ခေတ်နတ်ဆိုး"တို့လောက် ရသ မမြောက်သည် ထားဦး၊ တက်လမ်းရှာဖွေသူတို့အတွက် တဂ်စာကို တက္ကသိုလ်ကျောင်းသားများ နိုက်ကလပ် တက်ကြသကဲ့သို့ နေတက်ရေတက်မှာ တက်တက်ကြွကြွ ရေးသားသင့်သည် မဟုတ်ပါလော။း))

အင်းးး လေရှည်သွားပြီထင့်။ ကိုကိုးအိမ် တဂ်တဲ့ ခေါင်းစဉ်က "ဘလော့ဂါဆိုတာဘာလဲ" တဲ့။ အမှန်မှာ သူ(ကျနော်)သည် ထိုတဂ်၏ အဖြေကို ယခုမှ ရေးသားခဲ့သည် မဟုတ်၊ ဟိုးးးး လွန်ခဲ့သည့် ၂ နှစ်လောက်ကထဲက ဘလော့ဂါဆိုတာ ဆိုသည့်ခေါင်းစဉ်ဖြင့် ရေးသားဖူးခဲ့လေသည်။(ကြော်ငြာ)း(။ သို့သော် ယခု တဂ်ကြသည့် "ဘလော့ဂါဆိုတာဘာလဲ" ဆိုသည်မှာ "တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း"ဆိုသလို သစ်ဆန်းနေသဖြင့် အဘယ်ကဲ့သို့ ရွှီးရမည်နည်းဟုသာ စိတ်တွင်း သန္ဓေကိန်းနေမိလေတော့သည်။ သိသလောက် ပေါရရင်ဖြင့်... အင်း.. ပြောရရင်ဖြင့် ဘလော့ဂါဆိုတာ ဒီလိုပါတဲ့။

ဘလော့ဂါဆိုတာ.....
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ တဲ့။း))

နောက်ပြီး...
B=Boasting ( ကြွားဝါခြင်း)
L=Laughing (ဟားတိုက် လှောင်ပြောင်ခြင်း)
O=Over-talking (အလွန်အမင်းပြောဆိုခြင်း)
G=Gossiping (အတင်းအဖျင်းပြောဆိုခြင်း)
G=Grousing (ညည်းတွားခြင်း)
E=Entertaining (ဖျော်ဖြေပေးခြင်း)
R=Rumouring (ကောလာဟလ ထုတ်လွင့်ခြင်း) တို့ကို လှိုင်လှိုင် သုံးစွဲကြတဲ့သူတွေ တဲ့။ ။

မှတ်ချက်။
http://www.eot.com/Encyclopedia of Tonebalar (New version) နှင့် http://www.tld.com/ Tonebalar Learners' Dictionary (9th Edition) တို့ကို ကိုးကားထားပါသည်။
.....

အန်တီတင့်ကတော့ သူ့ဘလော့မှာ ဒီလိုလေး ဖွင့်ဆိုထားလေရဲ့။

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"

အန်တီက တည်တည်ငြိမ်ငြိမ်စာရေးတဲ့သူဆိုတော့ သူ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေး အရမ်းကောင်းပါတယ်။ ကျနော်လဲ ကြိုက်ပါတယ်။ ကြိုက်လို့လဲ သူ့ဆီက ဒီစာသားလေးကို ပြန်ဖော်ပြလိုက်တာပါ။ သဒ္ဒါကို သဒ္ဓါလို့ ပြင်လိုက်တာက လွဲရင်ပေါ့။ (ကျနော်လဲ အန်တီတင့်နဲ့ သဘောထပ်တူ ကျပါတယ်)။
...

အင်း.. နောက်ပြီး ဘလော့ဂါဆိုတာ ဒီလိုလေးလဲ ပတ်ဝန်းကျင်ကို စပ်စုတတ်ဦးမှ။း))
ပြီးတော့ ဘလော့ဂါဆိုတာ ဒီလိုလေးလဲ Context မိမိနဲ့ ဖတ်တဲ့သူ ခေါင်းမူးအောင် ရေးတတ်ဦးမှ။း))
.....

(ချုပ်ပြောရရင်တော့...)
ဘိလပ်မှာနေပြီး ဗမာလိုပြောသည်။
လောက်လောက်ငှငှ ချက်ပြုတ်စားသောက်သည်။
ဂါဂါ(လေဒီ)ကို ကြိုက်နှစ်သက်သည်။
ထို့ကြောင့်
ထိုသူကို ဘလော့ဂါဟု ခေါ်သည်။ ။
...

ထပ်ဆင့်မှတ်ချက်။
ရယ်မောစေလို၍ ကြီးတောင့်ကြီးမားနဲ့ ပေါလိုက်သည်။ ပေါလော့ဂါ.. အဲ.. ဘလော့ဂါအပေါင်းလဲ ပေါနိုင်... အဲလေ.. ပျော်နိုင် ရယ်မောနိုင်ကြပါစေ။း))

ခင်မင်လျှက်
ကိုကိုမောင်(ပန်းရနံ့)

.

22 comments:

SHWE ZIN U said...

သြ

မြန်မာပြည်မှာ နေပြီး အင်္ဂလိပ် လိုပြော
လောက်လောက် ငှငှ ချက်ပြုတ်မစားသောက် နိုင်ဘူး
အာဇာနည် ကိုကြိုက်တယ်

ဒါဆိုရင် အင်လောက်အာ လို့ ခေါ်ရမှာပေါ့နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အင်းဗျာ့ ကျွန်တော်လည်းရခိုင်ခရီးရောက်ရောက်ချင်း ကြားလိုက်တော့ တက်မတတ်ဖြစ်သွားရဲ့
လောလောဆယ်တော့မရေးနိုင်သေးဖူးး
သဂျီးရဲ့ ဘလော့ဂါဖွင့်ဆိုချက်လေးမှတ်သားသွားတယ် သဂျီးရေ...း)

မောင်ဘကြိုင်

mstint said...

သူကြီးမင်းရဲ့ ဘလော့ဂါပုံပြင်မှ ဘလော့ဂါအဓိပ္ပါယ်ဖွင့်ဆိုချက်နောက်တစ်မျိုး လာရောက်မှတ်သားစဉ် မြန်မာသဒ္ဒါမှားနေတာသည်ကိုလိမ္မာပါးနပ်စွာပြင်ပေးလိုက်သည့်အတွက် ကျေးဇူးဆပ်လိုသဖြင့် ကိုကိုမောင်နှင့် စာဖတ်သူတို့အား မနက်ဖြန် ကော်ရည်ခေါက်ဆွဲချက်ကျွေးပါမည်း))
[ပြန်ပြင်လိုက်ပြီနော် ကျေးဇူးး)]
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုးအိမ်(မန္တလေး) said...

ထံ တျာ တေတွေ မြန်မကြာဝေတဲ့ မန္တလာမြေမှ အပျိုဆိုးတွေကို နှိမ်တဲ့ ကိုကိုးအိမ်တဲ့။ အပျိုဆိုးတွေကို တော့မနှိမ်ပါရစေနဲ့ တကြီးမင်းရာ... ဘိလပ်ပြန် အပျိုချောလေးတွေဆိုလည်း တော်သေးရဲ့... အိုဗာတော့ကင်တွေရေးတဲ့ ကိုကိုးအိမ်တစ်ယောက် တက်စာတွေအတွက် ကျေးဇူးတင်သွားပါတယ်...

မင်းဧရာ said...

သူကြီးမင်း တို့ပြောက်လိုက်မှဖြင့် ရှင်းနေတာပဲ
ဒီလိုပဲ ရယ်ရယ် မောမောနဲ့ ဆက်လက်ပြီး ပေါ ကြသေးတာပေါ့နော။ ဒါနဲ့ မောင်နတ်ကြီးပုံပြင် ကဖတ်လို့ အဆင်မပြေဘူး အကိုကြီး download လုပ်တာလည်း အဆင်မပြေပြန်ဘူး နောက်များမှ ရှာကျံပြီးဖတ်တော့မယ်။

တောက်ပကြယ်စင် said...

မျှစ်ချဉ်! အင်္ဂလန်မှာလည်း မျှစ်ချဉ်ရှိတယ်ပေါ့နော်။ မြန်မာဆိုင်မှာ ရောင်းတယ်ပေါ့။

ဖတ်ပြီး ရယ်ရတယ်။ ဟား ဟား။

ဘလော့ဂါရဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပြတာ အလွန်သဘောကျမိပါရဲ့။

တက်စာရေးပြီး ဒီထက်မက တိုးတက်ပါစေဗျာ...

ကိုဇော် said...

ဂလိုမျိုးလည်း တဂ်ပြီးတော့ တတ်လို့ ရတာပဲကိုး. . ဟဲဟဲ

blackroze said...

တဂျီး

တဂျီးပေါတာက ရီလည်းရီရဘူးတော့

ခင်တဲ့ blackroze

မောင်မောင် said...

သြော် သဂျီးမင်း ရဲ့  ဘလော့ဂ်ဂါ အဓိပ္ပါယ် ဖွင့်
ဆိုချက် အား ကောင်းမွန်စွာ ဖတ်ရှု့ သွားပါ
ကြောင်း ခင်ဗျာ....
ပေါပေါ နေ၍ အသက်ရှည်ပါစေ သဂျီးမင်း..

မိုးယံ said...

ကြီးကောင်ကြီးမားနဲ့ ပေါသတဲ့လားသဂျီးရယ်..

လာဖတ်တဲ့ သည်ကောင်လဲ ငပေါပါပဲ....ဟဲဟဲ

Angelhlaing(May everybody be happy and healthy! said...

တော်လိုက်တာနော် အကိုတို့များကြတော့ ... ဘလော့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ဘာရေးရမှန်းမသိလို့ပါ ဗျို့ :):)

ဟန်ကြည် said...

အောင်မလေး သူကြီးရယ်...
ဘာဖြစ်လို့များ ဒီလောက်ပြောင်ပြောင်မြောက်မြောက် အဓိပ္ပာယ်ဖွင့်ပစ်လိုက်ရပါလိမ့်...သူကြီးကမှ မျှစ်စားလိုက်ရသေးတယ်...ဒီမှာတော့ ဘာမှမစားဘဲ တဂ်ခံရလို့ အကြံကုန် ဘလော့ဂါ ဆားချက်လုပ်ရင်း လာဖတ်မိမှပဲ ကုန်တဲ့အကြံလေးပါ ခမ်းပါပေါ့လား...သူကြီးမင်းညွှန်းတဲ့ ဒီလိုလေး နှစ်ယောက်ကို ပြေးကြည့်လိုက်တော့...အင်း သူကြီးတော့ နောက်ပြီလို့ ရေရွတ်ပြီး အသားလေးလစ်လိုက်ရပါကြောင်းဗျား...

သူကြီးရေးတဲ့ ၀ထ္ထုကို ဖြည်းဖြည်းချင်းဖတ်နေပါကြောင်း...ဖြစ်ရပ်မှန်က စိတ်ကူးထက်ပိုပြီး အံ့သြစက်ဆုတ်ဖို့ကောင်းလွန်းနေတာကြောင့် နောက်တစ်ခေါက်ပြန်ဖတ်ပြီးမှ သုံးသပ်ချက်လာရေးပါတော့မဗျား...

မေဓာဝီ said...

ပတ်ဝန်းကျင် လေ့လာမှု အားကောင်းတာပါ သဂျီးရယ် ... စပ်စုတာ မဟုတ်ရပါဘူး။ ဘလော့ဂါ ရင့်မကြီးလုပ်နေပြီး စကားလုံးလှလှ သုံးတာမဟုတ်ဘူး။ တကတည်း ... ။
သူကျတော့ ကြီးတောင့်ကြီးမားနဲ့ ခိုတွေကိုတောင် မရှောင် အားကျစိတ်နဲ့ သွားငေးနေသေးတာများ ...
ဒါကြောင့် ဘလော့ဂါဆိုတာ ခိုတွေကိုလဲ အားကျတတ်သေးသည် ဆိုတာလေး ဖြည့်စွက်လိုက်ပါအုံး သဂျီးမြင်းရယ် ...

အိမ့်ချမ်းမြေ့ said...

စာကို အပြုံးနဲ့စဖတ်ပါတယ်..

ပြီးတော့ ကော့မန့်တွေ သေချာဖတ်ပါတယ်..

အဆုံးမှာတော့... မမေ ကော့မန့်ဖတ်ပြီး အသံထွက်အောင် ရယ်သွားပါကြောင်း...

မဒမ်ကိုး said...

သူကြီးအန်ဖတ် ကိုလာကြည့်တာ ဝေါ့ နံတယ် ..အဲ

ဘလော့ဂါဆိုတာ ခိုတွေကိုလဲ အားကျတတ်သေးသည် ဆိုတာလေး ဖြည့်စွက်လိုက်ပါအုံး သဂျီးမြင်းရယ် ...
ဒါကိုအကြိုက်ဆုံးး)

ကိုရင် said...

အင်း..ကပ္ပိယကြီး သူကြီးမင်းတို့ကတော့ လုပ်ပီ..
မှတ်သားလောက်တယ်..မှတ်သားလောက်တယ်..

နေ၀သန် said...

သူကြီးရဲ့ ၀က်သားမျှစ်ချဉ်စားချင်ဒလယ်... :D

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် သူဂျီးမင်းကို တဂ်လိုက်တာ မန္တလာမြေက အပျိုဆိုးတွေကို နှိမ်တဲ့ ကိုကိုးအိမ်ကိုးး
ဘယ်လို အပျိုဆိုးတွေကို နှိမ်တာပါလိမ့် စိတ်ဝင်စားထှား)
သူဂျီးရဲ့ ဘလော်ဂါဖွင့်ဆိုချက်ထဲကလို အီစီကလီတော့ မလုပ်ရပါဘူး သူဂျီးရဲ့ အာလဲမအာပါဘူး (ကျီးကန်းမှမဟုတ်တာ)
ဟားတိုက်ပြီးလည်း လှောင်ပြောင်တာမျိုးမလုပ်ပါဘူး
ပါးစပ်လေးစိပြီးတိတ်တိတ်လေးဘဲ ရယ်မိတာပါ။
သူဂျီးလုပ်မှ အသံအကျယ်ကြီးနဲ့တောင် မရယ်မိအောင်ဖြစ်နေပြီ ဟိဟိ
(ပါးစပ်ကိုလက်ကလေးနဲ့ပိတ်ပြီး ရယ်သွားခြင်း)

Maung Myo said...

ဘလော့ဂါဆိုတာ ဒီလို ဂုဏ်ဒြပ်တွေရှိမှန်းခုမှပဲသိတော့တယ် ဒါပေသိ ပေါက်သည့်နှဖူးမထူးမို့ ဒီတိုင်းပဲ ဆက်လိမ်ပါမည်း)))

An Asian Tour Operator said...

ဂုဏ်ယူစွာ မှတ်သားလေ့လာ သွားကြောင်းပါ။း)

Myanmar Good Knowledg Co., Ltd said...

ဟီဟီး
တပုဒ်တမျိုးမထပ်စေရဘူး။
စိတ်ကူးနဲ့ ဟာသကတော့ ထူးပါပေတယ်
သဂျီးမင်းရယ်

San San Htun said...

မှတ်သားလောက်ပါပေတယ် တဂျီးမြင်းရယ်...ရယ်သောသူသည် အသက်ရှည်၏..ပေါသောသူသည် ပိုအသက်ရှည်၏.. :D