ငှက်ပျောသီးအခွံနွှာဖို့ကိစ္စကို
အာခိမိဒီးနိယာမတွေသုံးပြီး
ဆံပင်ဖြူအောင် သီအိုရီထုတ်နေကြလေရဲ့ ။
ဖိနပ်အောက်က မာနတွေများ
တာဝတိံသာကို
စီးချင်းထိုးချင်သတဲ့။
ဘက်ထရီ ရီဗာ့စ် ဖြစ်နေတဲ့
ကက်ဆက်အို တစ်ခုရဲ့ ကြွေကွဲခြင်းမျိုး
မက်ကင်းနစ် ထပ်တူမပြုလောက်ဘူး။
ခုန်ချနိုင်တဲ့အမြင့်ပေထက်က
ဟိတ်ဟန်မူယာထဲ ပျော်ဝင်နေသူတစ်ယောက်
လှေခါးကူမှ
ပထ၀ီကို နမ်းရှိုက်ခွင့်ရမယ်ဆိုဘဲ။
ခက်ခဲပုံဟန် ပုံစံခွက်ထဲ
အသားကျနေပြီမို့
အရောင်ရှိပြီးသူများလဲ
အရောင်ထပ်တင်ချင်ကြသေးတယ်။ ။
အာခိမိဒီးနိယာမတွေသုံးပြီး
ဆံပင်ဖြူအောင် သီအိုရီထုတ်နေကြလေရဲ့ ။
ဖိနပ်အောက်က မာနတွေများ
တာဝတိံသာကို
စီးချင်းထိုးချင်သတဲ့။
ဘက်ထရီ ရီဗာ့စ် ဖြစ်နေတဲ့
ကက်ဆက်အို တစ်ခုရဲ့ ကြွေကွဲခြင်းမျိုး
မက်ကင်းနစ် ထပ်တူမပြုလောက်ဘူး။
ခုန်ချနိုင်တဲ့အမြင့်ပေထက်က
ဟိတ်ဟန်မူယာထဲ ပျော်ဝင်နေသူတစ်ယောက်
လှေခါးကူမှ
ပထ၀ီကို နမ်းရှိုက်ခွင့်ရမယ်ဆိုဘဲ။
ခက်ခဲပုံဟန် ပုံစံခွက်ထဲ
အသားကျနေပြီမို့
အရောင်ရှိပြီးသူများလဲ
အရောင်ထပ်တင်ချင်ကြသေးတယ်။ ။
.......
6 comments:
အရောင်ရှိပြီးသူများလဲ
အရောင်ထပ်တင်ချင်ကြသေးတယ်...
ဟုတ်တယ်
မိုးများတဲ့နေရာမှာ ရေတွေတအားလျှံနေတတ်တယ်
ခေါင်းငုံ့နေသူကို လက်ပြန်ကျိုးတုတ်ပြီး နှိပ်စက်နေတတ်တယ်.....
ဟုတ်တယ်...
အရောင်ရှိသူတွေလဲ အရောင်ထပ်တင်နေချင်ကြသေးတယ်
ပျော်ပါစေ..
မိုက်တယ် ။အောက်က လင်းကြယ်ဖြူရေးတာလဲမိုက်တယ်။
အရေးအသားက အရမ်းမိုက်တယ်ဗျာ ... ပြည့်နေတဲ့ အိုးတွေထဲ ရေတွေထပ်ထည့်နေသလိုပေါ့ ... လိုအပ်တာတွေ ဂရုမပြုဘဲ ပိုလျှံနေမှုတွေကို ထပ်ကူပေးနေသလိုပေါ့ ...
မှန်ပါ့ကို၂မောင်ရေ...
ကိုကိုမောင်ရေ ဖတ်သွားပါတယ်.
လူ့ပတ်ဝန်းကျင်မှာရှိတက်တဲ့ဖြစ်တက်တဲ့
အရာတစ်ခုပေါ့နော်။
အရာရာငြိမ်းချမ်းပါစေ။
ကဗျာတစ်ပုဒ်လုံးသဘောကျတယ် ...
ဒီအပိုဒ်လေးတော့ သဘောအကျမိဆုံးပဲ ...
ခုန်ချနိုင်တဲ့အမြင့်ပေထက်က
ဟိတ်ဟန်မူယာထဲ ပျော်ဝင်နေသူတစ်ယောက်
လှေခါးကူမှ
ပထ၀ီကို နမ်းရှိုက်ခွင့်ရမယ်ဆိုဘဲ။
Post a Comment