
နောက်ဆုံးမှာတော့ အိုဗားမားဟာ အမေရိကန် အထက်လွတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ အိုဗားမား လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့လဲ မီရှယ်လေးဟာ သူမရဲ့ လုပ်ငန်းကို မစွန့်လွတ်ခဲ့ပါဘူး။ သူတို့ဇနီးမောင်နှံ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြတယ်။ ဒီအတောအတွင်း အိုဗားမားက ၀ါရှင်တန်မှာ နေထိုင်ပြီး မီရှယ်ကတော့ လက်ရှိလုပ်ငန်းလုပ်ကိုင်ရာ ချီကာဂိုမှာ ကလေးတွေနှင့်အတူနေရစ်ဖို့ပါ။
သူမဟာ အလုပ်ထဲမှာဘဲ စိတ်ကို နစ်ထားနေလေရဲ့ ။
သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် ၂၀၀၅ ခုနှစ်မှာ သူမဟာ ချီကာဂိုဆေးတက္ကသိုလ် University of Chicago Medical Center) မှာရှိတဲ့ Community Relations and External Affairs ဌာနမှာ ဒုတိယအကြီးအကဲရာထူးကို လက်ခံရရှိခဲ့ပါတယ်။
အစပထမမှာတော့ မီရှယ်လေးဟာ သူမရဲ့ အမျိုးသား သမ္မတရာထူးအတွက် လှုပ်ရှားနေတာကို မကြိုက်နှစ်ခဲ့ပါဘူး။ အမေရိကန်ရဲ့  အကြီးမားဆုံးရာထူးဟာ အန္တရာယ်နှင့်မကင်းဘူးဆိုတာ သူမကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်မို့ မိသားစု စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ ကိစ္စမျိုးကို မလုပ်စေချင်ပါဘူး။
ပြီးတော့ လူမျိုးရေးခွဲခြားတဲ့လူတစ်ချို့ ကြောင့် သူမတို့ မိသားစုကို ကျည်ဆံတစ်ထောင့်ထဲနဲ့ ဖြိုခွင်းပျက်စီးစေနိုင်တာကိုလဲ သူမ အရမ်းစိုးရိမ်နေပါတယ်။ စိုးရိမ်မယ်ဆိုရင်လဲ စိုးရိမ်သင့်ပါတယ်။ သူတို့က လူမည်းမိသားစုမဟုတ်လား။ အမေရိကန်နိုင်ငံမှာ လူမည်းတွေ သမ္မတဖြစ်ဖို့ နေနေသာသာ လူဖြူတွေနည်းတူ လူတန်းစေ့နေထိုင်ခွင့်ရရှိအောင်တောင်မှ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရတယ်မဟုတ်ပါလား။
ဒါပေမဲ့.. နောက်ဆုံးမှာတော့ သူမဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်ပါတယ်။ သူ့အမျိုးသားကို အပြည့်အ၀ ထောက်ခံအားပေးဖို့ပေါ့။ ဆုံးဖြတ်ချက်ချပြီးနောက် သူမဟာ စိတ်ပါလက်ပါ(တက်ကြွစွာ)နဲ့ စိတ်နစ်ပြီး သူမရဲ့ အမျိုးသားတစ်ယောက် အမေရိကန်တစ်ပြည်ထောင်စုလုံးရဲ့  အဆင့်မြင့်ဆုံးရုံးမှာ အဆင့်မြင့်ဆုံးရာထူးရရှိဖို့ ရာနှုန်းပြည့် ထောက်ခံအားပေးခဲ့ပါတယ်။
သူမ အားပေးရကျိုး (ပင်ပန်းရကျိုး)နပ်ခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အိုဗားမားဟာ ပြိုင်ဘက် ဂျွန်မက်ကိန်းကို မဲပြတ်နဲ့ အနိုင်ရရှိပြီး အမေရိကန်ရဲ့  ၄၄ ဆက်မြောက်သမ္မတ (ပထမဦးဆုံး လူမည်းသမ္မတ) အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ကမ္ဘာအရပ်ရပ်ရှိ လူမည်းမျိုးနွယ်စုတွေအတွက်ကတော့ ဧရာမအောင်ပွဲကြီးတစ်ခုအဖြစ် ဂုဏ်ယူချင်စရာအတိဖြစ်နေလေရဲ့ ။ မီရှယ်လေးလဲ ပျော်တပြုံးပြုံးနဲ့ပေါ့။ ။
(ဆက်လက်ဖော်ပြပါ့မယ်)
....
3 comments:
ကိုကိုမောင်ရေ
စာတွေတစုတဝေးနည်းဖတ်သွားပါတယ်....
အွန်လိုင်းမရောက်တာကြာလို့
ဖတ်စရာအကြွေးတွေ များနေပေါ့....
မီရှဲလ် အကြောင်းလေးမျှဝေပေးတာ ကျေးဇူးနော်....
သူ့ကို အိုဘားမားထက်ပိုပြီး စိတ်ဝင်စားမိတယ်...
နှင်း
ဆက်မျှော်နေတယ် အကိုရေ ... ဖတ်ကောင်းတယ်ဗျာ
ကျေးဖူးဘယ်လိုတင်မှန်း မသိဘူးဗျာ တကယ်ပြောတာ ဗဟုသုတ တကယ်ရတယ် ပြီးတော့ မီရှယ်းရဲ့ ကြိုးစားမှုကိုလည်း အားကျတယ်။ အချက်အလက်ကို အစုံအလင်စုဆောင်းဖော်ပြပေးတာ ကျေးဖူးတင်တယ်ဗျာ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
Post a Comment