Friday 12 August 2011

ကမ္ဘာကျော်ဒိုင်းဆု ရွေးချယ်ခြင်း

အနယ်နယ် အရပ်ရပ်မှ ပေးပို့လာကြသည့် သ၀ဏ်လွှာတို့အား ဒိုင်လူကြီး သုံးဦး တိတိကျကျ မှန်မှန်ကန်ကန် စစ်ဆေးနေကြသည်။ ကင့်မွန်နဲ့ ပို့ခဲ့သည့် သ၀ဏ်လွှာက ၂၆ စောင်။ အေးမီးနဲ့ ဆက်သခဲ့သည့် သ၀ဏ်လွှာက ၁ စောင်။ စောက်ဘီနဲ့ ပါးပေးခဲ့သည့် သ၀ဏ်လွှာက ၁ စောင်။ စုစုပေါင်း သ၀ဏ်လွှာ ၂၈ စောင် တိတိ ဖြစ်သည်။ ဒိုင်လူကြီး သုံးဦးက ထိုသ၀ဏ်လွှာ ၂၈ စောင်ထဲမှ အကောင်းဆုံး သ၀ဏ်လွှာအား ရွေးချယ် ပေးရမည်ဖြစ်သည်။ ထို အကဲဖြတ်ဒိုင်လူကြီး သုံးဦးမှာ အခြားသူများ မဟုတ်၊ ဆုံးဖြတ်ချက်များကို သမာသမတ်ကျကျ ဘက်မလိုက်ဘဲ ဆုံးဖြတ်ပေးခြင်း၌ နာမည်အလွန်ကြီးကြသည့် ပုဂ္ဂိုလ်ကြီး သုံးဦးပင် ဖြစ်လေသည်။ ထို သူတို့မှာ.......
၁။ကိုကိုမောင်
၂။ပန်းရနံ့
၃။တုံးဖလား သူကြီးမင်း ဟူ၍ ဖြစ်လေသည်။

ထိုဒိုင်လူကြီး သုံးဦးတို့၏ အဓိကရည်ရွယ်ချက်မှာ "ငယ်ရွယ် တက်ကြွ စန်းပွင့်" ဟူ၍ ဖြစ်သည်။ ထိုအချက်နဲ့ လုံးဝညီညွတ်သည့် သ၀ဏ်လွှာတစ်စောင်အား အကောင်းဆုံး သ၀ဏ်လွှာ အဖြစ် ရွေးချယ် သတ်မှတ်ပေးမည် ဖြစ်၏။ ထိုဒိုင်လူကြီး သုံးဦးတို့သည် အောက်ပါ သ၀ဏ်လွှာတို့အား တစ်စောင်ပြီး တစ်စောင် တစ်လှည့်စီ သေချာ စစ်ဆေးပြီး မှတ်ချက်ပေးနေကြလေသည်။ သ၀ဏ်လွှာအားလုံး အကောင်းတွေချည်းမို့ ပို၍ သတိထား စစ်ဆေးနေကြရသည်။

Blogger rose said...

Happy Birthday ပါ သူကြီးမင်း ဦးကိုကိုမောင်း) မွေးနေ့သာမက နေ့ရက်တိုင်းမှာ ပျော်ရွှင် ချမ်းမြေ့ပါစေရှင်။

Wednesday, 10 August 2011 14:54:00 GMT+01:00

ခေါ်ရက်လိုက်တာ။ ဦးကိုကိုမောင်တဲ့။ အသက်တောင် တစ်ရာလောက် ထပ်ကြီးသွားသလား အောက်မေ့လိုက်ရတယ်။း)))


Blogger အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY.. ပါ ကိုမောင်ရေ...
ဘာမှလည်းကြိုမပြောဘူးရော..
အလုပ်သွားခါနီး ဝင်ကြည့်လိုက်လို့တွေ့တာ..
မွေးနေ့မှ“စ”..နှစ်တရာတိုင် အနာရောဂါကင်းရှင်းပြီး လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါစေရှင်..

Wednesday, 10 August 2011 14:57:00 GMT+01:00

ကိုမောင်ရေတဲ့။ သူလေးကတော့ သိပ်မဆိုးဘူး။ စကာတင် ရွေးမယ်ဆို ရွေးလို့ ရတယ်။း)))

Blogger ညိမ်းနိုင် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ချမ်းမြေ့
ပါစေ တဂျီးမင်းရေ...၊ဒါနဲ့စကားမစပ် ကြောင်ဖမ်းဆရာ
တော်လည်းမေ့သလောက်ဖြစ်နေပြီ သူကြီးရဲ့.....:)))

Wednesday, 10 August 2011 15:19:00 GMT+01:00

တဂျီးဖြစ်လိုက် သူကြီးဖြစ်လိုက်နဲ့မို့ မောင်လေးကိုလဲ ရှောင်ပြေးလိုက်ရတယ်။ :D :D :D
Anonymous မင်းဧရာ said...

happy birthday သူကြီးမင်း........
ဒီနေ့ကစပြီး သူများမျက်စောင်းထိုးခြင်းကင်းပါစေ
( လူပျိုကြီးစာရင်းဝင် နေပြီဆိုတော့ အနည်းဆုံး ငှက်ပျောပင်ကတော့ မျက်စောင်းထိုးမှာပဲ}}}}:)
သတိလေးတော့ထားဗျာ့နော်
ကိုယ့်လုပ်စာ ကိုယ်စားပြီး နေရင်းထိုင်ရင်းက ငှက်ပျောပင်
မျက်စောင်းထိုးခံရတာတော့မကောင်းဘူး ဟီးဟီး။

Wednesday, 10 August 2011 15:40:00 GMT+01:00

ငှက်ပျောပင် ငှက်ပျောတုံးကြီး လာထိုးပေးလို့ မင်းဧရာကိုလဲ စိတ်နာနာနဲ့ ဘဲ။ ဟာ ဟ။

Anonymous Anonymous said...

သူကြီးမင်း ရယ် ..
သူကြီးမင်းကို လည်း အဲ့လို
ကုသိုလ် အရမ်းရစေချင်တာပဲ ..
အဲ့ဒါကြောင့် အဲ့လို ကုသိုလ်
လုပ်ချင်စိတ် များ ရှိရင်
ဒီကို ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ..
ဟဲဟဲ ..=))
ကဲ မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ် ..
မွေးနေ့မှာ သူများကို ကုသိုလ်ပေးရင်း
ကိုယ်တိုင်လည်း ထိုကဲ့သို့သော
ကုသိုလ် ယူနိုင်ပါစေလို့ ... xDxD

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Wednesday, 10 August 2011 16:37:00 GMT+01:00

သူလေးလဲ သူကြီးမင်းလို့ ခေါ်ဝေါ်ပြီး ကုသိုလ်တွေ အတင်းပေးနေလို့ ။း)))

Blogger ကိုဇော် said...

ကပ်စီးနည်းကြီးလို့ မပြောပါဘူးလေ. .

ပျော်ရွှင်စွာ မွေးနေ့လေးတွေကို အကြိမ်ပေါင်းများစွာ ကျင်းပနိုင်ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ် :D

Wednesday, 10 August 2011 17:37:00 GMT+01:00

အာဘွားဆရာကြီးကိုလဲ အချက်နဲ့ သိပ်မညီလို့ အာဘွားပြန်မလုပ်လိုက်နိုင်ဘူး။း))))

Blogger တောက်ပကြယ်စင် said...

Happy Birthday ပါ။ သူကြီးမင်းရေ။ ခုရောက်ဆဲ အသက်......မှသည် နောင်နှစ်ပေါင်းများတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီးသကာလ ဟာသပိုစ်များကိုလည်း ခဏခဏတင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကွယ်။ (ဘုန်းဘုန်းမွေးနေ့တုန်းက မောင်သူရလို ပုဂ္ဂိုလ်မျိုးနဲ့ မတွေ့လိုက်ရတာ နာတာပဲ)

Wednesday, 10 August 2011 17:45:00 GMT+01:00

ဘုန်းဘုန်းတောက်လဲ အသက်...... ဆိုပြီး ပေယျာလကန်ထိုးထားလို့ စာဖတ်သူတွေ ထင်ယောင် ထင်မှားဖြစ်နိုင်တာကြောင့် ။ ဟာ ဟ။

Blogger ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးမင်းမပြောပေမဲ့ သိတယ် သိတယ်
အသက် ၄၅နှစ်ပြည့်မဟုတ်လား
ဆံပင်ဖြူတာ လူသိမှာစိုးလို့ အသက်မပြောတာများ ဟင်းဟင်း
မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေ..
ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ..

Wednesday, 10 August 2011 17:49:00 GMT+01:00

အမလေးးးးး အန်တီချောရယ်။ ၄၅ နှစ်တဲ့။ ပြောရက်လိုက်တာ။ ဧကန္တ အန်တီချောက အခုမှ ဗုဒ္ဓ၀င် ဖတ်ပြီးခါစနဲ့တူတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ၀ါတော် ၄၅ ၀ါကို စွဲလန်းပြီး ၄၅ နှစ်လို့ ပြောတာ ဖြစ်မယ်။ ၄၅ ဆိုတော့။း))))

Blogger Angelhlaing(May everybody be happy and healthy! said...

Happy Birthday ပါအကိုရေ ပျော်ရွင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သော မိသားစုနဲ့ ပျော်ရွင်ပါစေလို့....လူပျိုးကြိးဘဝ ကလဲ မြန်ဆုံး ကျွတ်လွတ်ပါစေလို့...:P အဟီးးးးး မချောပြောတယ် မှန်တယ်မလားအကို ၄၅ နှစ်တဲ့ ဟိဟိ..:)

Wednesday, 10 August 2011 20:54:00 GMT+01:00

ညီမလေး အိမ်ဂျယ်ကိုလဲ အန်တီချောကို ထောက်ခံသလို ဖြစ်နေတဲ့အတွက် ။း)))

Anonymous သဒ္ဓါလှိုင်း said...

သူကြီးကိုကိုမောင်...
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်မယ်လို့ ထင်ပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေကို လက်တွေ့လုပ်ကိုင်နိုင်ပြီး အောင်မြင်ပါစေ။ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းလေးတယောက်ဖြစ်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

Wednesday, 10 August 2011 22:01:00 GMT+01:00

အင်း... မဆိုးပေဘူး။ နောက်ဆုံးအပိုဒ်မှာ သားကောင်းလေး ဆိုတဲ့ စာလုံးပါတယ်။ ငယ်ရွယ်မှုကို ဖော်ပြနေတယ်။ စကာတင် ရွေးမယ်ဆို ရွေးလို့ရတယ်။း))

Anonymous Anonymous said...

Young at Heart

Happy birthday young at heart,
So many decades, where to start?
With energy, like that pink bunny,
You make us look lazy, that’s not funny!

Never-ending old school ways,
Filled with stories, to Amaze!
Listening has been lost with age,
You belong on theatre stage.

If you manage to forget,
We’ll remind you, don’t you fret.
Happy birthday young at heart,
Smile with joy, you old fart.

Wednesday, 10 August 2011 23:02:00 GMT+01:00

Young ဆိုတဲ့ စာလုံးလေး ပါလို့ သူ့ကိုလဲ စကာတင်တော့ ထည့်လိုက်မယ်။

Blogger မေဓာဝီ said...

တုံးဖလားရွာကို အပိုင်စားရတော်မူပေထသော သဂျီးမင်း၏ အသက် ၈၀ ပြည့် မွေးနေ့မှသည် အသက်ရာကျော်ရှည်၍ ရပ်ကျိုး ရွာကျိုး ဘာသာ သာသနာအကျိုး စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေ ... ။

သြော် ဒါနဲ့ နောက်တခါ ပန်းသီးဘုရားကပ်ရင် တံဆိပ်တော့ ခွါပါ သဂျီးရယ်။ မြတ်စွာဘုရား ဘုဉ်းပေးတဲ့တခါ တံဆိပ်ကြီး ပါသွားပါအုံးမယ်။

Wednesday, 10 August 2011 23:16:00 GMT+01:00

အမလေးးးး အသက် ၈၀ ဆိုပါလား။ ဘုရားရှင်ရဲ့ သက်တော် ၈၀ နဲ့ မှားတာဘဲ ဖြစ်ရမယ်။ သူလဲ အခုမှ ဘုရားစာတွေ ဖတ်လာတာ ဖြစ်မယ်။ ငါ့နှယ်နော်။ ခက်ပါ့။ အဲ... ဒါပေမဲ့ အသက် ၈၀ မှ တစ်သက်ချစ်မယ် ဆိုတဲ့ သူတွေ ပေါ်လာရင် ဘယ်လို လုပ်မလဲ။း))) ပြီးတော့ ပန်းသီး တံဆိပ်မခွါတာကိုလဲ မြင်ဖြစ်အောင် မြင်လိုက်သေး။ တကထဲ သူစားမှာ ကျနေတာဘဲ။ ဘုရား ဘုဉ်းပေးမှာဘဲကို။ ဘုရားမှာ သမန္တစက္ခု ရှိတော်မူတာ သူ မသိရှာဘူး ထင်ပါ့။း)))

Anonymous Yuya Mon said...

Happy Birthday!!!!

Wednesday, 10 August 2011 23:34:00 GMT+01:00

ရိုးရိုးလေးဘဲ ဆုတောင်းပေးလို့ တိုးတိုးလေးဘဲ သူ့ကိုလဲ ။း)))

Blogger လသာည said...

သူဂျီး (HAPPY BIRTHDAY)
အခုမှ အသက်၁၂၀တိုင် ဘေးဘယာကင်းကွာပြီး ဆက်လက် (ဘယာကြော်စား အဲ ဘလော့ကာများကြား ဘလော့လည် ဘလော့ဖတ် ဘလော့ရေးရင်း) စိတ်နှလုံးချမ်းမြေ့ ရွှင်လန်းပါစေလို့..

Thursday, 11 August 2011 03:47:00 GMT+01:00

အမ လသာညလဲ ဘယာကြော်ဘဲ စားခိုင်းနေလို့ ဒိုင်လူကြီးက ဘယာကြော်ပြတ်နေလို့ တဲ့။း)))

Blogger နေ၀သန် said...

ဟီးဟီး.. ဆွမ်းတော်ကပ်တာ ပန်းသီးမှ ပါပါ့မလားလို့.. ဟားဟား.. ဟက်ပီးဘတ်ဒေးပါ... သွားကြီးရေ.... ဒီမွေးနေ့အလွန်မှာ စွံပါစေ.... :D


ခင်မင်လျက်
နေ၀သန်

Thursday, 11 August 2011 03:58:00 GMT+01:00

ဟင်းးးးးးးးးးးးးး သွားကြီးတဲ့။ ပြီးတော့ စွံပါစေတဲ့။ မစွံတာ ကျနေတာဘဲ။ ။း))

Blogger သိင်္ဂါကျော် said...

Happy Birthday ပါ သူကြီးမင်း...

Thursday, 11 August 2011 04:04:00 GMT+01:00

ရိုးရိုးလေး ဆုတောင်းတော့လဲ တိုးတိုးလေးဘဲ ပြောလိုက်ချင်တယ်။ နေကောင်းလားလို့။း)))

Anonymous Anonymous said...

မောင်ဘကြိုင်တို့ကတော့ နောက်ကျမြဲ
နောက်ကျနေတာပဲ သယ်ဂျီးမင်းရယ်
တုံးဖလားမွေးနေ့ပွဲအခုမှလာနွှဲနိုင်တော့တယ်
း) သယ်ဂျီးပျော်ရွှင်ပါစေဗျာ
မိန်းမလေးငါးယောက်နဲ့ကလေးတပြွတ်နဲ့ ရွာလည်နေပါစေ

Thursday, 11 August 2011 07:56:00 GMT+01:00

အင်း... မောင်ဘကြိုင်ကိုတော့ စဉ်းစားရမယ်။ လေးငါးယောက်ဆိုလားဘဲ။ ဒါပေမဲ့ တပြွတ်ကြီးက ပါလာသေးတယ်။ စကာတင်တော့ ထားပေးလိုက်ပါ့မယ်။း)))

Blogger mstint said...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့မွေးနေ့ပါ 'ကိုကိုမောင်'။
မွေးနေ့မှာ ဗိုလ်တထောင်ဘုရားကို သွားရောက်ဖူးခဲ့ပြီး ဗုဒ္ဓမြတ်စွာထံမှာ ကပ်လှူခဲ့တဲ့ ဆွမ်း သစ်သီး ပန်းတို့ကြောင့် လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒ အဖြာဖြာပြည့်ဝကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းလည်းမြောက်ပါစေကွယ်။
သတိတရပြောခဲ့အုံးမယ် ယောက်ျားလေးတွေအတွက် ကြင်ယာရှာရင် 'ဒွေးချိုးလေးတိုး' တဲ့နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thursday, 11 August 2011 08:49:00 GMT+01:00

ပထမအပိုဒ်ဆုတောင်းလေး ကောင်းပေမဲ့ ဒုတိယအပိုဒ်က ဒွေးချိုးလေးတိုး ဆိုတဲ့ အဓိပ္ပါယ်ဟာ အသက်ကြီးတာကို ရည်ရွယ်နေတာကြောင့် အန်တီတင့်ရေ။း)))

Blogger စော(အဝါရောင်မြေ) said...

သူကြီး ကတော့ မွေးနေ့ ကိုတောင် သူ့  သူငယ်ချင်းကို ဧည့်ခံခိုင်းတာကိုး။
Whatever
Happy Birthday up to 120years age !

Thursday, 11 August 2011 10:02:00 GMT+01:00

စောက အသက် ၁၂၀ ထိ နေခိုင်းတယ်။ လက်ရှိ အရွယ်ကို ထည့်မပြောဘူး။း))

Blogger blackroze said...

့Happy Birthday.ပါ သူကြီးမင်းရှင့်..
ညီမလေးBlackroze ကနေပြီးတော့
သူကြီးမင်းရဲ့....မွေးနေ့မှသည်..နောင်နှစ်ပေါင်း
များစွာတိုင်တောင်..စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံစေကြောင်း..
ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်....

တူနယ်တူနယ်..တူနယ်..
happy birthday to u..

အဲတာကြောင့်နေမှာ..ဟိုနေ့က..အပြင်သွားတာ
ဝါးတီးးရှိလို့ဘဲဖြစ်ရမယ်..ဟီးးဟီးးးဟိ

Thursday, 11 August 2011 13:05:00 GMT+01:00

သူကြီးမင်းလို့လဲ ခေါ်သေး။ သူ့ကိုသူတော့ ညီမလေးတဲ့။း)) တကယ်လို့ မိမဲလေး အသက်က ၃၅ ဆိုရင် မွေးနေ့ရှင်လဲ အလိုလို အသက်ကြီးသလို ဖြစ်သွားရော။း))

Blogger မအိမ်သူ said...

သြော် သူကြီးမင်းလည်း Leo ဖွားဘဲလား။ မွေးနေ့ပေါင်းများစွာ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ။ ဘ၀မှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ တောင်းဆုချွေပါရစေရှင်။

Thursday, 11 August 2011 13:45:00 GMT+01:00

(လည်း)ကို ထောက်ဆပြီး မအိမ်သူကလဲ လီယိုဘွားဘဲ ဖြစ်ရမယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း ဆုတောင်းပေးလို့ ရည်ရွယ်ချက်ကို မထိဘဲ ဖြစ်နေတယ်။း)))

Anonymous ဟန်ကြည် said...

အင်း...တုံးဖလား သူကြီးတို့များ ပါရမီထူးချက်ကတော့ မွေးနေ့တောင် ကိုယ့်အိတ်ထဲက ဖွတ်ကလိဒင်္ဂါး မထွက်ရှာပေပဲကိုး...အနှီလိုမွေးနေ့မျိုးကတော့ ဝေါင်ဝေါင်ရှေးပါသဗျား...ဟား ဟား...နောက်တာပါဗျာ...ဘိလပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်ကြားတာကြောင့် စိတ်ပူနေတာ အခုလို အပြင်ထွက်ပြီး ၀ါးတီးတွေဘာတွေ ဖွင့်နေသဟာဖြင့် စိတ်ပူနည်းနည်းတော့ သက်သာသွားသဗျ...

အစ်မမေပြောသလို ပန်းသီးလေးတွေကိုတော့ တံဆိပ်ခွာပြီးမှ ဘုရားကို ကပ်သင့်ပေသပေါ့ဗျာ...ခြံထွက်မဟုတ်ဘဲ ဆိုင်ကခူး..အဲလေ..၀ယ်လာမှန်း ဘုရားဆွမ်းတော်ကပ်ရင်း လျှောက်လိုက်ရင်လည်း ရသားနဲ့...ဟား ဟား...

မွေးနေ့ကို နောက်ကျမှ ရောက်ပေမယ့် မွေးနေ့ဆုတောင်း ကဗျာတော့ လက်ဖွဲ့လိုက်ပါသဗျား ( ဟ...မင်္ဂလာဆောင်နဲ့မှားသွားပြီ...ဘာပဲဖြစ်ဖြစ် ရောကြိတ်လိုက်တာပေါ့ မပိုင်လား...)

အသက်ရယ်ရှည်
မာပါစေသား။
(ကျန်းမာတာကို ပြောတာပါဗျာ)

မဒီကညာ
သိန်းထောင်ရာ ပတ်လည်ဝိုင်းလို့
ချိန်ကြာကြာ ရွယ်မဟိုင်းဘဲ
စိတ်တိုင်းကျစွံစေဗျား။

မွေးနေ့နဲ့မဆိုင်ဘူးလို့တော့ မပြောကြေးဗျာ...တစ်နှစ်ထက်တစ်နှစ် အိုဖို့ပိုနီးလာတာမို့ ကြိုပြီးဆုတောင်းပေးလိုက်တာမို့ပါ...

Thursday, 11 August 2011 14:41:00 GMT+01:00

ဆရာဟန်ကြည်ကတော့ အသက်ရှည်တာရော မာတာရော ပြီးတော့ မဒီကညာ သိန်းထောင်ရာ တဲ့။ ကောင်းတော့ ကောင်းတောင်းတောင်း။ ဒါပေမဲ့ သူကိုယ်တိုင် တစ်ယောက်ထဲသော မဒမ်ကို ကြောက်နေရသူဆိုတော့။ ဆရာ.. ကိုယ်ချင်းမစာမနာ မွေးနေ့ရှင်ကို တစ်စစီ ဖြစ်အောင် လုပ်ရက်တယ် ထင်ပါ့။း))) ဒါပေမဲ့ စကာတင်တော့ ထားလိုက်ပါတယ်။ ဟာ ဟ။

Blogger SHWE ZIN U said...

Happy Birthday ပါ သကြီးမင်း ရေ

ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမတ္တာပို့ရင်း နဲ့ နောက်တနှစ် မဟိုင်းပါစေကြောင်းဆုတောင်းပါတယ်

Thursday, 11 August 2011 14:54:00 GMT+01:00

အမရွှေစင်က နောက်တစ်နှစ် မဟိုင်းစေကြောင်းတဲ့။ ဒါဖြင့် ဒီနှစ်တော့ ဆက်ဟိုင်းဦးပေါ့ ဆိုတဲ့ သဘောပေါ့။း)))

Blogger ချစ်ကြည်အေး said...

ဟက်ပီးသော ဘာ့သ်ဒေးပါ တုံးဖလားရွာသဂျီးရေ....။ မေဓါဝီ ပြောသလိုပဲ ပန်းသီးပေါ်က တံဆိပ်လေးများလည်း ခွာပါဦး။ အမတို့ ဘလော့ဂ်ဂါတွေကိုတော့ တွေ့တဲ့အခါ မြန်မာစတိုင်မွေးနေ့လေး လုပ်ပေးဖို့ အကြွေး မှတ်ထားလိုက်ပြီ ဒါပဲ...

Thursday, 11 August 2011 15:24:00 GMT+01:00

အမချစ်ကြည်အေးလဲ မြန်မာစတိုင်လ်မွေးနေ့လုပ်ပေးပါတဲ့။ သူကဖြင့် ဂျပန်စတိုင်လ် ကျင်းပမေးမယ် မဟုတ်ဘဲနဲ့။း)))

Anonymous မိုးယံ said...

သူဂျီးမင်းရဲ့ 18 နှစ်မြောက်မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် ဘ၀လမ်းကို ဖြတ်သန်းနိုင်ပါစေ။ ဘိုနိုင်ငံရောက်သော်လည်း မြန်မာ့စိတ်နှင့် သာသနာ ချစ်စိတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေသတည်းးးးး။

Thursday, 11 August 2011 16:15:00 GMT+01:00

အဲ... အလဲ့။ ၁၈ နှစ်ဆိုပါလား။ တယ်တော်တဲ့ မိုးယံ။း)))

Blogger ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး-
မွေးနေ့ မှန်းမသိပေါင်ဗျာဝလာတောင်မအော်သွားဘူး-
တိတ်တိတ်ကလေးဘဲကျင်းပလိုက်တယ်ပေါ့-
တော်ပါသေးဗျာ ကိုယ့်တို့ တုံးဖလားသူကြီးဘာမှမဖြစ်
သေးလို့ ===ဟူးးးးးးးးးးးးးးးးးးးးးးး

Thursday, 11 August 2011 17:38:00 GMT+01:00

မောင်ဂျစ်တူးက တိတ်တိတ်ကလေး ကျင်းပတာကို မကျေမနပ် ဖြစ်နေပုံရတယ်။ သူ့မွေးနေ့ဖြင့် မပြောဘဲနဲ့။း)))


ကဲ... ကင့်မွန် သယ်ဆောင်လာတဲ့ သ၀ဏ်လွှာတွေတော့ စစ်ဆေးပြီးပြီ။ စောက်ဘီ ယူလာတဲ့ ကွန်မင့်လေးကို ကြည့်ကြဦးစို့ရဲ့။ ဘာတဲ့။

12 Aug 11, 05:30
အင်္ဂါဟူး: ဟတ်ပီးဘတ်ဒေးပါ သူဂျီးမင်း ရွာသားများနှင့်တစ်ကွ နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေသတည်း။


အင်္ဂါဟူးက အင်္ဂါမဟုတ် ဗုဒ္ဓဟူးမဟုတ်နဲ့ နာရီကို ခွမွေးထားတာ ဖြစ်ရမယ်။း))) ရွာသားများနဲ့ဘဲ အတူတူ နေခိုင်းရက်တယ်။ ရွာသူတွေဆို တော်သေးးးးးး။


အေးမီးယူလာတဲ့ သ၀ဏ်လွှာလေးကတော့...

ခွန်= Happy Birthday... နော် တဲ့။

ရိုးရိုးလေးပါဘဲ။ အဆန်းအပြားမပါဘူး။း)))
..................................

ဒိုင်လူကြီး သုံးဦးသည် သ၀ဏ်လွှာများကို မမောနိုင် မပန်းနိုင် စစ်ဆေးကြပြီးနောက် စကာတင် အကြမ်းဖျင်း သ၀ဏ်လွှာ ခြောက်စောင်အား ရွေးချယ်လိုက်ကြလေသည်။ ထို သ၀ဏ်လွှာ ခြောက်စောင်တို့မှာ..
၁။ အဖြူရောင် နတ်သမီး
၂။သဒ္ဓါလှိုင်း
၃။Anonymous
၎။မောင်ဘကြိုင်
၅။ဆရာဟန်ကြည်
၆။မိုးယံ
တို့ ဖြစ်ကြလေသည်။

ထိုစကာတင် သ၀ဏ်လွှာ ခြောက်စောင်တို့အား ထပ်မံ၍ စစ်ဆေး အကဲဖြတ်ကြလေရာ "ငယ်ရွယ် တက်ကြွ စန်းပွင့်" ဟူသည့် အချက် သုံးချက်လုံး ပြည့်စုံသည့် သ၀ဏ်လွှာ မရှိဘဲ ဖြစ်နေလေသည်။ ငယ်ရွယ် ဆိုသည့် အချက်နဲ့ ကိုက်ညီသော်လည်း စန်းပွင့် ဟူသည့် စံနဲ့ မညီ၊ စန်းပွင့်ဆိုသည့် စံနဲ့ ကိုက်ညီသော်လည်း ငယ်ရွယ် တက်ကြွ ဟူသည့် စံတို့နဲ့ မညီဘဲ ဖြစ်နေသည်ကို တွေ့ရလေသည်။

ထို့ကြောင့် မွေးနေ့ရှင်ကို တိုင်ပင်ကြည့်ရာ အချက် သုံးချက်လုံး မညီညွတ်လျှင် ပထမနှင့်ဒုတိယ အချက်တို့နဲ့ ညီညွတ်သည့် သ၀ဏ်လွှာအား အကောင်းဆုံး သ၀ဏ်လွှာအဖြစ် သတ်မှတ်ပေးရန် အဆိုတင်ပြမှုကို လက်ခံရရှိကြလေသည်။ ထို့ကြောင့် ဖိုင်နယ် ဒီဇစ်ရှင်းကို အထက်ပါ ဒိုင်လူကြီး သုံးဦးမှ တညီတညွတ်ထဲ ချမှတ်လိုက်လေသည်။ အကောင်းဆုံး သ၀ဏ်လွှာမှာ.... ငယ်ရွယ်မှုကို ထင်ဟပ်စေသော၊ ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို ဖော်ပြသော၊ မြန်မာချစ်စိတ်ကို လှစ်ပြသော၊ သာသနာချစ်စိတ်ကို နိုးဆွစေသော အဖိုးတန်တဲ့ မိုးယံရဲ့ သ၀ဏ်လွှာပင် ဖြစ်ချေတော့သည် တမုံ့။ ။း))))


မှတ်ချက်။
ပျော်စေလိုလို့ အခုလို ရေးလိုက်တာပါ။ မွေးနေ့ အတွက် ကွန်မင့်ပေးကြ ဆုတောင်းပေးကြတဲ့ သူများ အားလုံးကို အထူး (အထူး) ကျေးဇူး တင်ရှိပါတယ်။ တကယ်ကို ချစ်ခင်တွယ်တာ ကျေးဇူးတင်တာပါ။ အခုလို ရေးလိုက်တဲ့အတွက် ကာယကံများကို တစ်ခုခု မကြိုက်မနှစ်သက်စရာ ဖြစ်သွားစေရင် အနူးအညွတ်တောင်းပန်ပါတယ်။ ။

တစ်လက်စထဲ သတင်းပါးလိုက်ပါရစေ။ မကြာမီ ရက်အတွင်း ကြောင်ဖမ်းဆရာတော် ဇာတ်သိမ်းပိုင်း တင်ပါတော့မယ်။ အပြီးသတ် ရေးပြီးပါပြီ။ စိတ်မ၀င်စားရင်တောင်မှ အားနာပါးနာလေး လာရောက် အားပေးကြပါဦးလို့။ ။

အားလုံးကို ချစ်ခင် ခင်မင် လေးစားလျှက်
ကိုကိုမောင်(ပန်းရနံ့)

.

16 comments:

သဒ္ဓါလှိုင်း said...

ကိုကိုမောင်..
စကာတင်ပါတယ်ဆိုတော့ မုန့်ကျွေးသင့်တယ်။ (ဆိုင်တော့မဆိုင်ဘူးလားမသိ)။
ခင်မင်လျက်
သဒ္ဓါ

ညိမ်းနိုင် said...

ဂလိုရှိတယ် တဂျီးရဲ့ ခင်မင်နောက်ပြောင်လိုစိတ်နဲ့ တဂျီး
လို့သုံးတာ...၊ပြီးမှစဉ်းစားမိတာက ရွဲ့သလို၊ပဲ့သလိုများ
ဖြစ်နေသလားလို အားနာလို့ သူကြီးလို့ပြန်သုံးလိုက်
တာရယ်...၊ဆိုတော့ ခင်လို့မင်လို့ တဂျီးလို့ပဲနောက်ကိုသုံး
မယ်...၊ရတယ်ဟုတ်.....:)))

မိုးယံ said...

ဝါးးးးးး တဂျီးမင်း ကျေးဇူး တင်ပါတင်ခင်ညာ...( ၀မ်းသာပီတိဖြင့် ဆို့နင့်သံလေးနှင့်)

ကမ္ဘာကျော်ဒိုင်းဆု ရွှေးချယ်ခြင်းမြင်လို့ လာဖတ်တယ်။ ဒိုင်လူကြီး သုံးယောက်ကို မြင်ပြီး စဉ်းစားရ ကြပ်သွားတယ်။ အပေါ်က ကင့်မွန်နဲ့ စောက်ဘီ နဲ့ ပြန်တွဲတယ်. ဘဘောမပေါက်သေးဘူး။ ငယ်ရွယ် တက်ကြွ စန်းပွင့်နဲ့တွေ့တော့ ရှုပ်သွားတယ်။ ဒိုင်းဆု ရဲ့ ထောက်တိုင်တွေ အောက်က မိုးယံ ကိုမြင်တော့ လန့်သွားတယ်.. အောက်မှာလဲ ကွန်မန့်တွေဆိုတော့ ဘာကြီးမှန်းမသိသေးဘူး။ (ဟိုတစ်ခါက တန်ပြန်ကွန်မန့်ကျ ချက်ခြင်းနားလည်သား)

ဒါနဲ့ ကွန်မန့်အောက်က သူဂျီးမြင်းရေးတာကို မြင့်တော့ ရှင်းသွားတယ်.. ဇကာတင် ခြောက်ယောက်မှာ အောက်ဆုံးကနံပါတ်ဆိုတော့.. အပေါ်က ပုံတွေပြန်ကြည့် ဘယ်သူ့နံမည်တွေ ကျန်သေးလဲလို့။နောက်တော့ မှ....

mstint said...

ကိုကိုမောင်ရဲ့ ကမ္ဘာကျော်ဒိုင်းဆုရွေးချယ်ပွဲကို လာရောက်ရင်း ရွေးချယ်ခံရသူ ၆-ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အန်တီတင့်ရဲ့ 'ငှက်ပျောပေါင်းချိုစိမ့်မွှေး' ကို ဒိုင်လူကြီးသုံးမွှာပူးအပါအဝင် စာဖတ်ပရိတ်သတ်များနဲ့အတူ လာရောက်သုံးဆောင်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...
This comment has been removed by the author.
blackroze said...

အမလေး...လေးးလေးးး
ထင်ရက်လိုက်တာနော် အဟင့်
သူများကိုများ...3 ထိပ်စီးမှတ်နေလား..
လုံးဝမဟုတ်ဘူးရှင့်..2ထိပ်...2ထိပ်..
သူကြီးသာ 3ထိပ် ကို 5နောက်ပိတ်...

ဟွန့်..ဂယ်ပါဘဲ

အခုအလွမ်းတွေပိနေလို့နော်..
ခသ ကိုလွမ်းလို့ငိုငိုနေရလို့
သူကြီးကို ချဲလင့်စ် မလုပ်နိုင်သေးတာ..

Angelhlaing(May everybody be happy and healthy! said...

ဟိဟိ အသက်၄၅လို့ ပြောလို့ စကာတင်ထဲ မပါတာနေမယ် ...:):) အဟီးးးးးးး ပြောမှပေါ့လို့ အကိုရ...:P:P

ကိုဇော် said...

၅ ထိပ် ၇ ပိတ်ပါဗျာ . .ဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုမှန်းသိ ပေါက်စန ပူတူးတူးလေးလို့ ပြောသွားပါတယ် သူဂျီးရယ်
ဒါမှ သူဂျီးချီးမြင့်တဲ့ ဆုရမှာ
ဒါနဲ့ အကောင်းဆုံးပိုင်ရှင်ကို ဒေါ်လာတစ်သိန်းဆုချမယ်ဆို
မိုးယံတော့ ပွပြီပေါ့နော် သူဂျီးး)

ဟန်ကြည် said...

အလိုလေး...မွေးနေ့ဆုတောင်းကိုတောင် ဇကာတင်တွေ၊ ဆန်ကောတင်တွေလုပ်ပြီး ဆုချီးမြှင့်ရတယ်လို့...ထူးဆန်းပါပေ့ သူကြီးရယ်...ဦးဟန်ကြည်အကောင်းစားကလေးကို တစ်ဦးတည်းသော မဒီကို ကြောက်ရတယ်လို့ အထင်တော်လွဲရက်တာတော့ ရက်စက်ပါပေ့...ဒါကြောင့်လဲ သူကြီးမင်း မစွံပေတာကိုး...အဲဒါ ကြောက်တာမဟုတ်ဘူး သူကြီးရေ...ချစ်တာလို့ ခေါ်သဗျ...အနှီဟာကို အချစ်လို့ မသတ်မှတ်နိုင်သေးသမျှ တွံ...သူကြီူးမအင်း ကိုကိုမောင်သည်...ဧကော၊ ဧက...တစ်ကိုယ်တည်း လူပြိုကြီးဖြစ်၍သာလျှင် နေစေသတည်းဗျား....

အဖြူရောင်နတ်သမီး said...

သူများ“၁” ရပြီးမှ ဆုနဲ့ကပ်လွဲသွားတယ်...
ဟင့်..
ရဘူး..မိုးယံဆီက တဝက်သွားလုမယ်...

မဒမ်ကိုး said...

တုံးဖလားသူကြီး
နေကောင်းပါသလားဗျိုးးးး

ဒီတစ်ခါကြောက်မဖမ်းပဲ
ငှက်ဖမ်းပါလားဗျာ..

ခင်တဲ့မဒိုးကန်

စံပယ်ချို said...

ကမ္ဘာကျော်ဒိုင်းဆု ရွှေးချယ်ခြင်းမြင်လို့ လာဖတ်တယ်။ ဒိုင်လူကြီး သုံးယောက်ကို မြင်ပြီး စဉ်းစားရ ကြပ်သွားတယ်။
စဉ်းစားမရဘူးဘာလဲဆိုတာ....နောက်မှ
သူကြီးရေးတာမြင်မှ ရှင်းတော့တယ်။
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။

မင်းဧရာ said...

ရယ်ရတယ် အကိုရာ....
ပေါက်တကရ တွေလည်းတွေးတတ်တာပဲ
ဟာသ တွေလည်းရေးတတ်တာပဲ........
ငှက်ပျောတုံးလှမ်းပေးမိတာ မှားပါတယ်ဗျာ
အခုမှ ၁၆ နှစ် ပြည့်ဖို့တောင် တစ်ရက်ရော့ နေသေးတယ်
မဟုတ်လား....
တကယ်တမ်းပေးတာက ငှက်ပျောတုံးမဟုတ်ပါဘူး
သူကြီးရယ် ပေးမိတာက သတိ ပါ.......
သူကြီးမင်းတွေက အဲလိုတွေပဲလားမသိဘူးနော်
အရီး မရှိတဲ့သူတွေဆိုရင် မျက်နှာသာ မပေးကြဘူး}}}း

San San Htun said...

ဟတ်ပီးဘတ်ဒေး သူကြီးမင်း။ မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ အမြန်ဆုံး အစွံထုတ်နိုင်ပါစေး)။ ကွန်မန့် တွေ ဖတ်ပြီး ရယ်လိုက်ရတာ။ ဗိုက်တောင် အောင့်တယ်းD

မောင်သီဟ said...

ဟာကွာာ ကပ်လွဲသွားပြန်ပြီ
အဲလိုကပ်ကပ်လွဲလွဲနေတာကိုမကျေနပ်တာာာ
ဘာပြောပြောလေ သယ်ဂျီးချီးမြင့်တဲ့ဒိုင်းကြီးကိုဘလော့ဂါရွာသားတစ်ယောက်ဆွတ်ခူးသွားလို့ကျေနပ်ပါတယ်း)း)

နောက်နှစ်သယ်ဂျီးမွေးနေ့မှာ သေသေချာချာထပ်ပြိုင်မယ်ဗျား

မောင်ဘကြိုင်