Wednesday 30 September 2009
ကျောင်းအပ်ပြီ
ဒီနေ့ Soas, University of London မှာ Enrolment သွားလုပ်တယ်။ ဒီတစ်ပတ်လုံးက Orientation week ဆိုတော့ စာသင်စာပြ ဘာမှ မလုပ်ကြသေးဘူး။ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး International student welcome day တို့ walking tour တို့စတဲ့ လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို တက္ကသိုလ်ဝန်ထမ်းတွေ ပြုလုပ်ပေးနေကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တော့ သွားရမှာ ခပ်ပြင်းပြင်းဖြစ်နေတာကတစ်ကြောင်း Pre-sessioanl courses နှစ်လလောက် တက်ခဲ့ပြီးဖြစ်လို့ တက္ကသိုလ်ဝန်းကျင်နဲ့ ရင်းနှီးပြီးဖြစ်တာကတစ်ကြောင်းတို့ကြောင့် တစ်ချို့  Event တွေကို မသွားဖြစ်ခဲ့ပါဘူး။
ဒီတစ်ပတ်လုံး ကျောင်းသူကျောင်းသားတွေ အလှည့်ကျ Enrolment လုပ်ရတယ်။ ဥပမာ.. A to F နဲ့နာမည်စတဲ့ ကျောင်းသူကျောင်းသားတွေက ဘယ်နှစ်ရက်နေ့ လာပြီး Enrolment လုပ်ရမယ်၊ G to I နဲ့နာမည်စတဲ့ ကျောင်းသူကျောင်းသားတွေက ဘယ်နှစ်နေ့လာပြီး Enrolment လုပ်ရမယ်စသဖြင့်ပေါ့။ ကျောင်းသူကျောင်းသားအရေအတွက် များလွန်းတဲ့အတွက် ဒီလ ၂၈ ရက်နေ့ကစပြီး အောက်တိုဘာ ၁ ရက်နေ့အထိဟာ Enrolment လုပ်ရတဲ့ Week ဘဲဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားတွေ အရမ်းများတဲ့အတွက် Enroment လုပ်ဖို့ တန်းစီပြီးစောင့်ရပါတယ်။ Long queue ကြီးဖြစ်နေလေရဲ့ ။ ပြည်တွင်း ပြည်ပကျောင်းသား၊ Post graduate students, Undergraduate students အားလုံး တစ်တန်းထဲ တန်းစီရပါတယ်။ Point ရောက်ခါနီးမှ Enrolment လုပ်ရမဲ့ PG နှင့် UG ကိုသက်ဆိုင်ရာ Desks ခွဲပါတယ်။
Enrolment အားလုံး ပြီးပြည့်စုံဖို့ နေရာဋ္ဌာန လေးခုကို သွားရတယ်။
၁။ ID စစ်ဆေးတဲ့ဋ္ဌာန (စီဒီတစ်ချပ်နဲ့ ကျောင်းသားသုံးစာအုပ်နှစ်အုပ်ပေးခဲ့တယ်)
၂။Payment လုပ်ရတဲ့ဋ္ဌာန (Form တစ်ခုပေးခဲ့တယ်၊ ကိုယ့်ရဲ့ အချက်အလက်မှန်မမှန်စစ်ဆေးပြီး Blank ဖြစ်နေတဲ့ နေရာပြန်ဖြည့်ဖို့)
၃။Payment ဋ္ဌာနကပေးခဲ့တဲ့ Form ကို စစ်ဆေးဖြည့်စွက်ပြီး ထပ်တင်ရတဲ့ဋ္ဌာန
၎။ဓါတ်ပုံအရိုက်ခံပြီး ကျောင်းသားကဒ်တစ်ခါထဲ လုပ်ပေးတဲ့ဋ္ဌာန (အဲဒီကဒ်ဟာ တက္ကသိုလ်အဆောက်အဦထဲဝင်ခွင့်နှင့်စာကြည့်တိုက်ဝင်ခွင့်အတွက် အကျုံးဝင်ပါတယ်)။
နေရာဋ္ဌာနတိုင်းမှာ တန်းစီပြီးအကြာကြီးစောင့်ရပါတယ်။ ဒါကြောင့်မို့ မနက် ကိုးနာရီမထိုးခင်ကစပြီး ကျနော်တို့ Enroment ပြုလုပ်တာဟာ နေ့လည် တစ်နာရီလောက်မှဘဲ ပြီးမြောက်ပါတယ်။ သူတို့ရဲ့  စီမံထားမှုကတော့ တကယ်တိကျပါတယ်။ သွားရမဲ့နေရာ လုပ်ရမဲ့ကိစ္စအတွက် ကြောင်အမ်းအမ်းမဖြစ်ဖို့ နေရာတိုင်းမှာ တက္ကသိုလ်ဝန်ထမ်းတွေကို Stand by ထားပါတယ်။ ၀န်ထမ်းတွေအားလုံး တက္ကသိုလ်ယူနီဖောင်းဝတ်ဆင်ထားကြတဲ့အတွက် သူတို့ကို ရှာဖွေရတာ လွယ်ကူပါတယ်။ သူတို့မျက်နှာတွေကလဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုတော့ သွားမေးဖို့ ၀န်လေးစရာမလိုပါဘူး။ အတုယူစရာကောင်းပါတယ်။
ဒါပေမဲ့ ဘ၀င်မကျတာ တစ်ခုတော့ တွေ့ခဲ့တယ်။ အဲဒါကလဲ သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျောင်းသားကဒ်အတွက် ဓါတ်ပုံရိုက်တဲ့နေရာမှာပါ။ လူတွေများလွန်းတဲ့အတွက် အမြန်ဆောင်ရွက်နိုင်အောင် စီစဉ်ထားတာဖြစ်ဟန်တူပါရဲ့ ။ ဓါတ်ပုံရိုက်တာကို ကင်မရာအကောင်းစားနဲ့မရိုက်ဘဲ Web-Cam နဲ့ရိုက်ပြီး ကျောင်းသားကဒ်လုပ်ပေးတယ်။ ဒါကြောင့် ဓါတ်ပုံလုံးဝ မကောင်းပါဘူး။ ကြည်ကြည်လင်လင်လဲ မရှိပါဘူး။ အဲဒါတစ်ခုတော့ နဲနဲစိတ်ပျက်မိတယ်။ အဲဒီကဒ်ကို နေ့စဉ်သုံးနေရမှာဆိုတော့ နေ့စဉ်မြင်တွေ့နေရမှာ သေချာတယ်။ ဓါတ်ပုံက မရှင်းမလင်းနဲ့။ သိပ်အဆင်မပြေလှဘူး။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ Enrolment ပြီးသွားတဲ့အတွက် စိတ်အေးရတာပေါ့။ နောက်နေ့တွေမှာ ကြိုက်နှစ်သက်ရာ Unit တွေကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဋ္ဌာနမှာ စာရင်းပေးသွင်းရတော့မယ်။ အားလုံးစာရင်းသွင်းပြီးရင်တော့ လာမဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး ကျောင်းစတက်ရုံဘဲပေါ့။ မာစတာကျောင်းသားဆိုတော့ ဆံပင်ဖြူပေါက်လောက်အောင်ကြိုးစားရမလားမသိဘူး။ တွေးကြည့်ရင်း Excited ဖြစ်နေတာကတော့ အမှန်ပါဘဲ။
....
5 comments:
Anonymous said...
ငကြွား
တစ္ဆေ said...
ယူကေရောက်တာ သိပ်မကြာငြား
မြန်မာစကား သူမေ့သွားပြီ
အီးကြားညှပ်၍ ရေးလေသည်။
လောင်းကျူတန်းစီ စိတ်မရှည်လျက်
ကြားခိုးဖြတ်ရန် ကြံစည်ပြန်
မြန်မာပြည်သား ပီသသည်။
ဓာတ်ပုံရိုက်ရန် သူထိုင်ပြန်သော်
ဝက်ကမ်နှင့်ရိုက် သူမကြိုက်
ရိုက်သူအပြစ် လွှဲချသည်။
နဂိုရှိမှ နဂိုင်းလှမှာ
မှတ်ထားပါ ...
ရူပါချာလျှင် ပုံချာမည်။
ဆံပင်ဖြူပေါက် အရွယ်ထောက်
အသက်ဘယ်လောက် ကြီးနေမည်။
မာစတာတက် သူလျှာထွက်
ကျည်ပွေ့အတက် ပေါက်တော့မည်။ ။
သူကြီးမင်း (တုံးဖလား) said...
တစ္ဆေတစ်ယောက်၊ ရွာရိုးလျောက်၊ စနောက်သန်လှသည်။
စနောက်သော်ငြား၊ သူ့စိတ်ထား၊ ကောင်းငြားထင်အံ့သည်။
ကောင်းပင်ကောင်းငြား၊ သူ့စကား၊ အများနားမလည်။
နားမလည်ငြား၊ ထင်တိုင်းသွား၊ ရေးသားကွန်မင့်တွေ။
ကွန်မင့်ပေးဟန်၊ သူ့ရုပ်မှန်၊ ကြီးဟန်အသက်ထင်ရသည်။
သက်ကြီးတစ္ဆေ၊ သုဿာန်မြေ၊ အမွေရခဲ့သည်။
အမွေသုဿာန်၊ မနက်ဖြန်၊ သူပြန်သွားလိမ့်ည်။
သူပြန်သွားသော်၊ ဟိုကမျှော်၊ ကျနော် အမျှဝေ။ :D
Anonymous said...
း))
ခနောင်တိုသား ကြွားစိန်မှာ
တစ္ဆေကြီးကို ကြောက်လိုက်တာ
မြန်ဆန်စွာ သူချေပ
ကိုယ့်မှာ ဖတ်ရင်း ပြုံးနေရ။
ကြွားစိန်ကိုမောင် စိတ်ထဲအော်
ရီချင်လာတယ်နော်
စိတ်လှုပ်ရှားတာ ကျောင်းစာလား
သေသေချာချာ ပြန်စဉ်းစား။
ခေါင်းမွေးဖြူအောင် သူကြိုးစား
မသိသူဆို လေထွားထွား
ကြိုးစားသည်မှာ ဘလော့ရေးတာ
အဲဒါ အဖြေပါ။
ပလို့ဂျိ။ ပြန်ပီ..ဘိုင့်
သုခုမလေဒီ said...
အဟီး ကွန်မန့် ကဗျာတွေလာဖတ်သွားတယ်။ အဲ ကျောင်းဖွင့်လို့ ပျော်နေလား ငိုနေလားတော့မသိ ။ ကဗျာမန့် တွေတော့ ဖတ်ကောင်း၏။း))