Saturday 1 May 2010

"ချစ်မိုးကြီး" ဘဲ ရွာသွန်းလိုက်ချင်တော့တယ်

တေးရေး... ရန်နိုင်စိန်
တေးဆို.... ဖြူသီ

(ညို..ရောင်..မှိုင်း..
မိုး... မိုးတိမ်ယံကဆိုင်း.... ဆိုင်းခဲ့လေပြီ... သက်ထား....
ဘယ်သောအခါများ... အချစ်ပွါးရပါ...မည်..) ၂

ချစ်မေတ္တာ... သာစေကြောင်း..
ဆုတောင်းပေမဲ့... ကြာရှည်နေခဲ့ပြီ...
စကြာဝဠာ...ကွာစေငြား...
စိတ်မှာသာပင်... တစ်အိပ်ရာထဲ စွဲမိသည်...
မတတ်သာ... ခပ်ခွါခွါ နေဦးစို့...
မုန်းလို့တော့.. ဟုတ်ပါဘဲ...
အသဲဘ၀င်မှာ အတည်.. မခွဲချင်ပါပြီ...

(ထာဝစဉ်...အမြဲတမ်း.. မမေ့နိုင်သည်...
နေ့စဉ် ခင်မင် စွဲလန်းသည်..
လစန္ဒာ.. မြူနှင်းမှုန်တွေ ရှင်းလို့ရယ်..
နှစ်ယောက်ချင်းလဲ... သဘောတူညီ..
ချစ်တင်းလဲ နှောခဲ့သည်...)၂

ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုး.. ချစ်လက်စ ပျိုးခဲ့ကြသည်...

သြော်....
ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုးရယ်.. ချစ်လက်စ ပျိုးခဲ့ကြသည်...
ချစ်မိုးကြီး...မစဲဘဲ..
သဲသဲ မဲမဲ အမြဲပင် ရွာချင်သည်...

(သဉ္စာ ဗွေလီ...
လူခြေတိတ်တောင်... အိပ်လို့မရပေါင်...
ရောင်ခြည်ထွန်းကာ.. လင်းချိန်တန်ခဲ့ပြီ...)၂

အရိပ်ကို.. အရောင်ထင်..
လူချင်းတွေ့မှ.. ပြောချင်လှသည်...

မေ့လို့ မရနိုင်ပါပြီ... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

မေ့လို့ မရနိုင်ပါပြီ...သြော်... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

ကြာလေ မမေ့နိုင်ဘဲ... မေ့ကိုဘဲ စွဲမိသည်...
အသဲထဲက မေတ္တာရည်...
မေ့ကို ရည်ညွန်း သွန်းခဲ့သည်..

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေတော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်တော့မှ... မမုန်းရက်နိုင်တော့သည်...

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေ..တော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်...တော့မှ... မမုန်း.....ရက်သည်...

ရန်ဘယာ... အလီလီ..
ကင်းစေကြောင်းနဲ့... အခါခါမျှော်ရည်..
ဆုတောင်းရပါသည်...
တောင်းတဲ့ဆုနဲ့... ပြည့်စုံပါရ....စေ....။


မက်မက်ရေ... အကြွေးဆပ်လိုက်ပါပြီ။ အဆိုတော် ဦးမင်းနောင်ဆိုထားတဲ့ ချစ်မိုးကြီးကို တင်ချင်ပေမဲ့ ဦးမင်းနောင်ရဲ့သီချင်းက ဗီဒီစီရှာမတွေ့လို့ အမေဖြူသီရဲ့ ချစ်မိုးကြီးကိုဘဲ တင်ပေးလိုက်ပါတယ်။ ချစ်မိုးကြီးက ကျနော့်အကြိုက်ဆုံးတွေထဲက ဂန္ထ၀င်တေးတစ်ပုဒ်ပါဘဲ။

...

15 comments:

မြစ်ကျိုးအင်း said...

နှစ်ယောက်ချင်းလဲ... သဘောတူညီ..
ချစ်တင်းလဲ နှောခဲ့သည်...

ဘာအထာလဲတော့ မသိဘူးးး
ဟိုအရင်က သီချင်းတွေက ဒီခေတ်ထက် ပွင့်လင်းတာတွေ ရှိတယ်နော်

ဖဲမွေ့ယာပေါ်ဝယ် ... ဆိုတာမျိုးလည်း ကြားဖူးသေး

ဝက်ဝံလေး said...

အယ် တဂ် ပို့စ်ထင်ပါ့
မနမ်း ဆီမှာလဲ သီချင်းဆိုတော့ ဒေါ်မက်တို့တော့ တဂ်လိုက်ပီနဲ့ တူတယ် ဟိဟိ
အဲဒီသီချင်းတော့ကြားဖူးဘူးတော်ရေ

Flower said...

သီချင်းသံလေးပါ ကြားယောင်လာမိတယ်
ရှေးဆန်ပေမဲ့ ခုခေတ်ထက်တော့ လန်နေသေးတာပါဘဲ..
မြန်မာသံဆိုတော့လဲ
ဘယ်သူကမှ ရိုင်းတယ် မပြောကြဘူး
နားထောင်ကောင်းတယ်လို့ဘဲ ပြောကြတယ်
ရှေးခေတ်လူတွေ အကြိုက်ပေါ့
ကိုယ်တွေကလဲ ရှေ့မှီ နောက်မှီကိုး
ဝက်ဝံကလေးတို့ကတော့ ဘယ်ကြားဖူးမတုန်း
သူကဂျောက်ဂျက်လောက်သာ သိမှာ.. :) :)

what is good things said...

ချစ်မိုးကြီးများ ရွာသွန်းစေသားးးးးးးးးး)))
အဲဒီသီချင်းက ဦးမင်းနောင်ဆိုထားတဲ့ နာမည်ကြီးသီချင်း တစ်ပုဒ်ပဲ သိတာပေါ့။

Dream said...

အမလေး အမလေးးးးးးးးး စလုံးမှာလဲ မိုးတွေ တအားရွာတာ....အဟတ်....ဒါမို့လို့ အခုထီးဆောင်းပြီးတော့ကို လာနားထောင်တာ......အဟတ်....

ထုံးစံတိုင်းပေါ့...အာဝါးးးး :P

မိုက်တယ်...ခုမှ သိချင်းကြီးတွေ နားထောင်ရတော့တယ်။ အဟဲ...တင်ပေးတဲ့အတွက် ကျေးဇူးးးးးးး

(ဒါနဲ့ သိပ်ပြီးလဲ ချစ်မိုးတွေ မရွာနဲ့နော်။ နှာစေးနေမယ်ဆိုးလို့....အဟတ်))

မိုးစက်အိမ် said...

ကျွန်တော်လည်း ဒီသီချင်းကိုငယ်ငယ်တည်းက
နှစ်သက်မိပါတယ် အစ်ကိုရေ :)

မိုးခါး said...

ဒီသီချင်းလည်း မစိမ်းဘူး ..း)
အိမ်ကျ ပြန်နားထောင်ပါ့မယ်ရှင့် ..း)

မင်္ဂလာပါ .... said...

သီချင်းလေးကောင်းတယ် အစ်ကို ဂန္ဓ၀င်တေးသီချင်းတွေထဲက ကျမ နှစ်သက်တဲ့ထဲမှာ ပါဝင်တယ် ... ခင်မင်လေးစားလျှက်
နှင်း

win latt said...

မက်မက်ပေးတဲ့ ဒုက္ခ..
ဘဝတူမို့ လာလည်တယ်ဗျ

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
ဋ္ဌြကည့် ရတာသိပ့်တော့မရိုးတော့ဘူးထင်ပါရဲ့ ဗျာ-
ဘယ်တော့စားရမလဲလို့ တော့ မမေးတော့ပါဘူး-
ဟဲ ဟဲ ဟဲ - - -
ဒါပေမဲ့
ဘယ်တော့ဓါတ်ပုံလာရိုက်ပေးရမလဲလို့ တော့မေးချင်ပါ
သေးရဲ့ ဗျာ-

Anonymous said...

ကိုမြစ်ကျိုးပြောတဲ့ အပိုဒ် ကို နားမလည်ပါ P:)

ကြိုက်တယ် အဲဒီသီချင်း


မင်းအိမ်ဖြူ

mabaydar said...

ခေါင်းစဉ်ကြီးတွေ့ပြီး ဘာများလဲလို့... ဟတ် ဟတ်.. အကြိုက်ဆုံး ဂန္တ၀င်တေးဖြစ်နေတယ်... ဟဲ.. ဟဲ

出会い said...

一流セレブたちが出会いを求めて集まっています。彼女たちからの逆援助でリッチな生活を楽しみましょう

モバゲー said...

モバゲーでついに出会いができる!?楽しめる出会い、求めていた出会いはココから始まる。素敵な出会いでまずは関係づくりwしていきましょう

နွေတေးရှင်(မင်းဧရာ) said...

သူကြီးမင်းရယ် ရက်ဆက်လိုက်တာဗျာ..
ဓါတ်ပုံတွေ ကြည့်ရင်း စောစောစီးစီး ဘယ်လိုလုပ်ပြီး သည်သီချင်းကိုမှ လက်က ကလစ်မိသွားရတယ်လို့ ရင်ထဲကို ဆို့သွားတာဘဲဗျာ....
( တိုင်ဆိုင်မှု့ တိုက်ဆိုင်မှု့)
ဒေါ်ဖြူသီ ဆိုတာကိုတော့ အခုမှ တွေ့ဘူး နားထောင်ဘူးတာပါ ဦးမင်းနောင် သီချင်းကို ပြန်ဆိုထားကြတာ ဆိုတဲ့သူတိုင်းကောင်းနေပါတယ် ။