မုဆိုးမဖြစ်ရတာထက် သေရတာကပိုမြတ်ပါတယ်။
ဒီအယူဟာ ဟိန္ဒူဘာသာမှာ အရိုးစွဲနေပါပြီ။
Sati ( a practice of suicide burning) မီးလောင်ပြီးအသေခံခြင်း
လင်ယောက်ျားသေဆုံးပြီးနောက် ကျန်ရစ်တဲ့အမျိုးသမီးကို အမင်္ဂလာမိန်းမ၊ ကျက်သရေတုံးတဲ့မိန်းမ တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။ ဒါကြောင့်မို့ ဒီ Sati ဆိုတဲ့ ထုံးတမ်းစဉ်လာ ပေါ်ပေါက်လာရတာပါ။
ဒီ Sati က နှစ်မျိုးရှိပါတယ်။ Widow-Burning နှင့် Jauhar ပါ။ ရှင်းပြပါမယ်။
Widow-Buring (မုဆိုးမကို မီးရှို့ သတ်ကြခြင်း)
မုဆိုးမကို မီးရှို့ သတ်ကြတယ်ဆိုပေမဲ့ များသောအားဖြင့် ကျန်ရစ်သူ မုဆိုးမကိုယ်တိုင်က သူ့ကိုသူ အဆုံးစီရင်တာပါ။ ဘယ်လို စီရင်သလဲဆိုတော့ လင်ယောက်ျားရဲ့ အလောင်းကို မီးရှို့ တဲ့ Funeral Pyre လို့ခေါ်တဲ့ မီးပုံထဲ ခုန်ဆင်းပြီး သူမကိုယ်သူမ(သူမယောက်ျားအလောင်းနှင့်အတူ) မီးလောင်စေပြီး အသေခံတာပါ။ မုဆိုးမဘ၀နှင့်မယှဉ်သန်ချင်တာလဲ ပါမှာပေါ့လေ။ နောက်အိမ်ထောင်ပြုခွင့်မရမဲ့အတူတူ သေတာဘဲကောင်းပါတယ်ဆိုတဲ့ အယူလဲ ရှိကောင်းရှိနိုင်ပါတယ်။ ကျန်ရစ်သူမုဆိုးမကိုယ်တိုင် သူမဆန္ဒနှင့်သူမ အသေခံတာရှိသလို
လင်ယောက်ျားရဲ့ ဆွေမျိုးတွေက အတင်းအကြပ် မီးပုံထဲခုန်ဆင်းခိုင်းလို့ သေရတဲ့ မုဆိုးမတွေလဲ မနည်းခဲ့ပါဘူး။
ဟိန္ဒူဘာသာရဲ့  အမွန်မြတ်ဆုံးကျမ်းဟာ ဝေဒအမည်ရှိတဲ့ကျမ်းတွေပါ။ အဲဒီဝေဒကျမ်းတွေထဲက ရိဒ်ဝေဒကျမ်းဟာ ရှေးအကျဆုံးကျမ်းဖြစ်ပါတယ်။ အဲဒီ ရိဒ်ဝေဒကျမ်းထဲမှာ Sati Hynm လို့ခေါ်တဲ့ မုဆိုးမမီးလောင်ခံတဲ့အခမ်းအနားမှာ သီဆိုတဲ့ ဘာသာရေးသီချင်းတွေကို ဖော်ပြထားပါတယ်။ မုဆိုးမမီးလောင်အသေခံတာတောင် အခမ်းအနား အတီးအမှုတ် အကအခုန်တွေနဲ့ ပြုလုပ်လိုက်ကြသေးတယ်။ အတော်ကို မတရားအနိုင်ကျင့်လွန်းပါတယ်။
သေချာလေ့လာကြည့်လိုက်တော့ သူတို့မှာ ဒီလိုယုံကြည်မှုလေးတွေကြရှိတယ်။
လင်ယောက်ျားအလောင်းနှင့်အတူ မီးလောင်အသေခံတဲ့ အမျိုးသမီးကို----
၁။အလွန်မြင့်မြတ်ပြီး သီလနှင့်ပြည့်စုံတဲ့ အမျိုးသမီးလို့ အများက သတ်မှတ်ကြခြင်း
၂။သေဆုံးပြီးပြီးချင်း ကောင်းကင်ဘုံသို့ တိုက်ရိုက်ရောက်ရှိနိုင်ခြင်း
၃။ငရဲမှာ ဒုက္ခခံစားနေရတဲ့ ဆွေမျိုးတွေအားလုံးကို ကယ်တင်ရာရောက်ခြင်း
၎။နတ်သမီးတစ်ပါးအနေနဲ့ ကိုးကွယ်ခံရခြင်း
၅။ကောင်းကင်ဘုံ၌ နှစ်ပေါင်း ၃၅ သန်းတိုင်တိုင် သူမယောက်ျားနှင့်အတူ စည်းစိမ်ခံစားနိုင်ခြင်း
၆။ကျန်ရစ်သူများက အမှတ်ရနေစေရန်အတွက် ဘုရားကျောင်းတစ်ခုခုကို သူမအတွက် ဆောက်လုပ်ပေးကြခြင်း၊
အဲဒီလို ယုံကြည်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀ဟာ ပိုပြီး အဖိနှိပ်ခံဖြစ်ခဲ့ရပါတယ်။
ဒီလိုအလေ့အကျင့်တွေ ပျောက်ပျက်ခဲ့တာ နှစ်ပေါင်း ရာချီရှိခဲ့ပြီဆိုပေမဲ့ အိန္ဒိယနိုင်ငံအစွန်အဖျားဘက်မှာ တစ်ခါတစ်ရံ ဒီကျင့်ထုံးကို ယနေ့တိုင်အောင် ပြုလုပ်နေကြပါသေးတယ်။
Jauhar (မိန်းမများ အစုလိုက်အပြုံလိုက် မီးရှို့ အသတ်ခံရခြင်း)
ဒီအလေ့အကျင့်ဟာ Sati နှင့်အနည်းငယ်ကွဲသယောင်ထင်ရပေမဲ့ အမှန်ကတော့ Sati အလေ့အကျင့်ပါဘဲ။
ယောက်ျားတွေ စစ်မြေပြင်ထွက်တဲ့အခါမျိုးမှာ တစ်မြို့လုံးမှာရှိတဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ ဇနီးနှင့်သမီးတွေအားလုံးကို စစ်မထွက်ခင် အစုလိုက်အပြုံလိုက် မီးရှို့  သတ်ဖြတ်ခဲ့ကြလေ့ရှိပါတယ်။
သူတို့ ဒီလိုလုပ်တာဟာ အကြောင်းနှစ်ချက်ကြောင့်လုပ်ရတာပါ။
၁။ဇနီးနှင့်သမီးတွေအားလုံး ရန်သူလက်တွင်းကို ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ထားခြင်း
၂။စစ်ထွက်သွားတဲ့ယောက်ျားတွေဟာ စစ်မြေပြင်မှာ သေဖို့ရာခိုင်နှုန်းများတဲ့အတွက် ဇနီးမယားတွေ မုဆိုးမဘ၀ ရောက်ရဖို့ ကျိန်းသေခြင်း။ (မုဆိုးမဘ၀ဟာ အမင်္ဂလာ၊ ကျက်သရေမရှိ ဟု အယူရှိကြ၏)
အဲဒီလို အစုလိုက်အပြုံလိုက် မီးရှို့ အသေခံတဲ့ အမျိုးသမီးတွေထဲမှာ အမျိုးသမီးအများစုက သူတို့စေတနာအလျောက် အသေခံကြတာပါ။ သေဖို့ ဆန္ဒမရှိတဲ့ အမျိုးသမီးကိုလဲ လင်ယောက်ျားက အတင်းအဓမ္မအသေခံခိုင်းပါတယ်။ သေဖို့ဆန္ဒရှိရှိ မရှိရှိ အားလုံး သေကြကြတာချည်းပါဘဲ။ တော်တော်ဥာဏ်ကြီးကြတဲ့သူတွေဘဲနော်။ စစ်မရောက်ခင် များကုန်နေကြပြီ။ စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဒီအယူဝါဒတွေကို ဒီခေတ်မှာတော့ မကျင့်သုံးကြတော့ပါဘူး။ ပျောက်ပျက်သွားပါပြီ။
No divorce and no remarriage (အိမ်ထောင်ကွဲနှင့်ပြန်အိမ်ထောင်ပြုခြင်းတို့ကို ခွင့်မပြု)
ယောက်ျားဘယ်လောက်ဆိုးဆိုး မိန်းခလေးမှာ အိမ်ထောင်ကွဲခွင့်မရရှိပါဘူး။ ကြိတ်မှိတ်သည်းခံပြီးနေရုံပါဘဲ။ တကယ်လို့ ယောက်ျားနှိပ်စက်တာ မခံနိုင်လို့ အိမ်ကထွက်ပြေးရင်တောင်မှ ဟိန္ဒူဝန်းကျင်ထဲမှာ ကျင်လည်နေသရွေ့  ဘယ်တော့မှ နောက်အိမ်ထောင်ပြုခွင့်မရှိပါဘူး။
Purdah (သူစိမ်းရှေ့ မှာ မျက်နှာဖုံးကွယ်ထားရခြင်း)
ဟိန္ဒူအမျိုးသမီးတွေဟာ လျို့ ဝှက်စွာ သီးသန့်နေရပါတယ်။ အပြင်ထွက်ရင်လဲ ခန္ဓာကိုယ်တစ်ခုလုံးအပြင် မျက်နှာကိုပါ အ၀တ်နှင့်ဖုံးကွယ်ပြီးထွက်ရပါတယ်။ မျက်စိမြင်ရရုံသာ အပေါက်ကလေးတွေပြုလုပ်ထားပါတယ်။ ကျနော်တို့ အများစုက မွတ်စလင်မတွေသာ အပြင်ထွက်ရင် မျက်နှာဖုံးကွယ်ပြီးထွက်ရတယ်လို့ သိကြတာပါ။ အမှန်တကယ်က ဟိန္ဒူအမျိုးသမီးတွေလဲ Purdah လို့ခေါ်တဲ့ မျက်နှာဖုံးကွယ်ပြီး အပြင်ထွက်ရတဲ့ စည်းကမ်းဥပဒေတွေရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို ဇာတ်မြင့်အာရိယန်ဟိန္ဒူတွေသာ မှန်မှန်ကန်ကန်လိုက်နာကြတယ်လို့ ဆိုပါတယ်။ ဒီလို မျက်နှာကို ဖုံးကွယ်ထားခြင်းအားဖြင့် တစ်ခြားယောက်ျားလေးတွေရဲ့  တဏှာရန်မှ လွတ်ကင်းနိုင်တယ်လို့ သူတို့ ယုံကြည်ထားကြပါတယ်။
သူ့အရပ်နှင့်သူ့ဇာတ်ကတော့ ဟုတ်နေတာပါဘဲ။
အမျိုးသမီးဆိုသူတွေ အများစုကလဲ အလှအပအတွက်နှင့် ဂုဏ်အတွက်ဆိုရင် ငွေကုန်တာ ထမင်းငတ်ခံတာကို အသာလေးထားပြီး အသက်ကိုတောင် မနှမြောတတ်ကြလေတော့ သူတို့ကြောင့်လဲ ခပ်ခက်ခက်ပါဘဲ။

ကိုးကားချက်။
1.http://www.geocities.com
2.http://www.hinduwebsite.com
3.Thitthila, Ashin, (1992) Essentail Themes of Buddhist Lectures, Yangon: Religious Affairs Press.
4.Pruthi, R and Sharma, B.R (1995) Buddhism, Jainism and Women, New Delhi: Anmol Publications.
.....
3 comments:
ခုတစ်လော မိန်းမတွေအကြောင်းကြီးပဲ တင်နေတယ်နော် :P
ဟယ် ဟိန္ဒူမိန်းမတွေဖြစ်ရတာလည်း လူဖြစ်ရှုံးသလိုပဲ နော်။ အမတို့ ဗုဒ္ဓဘာသာပဲကောင်းတယ်။ မသိသေးတာတွေသိရလို့ ကျေးဇူးပဲ မောင်လေး။
အမ ကူးယူသွားတယ်နော်။ လိုအပ်ရင်လေ့လာရေးသား ဖို့ ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။
ထူးဆန်း ထူးဆန်းပ အကိုရာ သူတို.အယူအဆတွေကလည်း တမျိုးတွေပါလားဗျာ
တော်သေးတယ်ဗျာ ခုခေတ် မရှိတော.လို. ခုခေတ်လည်း
အလိုတွေ ရှိသေးရင် တော. ဟိန္ဒူအမျိုးသမီးတွေ အတွက်
ရင်လေး စရာဘဲ ...
Post a Comment