Thursday 10 September 2009

မီရှယ်လေးရဲ့ ဘ၀စာမျက်နှာအကျဉ်း (၁)



မီရှယ်လေး (Michelle Robinson Obama)ကို ၁၉၆၄ခု၊ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ချီကာဂိုတောင်ဘက်ပိုင်းရဲ့  တိုက်ခန်းကျဉ်းလေးထဲမှာ
သူမရဲ့ အကို ကရိုက်ဂ်နှင့်အတူ ကြီးပြင်းခဲ့ရပါတယ်။
သူမရဲ့ အကိုနှင့် ၁၆လဘဲ ကွာတဲ့အတွက် သူတို့ကို အမြွာပူးလို့ ပတ်ဝန်းကျင်က ယူဆနေကြလေရဲ့ ။

မိဘနှစ်ပါးကတော့ ဖရေဇာနှင့်မာရီယန် (Fraser Robinson and Marian Shields)ပါ။ သူမရဲ့ အဖေက မြို့တော်ရေပေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ သာမန်အလုပ်သမားဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မာရီယန်ကတော့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့ အဖေဘက်က တော်တဲ့ အဘီ(အဘိုးရဲ့ အဘိုး) ဂျင်ရောဘင်ဆင်ဟာ မြောက်ရိုကာလိုင်းနားက ကျေးကျွန်တစ်ယောက်ဖြစ်ပါတယ်။။ ဒါပေမဲ့ သူမရဲ့  အဘိုးလက်ထက်(၁၉၀၀ ပြည့်နှစ်များ)ရောက်တော့ ပြင်းထန်တဲ့ အရောင်အသွေးခွဲခြားမှုကနေ ရှောင်ရှားနိုင်ဖို့ ချီကာဂိုကို
ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

သူမရဲ့ ဘ၀တစ်လျောက်လုံး လူဖြူမိသားစုတွေ လူနေမှုရှုပ်ထွေးတဲ့မြို့တွင်းကနေပြီး အေးဆေးတည်ငြိမ်တဲ့ မြို့ပြင်ဘက် ပြောင်းရွှေ့ သွားလာနေကြတာကို ကြည့်ရှုနေမိခဲ့ပါတယ်။ အဲဒီကာလဟာ The white flight of the 1960s and 1970s လို့ အမည်တွင်ပါတယ်။
အခက်အခဲကြားထဲကဘဲ သူမရဲ့ မိဘနှစ်ပါး (ဖရေဇာ+မာရီယန်)ဟာ မီရှယ်တို့မောင်နှမကို ပညာတတ်မြောက်အောင် သင်ကြားစေခဲ့ပါတယ်။ သူမဟာ ငယ်ရွယ်စဉ်ကထဲက ထက်မြက်တဲ့ မိန်းခလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် ၄ နှစ်သမီးအရွယ်မှာတင် စာတွေကို ဖတ်တတ်နေပါပြီ။ ပြီးတော့ ဒုတိယတန်းကို ကျော်တက်ခွင့်ရပါတယ်။ ခြောက်တန်းရောက်တဲ့အခါကျတော့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားများအတွက် ဖွင့်ထားတဲ့အတန်းတွေကို သူမ စာရင်းပေးသွင်းပြီး အဲဒီအတန်းမှာဘဲ ပြင်သစ်စာပေကို သူမ သင်ယူတတ်မြောက်ခဲ့တာပါ။

ဆက်လက်ပြီး ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားများအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း(Whitney Young High School)မှာ သူမတက်ရောက်ခဲ့ပြန်ပါတယ်။ တက်ရောက်နေစဉ်အတွင်း လူတော်တစ်ယောက်ဖြစ်ခဲ့ပြီး National Honor Society ရဲ့ အဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်။ ၁၉၈၁ အထက်တန်းကျောင်းကို Salutatorian အနေနဲ့ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ (Sociology and cum laude honors )ဘွဲ့ ကို Princeton University မှာ ရရှိခဲ့ပါတယ်။
သူမတင်သွင်းခဲ့တဲ့ ကျမ်းအမည်ကတော့ Princeton-Educated Blacks and the Black Community ဘဲ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မီရှယ်လေးဟာ Harvard Law School ဆက်လက်တက်ရောက်ပြီး ၁၉၈၈ ခုနှစ်မှာ JD ဘွဲ့ ကို ရရှိခဲ့ပါတယ်။ သူမဟာ အဲဒီကျောင်းကို ဘာရက်ခ် အိုဗားမားထက် တစ်နှစ်စောပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘွဲ့ ရပြီး တစ်နှစ်အထိ သူတို့နှစ်ယောက် အချင်းချင်း မတွေ့ရှိခဲ့ကြပါဘူး။

ဟားဗတ်တက္ကသိုလ်က ဘွဲ့ ရပြီးနောက် သူမဟာ ချီကာဂိုရဲ့  အဆင့်အမြင့်ဆုံး Law firm ဖြစ်တဲ့ Sidley Austin မှာ ရာထူးတစ်ခုကို လက်ခံလိုက်ပါတယ်။ ၁၉၈၉ ခုနှစ် နွေရာသီကာလမှာ ဘွဲ့ရအလုပ်သင်ဖြစ်တဲ့ ဥပဒေကျောင်းသားတစ်ယောက်ကို သူမကြီးကြပ်ပေးရပါတယ်။ အဲဒီကျောင်းသားနာမည်က ဘာရက်ခ် အိုဗားမား။

(ဆက်လက်တင်ပြပါ့မယ်)


.........

5 comments:

chitpalone said...

အယ် ပထမတော့

chitpalone said...

သိပ်မခင်သေးတော့ မသောင်းကျန်းတော့ပါဘူး။ စာဖတ်လိုက်ဦးမယ်။ ပြီးမှပဲ မန့်တော့မယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

chitpalone said...

အယ် တင်မယ်ဆိုလည်း မြန်မြန်တင်လေ အချက်အလက်ကို တကယ်စုံတယ်ဗျာ။ အခုလို ဗဟုသုတ ဖော်ပြပေးတာ ကျေးဇူးပါ။ အိုဗားမားနဲ့ စတွေ့မှပဲ ရပ်လိုက်ရလားဗျ။ စောင့်နေတယ်နော်။အသစ်
ခင်မင်လျှက်
ညီမလေး ပါးလုံး
ကျောင်းပိတ်တဲ့နေ့မှပဲ လင့်ချိတ်တော့မယ်နော်။ အခုတည်းကခွင့်တောင်းသွားတယ်နော်။လင့်ချိတ်ခွင့်ပြုနော် မပြုလည်းချိတ်မှာပဲ ဒါမှ မီရှယ်းအကြောင်း ဆက်သိခွင့်ရမှာပေါ့။အဟိ

ခြေလှမ်းသစ် said...

သြော် Michael က အိုဘားမားရဲ့  ကြီးကြပ် အဖြစ် လုပ်ခဲ့တာကိုး အလွန်တော်မဲ့ မိန်းခလေးပါပဲ လေးစားသွားပါတယ် ....

မိုးစက်အိမ် said...

တကယ်တော်တဲ. မီရှယ်ဘဲဗျာ ...