Friday, 6 August 2010

ကိုကိုမောင်


ကိုကိုမောင်
ပျင်းနေပါတဲ့ ကိုကိုမောင်
ဖျင်းနေပါတဲ့ ကိုကိုမောင်။


ဟိုချောင်မှာ ဟိုကောင်များရယ်နဲ့
ကိုကိုမောင် အိုအောင်ပျင်းလောက်တယ်
မြင်းမို့ရ်နတ်တောင်။


ဘလော့လေးကိုလ
သော့ရေးမကွဲ့ စုတ်တံတင်
ရုပ်သွင်က အလန်း။


ပျင်းစိတ်ရယ်ပို
ကင်းလိပ်လို ဟန်ပိုပိုနဲ့
အမ်အေကို ကြံစည်လိုက်ပုံက
ဘိလပ်မှာ သိမှတ်လောက်ပါရဲ့
ကိုကိုမောင် ပျိုပျိုရှောင်လို့ရယ်
အောင် နိမိတ်မှန်း။ ။


မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေညို အလိုက်ဖြင့် ရေးသားခြင်းဖြစ်သည်။ ထိုသပြေညို အလိုက်ဖြင့်ပင် ချစ်မှတ်တိုင် နှင့် ကညာပျို အမည်ရှိ ကဗျာနှစ်ပုဒ်ကို ကျနော်ရေးခဲ့ဖူးသည်။ ။

..

19 comments:

Anonymous said...

ကိုကိုမောင် ရေ

ပျိုပျိုရှောင် မှ အောင်ပန်း ရမယ်ဆိုတော့ ဘယ်တန်တော့ မှလည်း

ဟားဟားးးးးးးးးးးးး

မြှောက်ပေးခြင်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နွေဆူးလင်္ကာ said...

ပျိုပျိုရှောင် ဆိုတာတော့ ယုံတယ်ဗျို့

နေ၀သန် said...

:D....

khin oo may said...

အောင်စည်ကြီးရွမ်းနိုင်ပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျိုပျိုရှောင်ဆိုတော့ အိုအိုတော့ မရှောင်ဘူးဆိုတဲ့သဘောလား ကိုကိုမောင်..
ဒီလိုတော့ မသင့်တော်ပါ သူကြီး..
စဉ်းစဉ်းစားစား လုပ်ပါ..း)

Anonymous said...

ွပ ပီးရင် ဖ ပဲလေ ..ယုံရမှာလား အတိုမှောင်ရဲ့.....:P
အားပေးလျက်...
swe

ခိုင်နုငယ် said...

ကိုကိုမောင်..ခေါင်းဆောင်းကြီး..အဲလေ
ခေါင်းစဉ်ကြီးနဲ့ဆိုတော့..ဘာညားလဲလို့။
မမချောပြေတာသဘောကျသွားတယ်။
ဟာဟ..:D.:D.



ခင်မင်စွာဖြင့်
ခိုင်နုငယ်

ယွန်း said...

ပျိုပျိုရှောင် မှ အောင်ပန်း ရမယ် ဆိုပဲ
တယ်ဆိုတဲ့ စာပါလားးးး ဟဟဟ :D

Anonymous said...

အချိုးအကျလေးနဲ့ ပျိုပျိုရှောင်လို့သုံးသွားတာ သဘောကျ လိုက်တာ ဒါဆို အခုတစ်ယောက်တည်းပေါ့နော်
း)

မောင်ဘကြိုင်

flowerpoem said...

ဟား ဟား ပျင်းနေတဲ့ ကိုကိုမောင် :P အဲဒီစာသား အကြိုက်ဆုံးပဲ

အင်ကြင်းသန့် said...

သဘောတကျနဲ့ပြုံးသွားပါတယ် သူကြီးမင်း ။ :)

blackroze said...

တဂျီး...
ပျိုပျိုရှောင်တယ်ဆိုတာ
ဟုတ်လို့လား...လို့...

ကိုဇော် said...

အဟား. . .
ကောင်းလိုက်တဲ့ အလိုက်ကလေးနဲ့ အချိုး ကာရံလေးပဲ. .
ပျိုပျိုရှောင်တဲ့ ကိုကိုမောင်ရေ. .

( သူများ နာမည်တွေများ တွဲပဲခေါ်ခေါ် ၊ ခွဲပဲ ခေါ်ခေါ် ဂွတ်ပ တိုတိုမောင် တဲ့ အဲလေ :P )

သုခုမလေဒီ said...

တကယ်ပဲ ပျိုပျိုရှောင်သလား ကိုကိုမောင်..
ယတြာလေးဘာလေးချေပါလားး))
အဆောင်လေးဘာလေးလိုရင် မောင်လေးမင်းထက်ကို သာမေး။းP

မိုးစက်အိမ် said...

အစ်ကိုပျိုပျိုရှောင်တာသေချာလို့ လား
အဟွတ် အဟွတ် အဟမ်း အဟွတ်
အော်ဒီချောင်းကလည်း ကော်မန့် ပေး
တာတောင်ဆိုးနေသေးတယ် :D

Myanmar Good Knowledg Co., Ltd said...

ပျိုပျိုတွေရှောင်
ကိုကိုမောင်
ပျင်းချင်ယောင်ဆောင်
ကိုကိုမောင်
ယတြာဆန်းနဲ့
အောင်ပန်းက
အလန်းလွန်သကွဲ့။
ကင်းလိပ်ချောသဏဏ္ဍန်နဲ့
အင်္ဂလန်က တုံးဖလားမပြန်ခင်
အနိပ်စားလေးနဲ့ လက်တွဲ
ချစ်ပွဲဝင်နိုင်ပါစေ။

Anonymous said...

ကိုကိုမောင်တင်ပေးထားတဲ့ကလေးကလေး အထင်မသေးနဲ့ဆိုတဲ့သီချင်းလေးများရှိသေးရင်လဲ
ဆက်ပြီးတင်ပေးပါလားဗျာ....စောင့်မျှော်လျက်....
ကိုသန်းနိုင်

့

ven. pandita said...

ကိုကိုမောင်
အပျိုရှောင်
အိုအောင်နေတော့မယ်ပေါ့..

Anonymous said...

Yesterday, while I was at work, my sister stole my apple ipad
and tested to see if it can survive a 25 foot drop, just so she can
be a youtube sensation. My apple ipad is now broken and she has 83 views.
I know this is completely off topic but I had to
share it with someone!

Feel free to visit my webpage: music