Monday, 9 January 2012

နိုင်ငံအသီးသီးမှ စက်ဆန်းမီးဘေး အလှူရှင်များ စာရင်းချုပ်

 စာရင်းကွဲလွဲမှု သို့မဟုတ် ကွာဟမှု၊ နာမည်မှားယွင်းမှု စသည့် အမှားအယွင်းများ တွေ့ရှိခဲ့ပါက ထောက်ပြပြောဆို ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံပါသည်။ (ကိုကိုမောင်၊ ပန်းရနံ့)

.

မီးဘေးအတွက် အလှုခံရရှိသော ငွေစာရင်းကြေညာခြင်း (၀ါ) အသိပေးခြင်း (http://madankoo.blogspot.com/2012/01/blog-post_08.html)

စက်ဆန်းပေါက်ကွဲမှုဖြစ်စဉ်အတွက် သေဆုံးသွားကြသော မိသားစုဝင်များနှင့် ဆေးဝါးကုသနေရသော ဆေး -ရုံရောက်မီးဘေးသင့်သူများအား လှုဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့  မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ပြည်ပနိုင်ငံများအနေနဲ့ ယူနိုက်တက်ကင်းဒမ်း၊အမေရိကန်၊ထိုင်ဝမ်၊စင်ကာပူနှင့် မလေးရှားနိုင်ငံတွေမှာ အလှု -ငွေများကို(၁.၁.၂၀၁၂)ရက်နေ့မှာ စတင်ကောက်ခံခဲ့ပါတယ်။သဘာဝဘေးဒဏ်ကြောင့် ရုတ်တရက် ထလုပ် ရတဲ့ အလှုဖြစ်တာကြောင့်တစ်ကြောင်း၊နိုင်ငံစုံမှ ပါဝင်လှုဒါန်းကြတာကြောင့်တစ်ကြောင်း ကျွန်တော်တို့တွေ ဒီနေ့( ၈.၁.၂၀၁၂) ရက်နေ့မှာမှ အလှုငွေတွေကို စုစည်းဖြစ်ခဲ့ပါတယ်။နိုင်ငံအလိုက် ကောက်ခံပြီးရ ရှိသော အလှုငွေ ပမာဏမှာ
 
၁။ယူနိုက်တက်ကင်းဒမ်း>>> ၆၂၃၁၅၀ ကျပ် (ခြောက်သိန်း နှစ်သောင်း သုံးထောင် တစ်ရာ့ငါးဆယ်ကျပ်)
၂။အမေရိကန်နိုင်ငံ       >>> ၁၅၀၀၀၀ ကျပ် (တစ်သိန်း ငါးသောင်းကျပ်)
၃။စင်ကာပူနိုင်ငံ            >>> ၄၇၈၁၇၅ ကျပ် (လေးသိန်း ခုနစ်သောင်း ရှစ်ထောင်တစ်ရာ ခုနစ်ဆယ့်ငါးကျပ်)
၎။မလေးရှားနိုင်ငံ          >>> ၅၄၀၀၀၀ ကျပ် (ငါးသိန်း လေးသောင်းကျပ်)
၅။ထိုင်ဝမ်နိုင်ငံ             >>>  ၁၁၈၈၀၀ ကျပ်(တစ်သိန်းတစ်သောင်း ရှစ်ထောင် ရှစ်ရာကျပ်)



တို့ဖြစ်ပြီး စုစုပေါင်းကျပ်ငွေ ၁,၉၁၀,၁၂၅ ကျပ်တိတိ (တစ်ဆယ့်ကိုးသိန်း တစ်သောင်း တစ်ရာနှစ်ဆယ့်ငါး ကျပ်)ကို ယနေ့ (၈.၁.၂၀၁၂ )ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက်ပေးမဲ့ မြန်မာမုဒိတာ လူငယ်များ အဖွဲ့ဝင်


ကိုကျော်စွာစိုးမြတ် @ andrew kc
သာယာအေး( ၂ )လမ်း၊
တောင်သူကုန်းရပ်ကွက်
အင်းစိန်မြို့ နယ်...

ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျား။ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ တဆင့်လွှဲသော အလှုငွေများမှာ မြန်မာနိုင်ငံသို့ နေ့ခြင်း ရောက်ရှိပြီး စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ တဆင့်လွှဲသော အလှုငွေများမှာ ( ၁၁.၁.၂၀၁၂) ရက်၊ဗုဒ္ဓဟူးနေ့တွင်မှ မြန်မာနိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ် တာကြောင့် ကိုကျော်စွာစိုးမြတ်မှစုစည်းကာ လာမည့်သောကြာနှင့်စနေနေ့( ၁၃/၁၄.၁.၂၀၁၁)များတွင် သူ ကိုယ်တိုင် သွားရောက် လှုဒါန်းမည်ဖြစ်ပါသည်ခင်ဗျား။လှုဒါန်းပြီးပါက ဓါတ်ပုံများကို blog ၊ facebook နှင့် သက်ဆိုင်ရာ တာဝန်ခံများ၊အလှုရှင်များနှင့်အကြောင်းအမျိုးမျိုးကြောင့် ပါဝင်မလှုဒါန်းနိုင်ကြသော မိတ်ဆွေ များအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆို မုဒိတာပွားနိုင်ရန် အချိန်နှင့်တပြေးညီ တင်ပေးပါမည်ခင်ဗျား။

ဆက်လက် အသိပေးလိုသည်မှာ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ အကျိုးဆောင်များဖြစ်သော
 
၁။အရှင်ဇနက(အင်္ဂါမောင်)၊ ကိုကိုမောင် ယူနိုက်တက်ကင်းဒမ်း အကျိုးတော်ဆောင်များမှလည်းကောင်

၂။ဗညားရှိန် (လင်းခေတ်ဒီနို)၊အမေရိကန်နိုင်
ငံ အကျိုးတော်ဆောင်မှလည်းကောင်း
၃။ဂျယ်ရီပစ်ပစ် @ ပစ်ပစ်၊ ထိုင်ဝမ်နိုင်ငံ အကျိုးတော်ဆောင်မှလည်းကောင်း
၎။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ် ၊ မဒမ်ကိုး စင်ကာပူနိုင်ငံ အကျိုးတော်ဆောင်များမှလည်းကောင်

၅။ကိုလွင်ပြင်လှိုင်းငယ် ၊ မစံပယ်ချို(ကြောင်အတွင်းရေးမှုး)
၊မောင်(စွယ်စုံကျမ်း) မလေးရှားနိုင်ငံ အကျိုးတော်ဆောင်များမှလည်းကောင်



စက်ဆန်းပေါက်ကွဲမှုအတွက် မြန်မာမုဒိတာလူငယ်များအဖွဲ့မှ အလှုခံပေးခြင်းအား ပိတ်သိမ်းပြီဖြစ်ပါကြောင်း -လေစားစွာ အသိပေးအပ်ပါသည်ခင်ဗျား။ 


ပါဝင်လှုဒါန်းကြသော အလှုရှင်များနှင့် လှုဒါန်းသော ပမာဏကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

လေးစားစွာဖြင့်

အားလုံးကိုယ်စား
ကိုရင်
20:17( GMT)

ဗြိတိန်မှ ပါဝင်လှုဒါန်းကြသူများ

၁။အရှင်ဇနက(အင်္ဂါမောင်)သန္တိသုခ၊လန်ဒန်
   ၅၀ ပေါင်
၂။ကိုကိုမောင်(ပန်းရနံ့)၊လန်ဒန်
   ၅၀ ပေါင်
၃။မမေဓါဝီ(ရေးမိရေးရာ…)၊၀ူဗာဟန်တန်
   ၅၀ ပေါင်
၎။ဦးတင်အောင် မိသားစု၊လန်ဒန်၊
   ၂၅ ပေါင်
။မစုမေသူ၊လက်စတာ
   ၂၀ ပေါင်
၆။အရှင်နာဂသေန၊ဘာမင်ဂမ်ဝိဟာရ၊ဘာမင်ဂမ်
   ၂၀ ပေါင်
၇။ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊လန်ဒန်
    ၂၀ ပေါင်
၈။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး၊လန်ဒန်
    ၁၀ ပေါင်
၉။ကိုဝေလင်းထွန်း+မစူးစူး၊လန်ဒန်
     ၅ ပေါင်
၁၀။ကိုမောင်ကျော်+မမိုးငယ် သမီး ဟတ်စုလွင်၊ လန်ဒန်
   ၄၀ ပေါင်
၁၁။ကိုကိုနှင့်ညီညီ၊ လန်ဒန်
    ၄၅ ပေါင်
၁၂။လူပြန်တော် ဦးကုမုဒ၊ လန်ဒန်
    ၅၀ ပေါင်
၁၃။ကိုမျိုး+မဖြူဖွေး မိသားစု၊ လန်ဒန်
    ၃၀ ပေါင်
၁၄။မောင်နေလင်းအောင်၊ လန်ဒန်
    ၂၅ ပေါင်
၁၅။မသီတာထွန်း၊ လန်ဒန်
    ၂၅ ပေါင်
၁၆။မစောငြိမ်းအေး၊ လန်ဒန်။
    ၂၀ ပေါင်
၁၇။ဒေါ်မော်လီ၊ လန်ဒန်။
     ၂၀ ပေါင်
၁၈။မဖြူဖြူ၊ လန်ဒန်
     ၁၀ ပေါင်
ဗြိတိန်မှ စုစုပေါင်း လက်ခံရရှိငွေ
  ၅၁၅ ပေါင်
လဲလှယ်ရရှိသော မြန်မာကျပ်ငွေ
 ၆၂၃,၁၅၀ ကျပ်တိတိ


အမေရိကန်နိုင်ငံမှ လှုဒါန်းသူများ

၁။ဗညားရှိန်(လင်းခေတ်ဒီနို)၊၀င်စတန်စတယ်လ်ီင်
 ၁၀ ဒေါ်လာ
၂။မီးမီး(ကျွန်မရဲ့ နေရာလေး)၊နယူးယောခ့်
   ၅၀ ဒေါ်လာ
၃။မစန်းထွန်း(အိုင်အိုဝါ
   ၃၀ ဒေါ်လာ
အမေရိကန်နိုင်ငံမှ စုစုပေါင်း လက်ခံရရှိငွေ
 ၂၀၀ ဒေါ်လာ

လဲလှယ်ရရှိသော မြန်မာကျပ်ငွေ
 ၁၅၀,၀၀၀ကျပ်တိတိ

စင်ကာပူနိုင်ငံမှ လှုဒါန်းသူများ

၁။ကိုဇော်မင်းနှင့်သူငယ်ချင်းများ
   ၁၂၀ ဒေါ်လာ
၂။ကိုညိမ်းနိုင်(နိုင်ထွဋ်)
   ၅၀ ဒေါ်လာ
၃။ကိုမိုးစက်
   ၅၀ ဒေါ်လာ
၎။မမေစန်းကြည် 
   ၅၀ ဒေါ်လာ
၅။မစုသဲဖြူ
   ၅၀ ဒေါ်လာ
၆။ဦးရဲမြင့် + ဒေါ်စန်းစန်း
   ၅၀ ဒေါ်လာ
၇။ကိုရင် + မဒမ်ကိုး
   ၅၀ ဒေါ်လာ
၈။ကိုလင်းလင်းဇော်
   ၃၀ ဒေါ်လာ
၉။ ကိုစိုးမင်းထိုက်
   ၃၀ ဒေါ်လာ

၁၀။ကိုဇေယျာမိုး
   ၃၀ ဒေါ်လာ
၁၁။မမိုးခါး
   ၃၀ ဒေါ်လာ
၁၂။မသူသူသွင်
   ၃၀ ဒေါ်လာ
၁၃။ကိုထွန်းထွန်းဇော်
   ၂၀ ဒေါ်လာ
၁၄။ကိုဘိုဘို
   ၂၀ ဒေါ်လာ
၁၅။ကိုထွဋ် @ မျှစ်
   ၂၀ ဒေါ်လာ
၁၆။မောင်မျိုး(ဇာတ်ဆရာ)+ကိုလတ်( အလင်းစက်)
   ၂၀ ဒေါ်လာ
၁၇။ကိုအောင်သူရစိုး +  မမိုးပပ
   ၂၀ ဒေါ်လာ
၁၈။ကန်ဒီခိုင် @ သကြားလုံး
   ၂၀ ဒေါ်လာ

၁၉။မနီလာ
   ၂၀ ဒေါ်လာ
၂၀။အားရှန် @ Honey Xiang
   ၁၅ ဒေါ်လာ
၂၁။ငချမ်းကောင်
   ၁၀ ဒေါ်လာ
၂၂။ကိုစိုင်းလင်းပန်း + မဖြူနွယ်ဝင်း
   ၁၀ ဒေါ်လာ
၂၃။မအေးအေးမော်
   ၁၀ ဒေါ်လာ
၂၄။မစုစုလှိုင်
   ၁၀ ဒေါ်လာ
၂၅။မရတနာ
   ၁၀ ဒေါ်လာ
    စင်ကာပူမှ စုစုပေါင်း လက်ခံရရှိငွေ
   ၇၇၅ ဒေါ်လာ
လဲလှယ်ရရှိသော မြန်မာကျပ်ငွေ
   ၄၇၈,၁၇၅ ကျပ်တိတိ

ထိုင်ဝမ်မှ လှုဒါန်းသူများ


၁။ဦးကျော်ခင် + ဒေါ်လှိုင်လှိုင်ဝင်း မိသားစု
     ၁၀၀၀ ဒေါ်လာ(TWN)
၂။ကိုကျော်သိန်း + မခင်လှ မိသားစု
     ၁၀၀၀ ဒေါ်လာ(TWN)
၃။မမြန်မွန်
     ၈၀၀ ဒေါ်လာ(TWN)
၎။ဂျယ်ရီပစ်ပစ် @ ပစ်ပစ်
     ၅၀၀ ဒေါ်လာ(TWN)
၅။မသိန်းသိန်းအေး
     ၅၀၀ ဒေါ်လာ (TWN)
၆။သမီးစံ (မြန်မာနိုင်ငံ)
   ၃၈၀ ဒေါ်လာ(TWN)
၇။မသီတာ
     ၁၀၀ ဒေါ်လာ(TWN)
၈။cocole
   ၁၀၀  (TWN)

၉။မသီရိ
     ၁၀၀ ဒေါ်လာ
ထိုင်ဝမ်မှ စုစုပေါင်း လက်ခံရရှိငွေ
    ၄၄၈၀ ဒေါ်လာWN)
လဲလှယ်ရရှိသော မြန်မာကျပ်ငွေ
   ၁၁၈,၈၀၀ကျပ်တိတိ

မလေးရှားနိုင်ငံမှ လှုဒါန်းသူများ

၁။ကိုဒုတိယ + နတ်သမီး မိသားစု
  ၂၃၆ ရင်းဂစ်
၂။မောင်(စွယ်စုံကျမ်း) + မဟန်ဂျီအင်း
 ၁၁၈  ရစ်းဂစ်
၃။မောင်ဘုန်း + မကောင်းကင်ဖြူ
 ၁၀၀ ရင်းဂစ်
၎။ကိုလေလွင့်လူ
 ၁၀၀ ရင်းဂစ်
၅။ကိုညီညီ
  ၁၀၀ ရင်းဂစ်
၆။ဦးခွန်ကြီး
  ၁၀၀ ရင်းဂစ်
၇။ကိုလင်း
  ၁၀၀ ရင်းဂစ်
၈။ဇင်ငြိမ်းဦး   
  ၁၀၀ ရင်းဂစ်
၉။ဝင်းထွဋ်ကျော်     
 ၁၀၀  ရစ်းဂစ်
၁၀။လွင်ပြင်လှိုင်းငယ်+စံပယ်ချို(ကြောင်အတွင်းရေးမှုး)
 ၁၀၀ ရင်းဂစ်
၁၁။ကိုရင်+မဒမ်ကိုး
 ၁၀၀ ရင်းဂစ်
၁၂။ကိုချစ်တီး+နွယ်နွယ်
   ၅၀ ရင်းဂစ်
၁၃။ဦးကျော်စိုးမိုး+ဒေါ်မြင့်မြင့်လွင် မိသားစု
   ၅၀ ရင်းဂစ်
၁၄။ဦးတင်ရွှေ+ ဒေါ်တင်ကြည် မိသားစု 
   ၅၀ ရင်းဂစ်
၁၅။ဒေါ်မြင့်မြင့်သိန်း မိသားစု   
   ၅၀ ရင်းဂစ်
၁၆။ကိုမင်းမင်း
   ၅၀ ရင်းဂစ်
၁၇။ကိုစိုးမင်းနှင့် ဇော်မင်းဦး 
   ၅၀ ရစ်းဂစ်
၁၈။ကိုပုသိမ်   ၅၀ ရင်းဂစ်
၁၉။ကိုဖိုးခွား    ၅၀ ရင်းဂစ်
၂၀။ကိုမင်းထွန်း    ၅၀ ရင်းဂစ်
၂၁။ကိုစိုးဝင်းသိန်း    ၅၀ ရင်းဂစ်
၂၂။ကိုလူမုန်း    ၅၀ ရင်းဂစ်
၂၃။ကိုအောငိမျိုး    ၅၀ ရင်းဂစ်
၂၄။ကောင်းထက်+မနန်းစံ   
    ၃၀ ရင်းဂစ်
၂၅။ဦးလှမြင့်+ဒေါ်မူမူ မိသားစု
    ၃၀ ရင်းဂစ်
၂၆။နာခါးမား
    ၃၀ ရင်းဂစ်
၂၇။နီမောကူမား
    ၂၅ ရင်းဂစ်
၂၈။ဦးအောင်ဝင်း မိသားစု
    ၂၀ ရင်းဂစ်
၂၉။ကိုအောင်ညွန့်
    ၂၀ ရင်းဂစ်
၃၀။မစကွန်တလာ
    ၁၅ ရင်းဂစ်
၃၁။ကိုကျော်ဦး
    ၁၀ ရင်းဂစ်
၃၂။ကိုကျော် မိသားစု
    ၁၀ ရင်းဂစ်
၃၃။ကိုစိုးသူ (supermart)
    ၁၀ ရင်းဂစ်
၃၄။ကိုဇော်(Flora D)
    ၁၀ ရင်းဂစ်
မလေးရှားနိုင်ငံမှ စုစုပေါင်း လက်ခံရရှိငွေ
    ရင်းဂစ်

လဲလှယ်ရရှိသော မြန်မာကျပ်ငွေ
   ၅၄၀,၀၀၀ကျပ်တိတိ


Reference: 
http://madankoo.blogspot.com/2012/01/blog-post_08.html  

..




Sunday, 8 January 2012

တဂ်လို့မို့ ရေးရပါတဲ့ (တစ်နေ့တာ)

 
တဂ်ပို့စ်ဆို
မက်ဖို့မလို
ခက်လို့ကို မရေးဘူး။

မျက်နှာအေးအောင်
တဂ်စာရေး  ပြန်ဖြီးလိုက်တယ်
သူကြီး ခေါင်းတွေမူး။
.
အတိုလေးမို့
မငိုကြွေးလိုက်ပါနဲ့
ပျိုလေးရဲ့ ရှိုက်ရင်ဖို။

တိုနှဲ့နှဲ့
အပိုမချဲ့ပေမဲ့
ညိုနွဲ့ရဲ့ အမေးတော့
ဖေးမ ရေးပြဆို။


ပြောပြခက်
ဒေါသမထွက်ပါနဲ့
ချောနှမ မျက်ရည်ယို။

သဒ္ဓါပျက်
ဗျာပါဖက်ရင်တော့
အထာမညက်သူမို့
သူ့အတွက် သနားပို။
 ....


အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
မျက်လုံးဖွင့်ပါတယ်။

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
စကော့ဘရိတ်ဖာ့စ်ထ်။
  
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
ကော်ဖီနှင့်ပေါင်မုန့်။

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
ကြယ်ငါးပွင့်ဟိုတယ်ပေါ်မှာ။

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
အညှီနံ့ကင်းတဲ့ ငါးရံ့ခေါင်းဟင်းချိုရည်။

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
ပုံမှန်မရှိပါ။

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
နေအိမ်မှာပါ။

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
   စားပြီးရင် သွားတိုက်ရဦးမယ်ဆိုတဲ့အကြောင်း။

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
  ထွေထွေထူးထူး မရှိပါ။

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
   အိမ်တံခါးကို ဖွင့်ပါတယ်။

ဒုတိယလုပ်မိတာလေး..
    လွယ်ပိုးလာတဲ့ အိတ်ကို ပစ်ချပါတယ်။

ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
   မသောက်ပါ။

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
တုံးလုံးလှဲလိုက်တာပါ။

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
အင်တာနက်ပေါ်က စာပေါင်းစုံဖတ်ဖြစ်ပါတယ်။

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ
ဘာမှ မလုပ်ဘဲ နေလိုက်တယ်။

အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
သော့ ဖုံး ပိုက်ဆံပါတဲ့ ပိုက်ဆံအိတ်

မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
အမေ

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
N/A

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
N/A

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
  လက်ရှိအသုံးပြုနေတဲ့ လက်ပ်တော့ ကွန်ပျူတာ။

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
   မရှိပါ

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
N/A

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ယူရိုမီလျံဂျက်ပေါ့ ပေါက်ချင်တယ်။း)

.

Saturday, 7 January 2012

ဗြိတိန်မှ မီးဘေးအလှူငွေများ မြန်မာနိုင်ငံသို့ လွှဲပြီးခြင်း (အင်္ဂါမောင်ဘလော့မှ ကူးယူဖော်ပြသည်)

 ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်၊ စက်ဆန်းမီးဘေးအတွက် ဗြိတိန်နိုင်ငံမှ အလှူခံရရှိသော အလှူငွေများကို  မြန်မာနိုင်ငံသို့ လွှဲပြီးပြီ ဖြစ်ကြောင်း အင်္ဂါမောင်ဘလော့မှ တိုက်ရိုက် ကူးယူပြီး ဖော်ပြပေးလိုက်ပါသည်။ (ကိုကိုမောင်၊ ပန်းရနံ့)
...

 

Saturday, 7 January 2012


ဗြိတိန်မှ မီးဘေးအလှူငွေများ မြန်မာနိုင်ငံသို့ လွှဲပြီးခြင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်၊ စက်ဆန်းမီးဘေးဒုက္ခသည်များအတွက် အလှူခံငွေများကို နိုင်ငံအလိုက် စေတနာရှင်များထံမှ ကောက်ယူခဲ့ပါသည်။ အများအပြား မဟုတ်ပေမဲ့ ထိုက်သင့်သလောက် ပမာဏကို လက်ခံရရှိခဲ့ပါသည်။ နိုင်ငံတကာမှ ကောက်ယူရရှိခဲ့သည့် အလှူငွေစာရင်းနှင့် အလှူရှင်အမည်များကို ဒီနေရာမှာ သွားကြည့်နိုင်ပါသည်။ ဗြိတန်နိုင်ငံမှ ဦးဇင်းကောက်ခံရရှိသော ငွေပမာဏမှာ ဗြိတိသျှစတာလင်ပေါင် ၅၁၅ ပေါင် ဖြစ်ပါသည်။ မြန်မာကျပ်ငွေဖြင့် တွက်ကြည့်လျှင် တစ်ပေါင်လျှင် ၁၂၁၀ကျပ် ဈေးပေါက်သောကြောင့် စုစုပေါင်း ၆၂၃၁၅၀ ကျပ် (ခြောက်သိန်း နှစ်သောင်း သုံးထောင် တစ်ရာ့ ငါးဆယ်ကျပ်တိတိ) ရရှိပါသည်။ အလှူရှင်များနှင့် အလှူငွေများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
....................


 ဗြိတိန်နိုင်ငံမှ အလှူရှင်များ စာရင်း

၁။ အရှင်ဇနက (အင်္ဂါမောင်) သန္တိသုခ၊ လန်ဒန်။ စတာလင်ပေါင် ----------------၅၀
၂။ ကိုကိုမောင်(ပန်းရနံ့)  လန်ဒန်။ စတာလင်ပေါင် ---------------------------------၅၀
။ မေဓာဝီ (တွေးမိတွေးရာ ရေးမိရေးရာ) ၀ူဗာဟင်တန်။ စတာလင်ပေါင် -----၅၀
၎။ စုမေသူ၊ လက်စတာ။  စတာလင်ပေါင် --------------------------------------------၂၀
၅။ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ)ရင်ရင်၊ လန်ဒန်။ စတာလင်ပေါင်................၂၀
၆။ အရှင်နာဂသေန၊ ဘာမင်ဂမ်ဝိဟာရ၊ ဘာမင်ဂမ်။ စတာလင်ပေါင်................၂၀
၇။ ဦးတင်အောင် မိသားစု၊ လန်ဒန်။ စတာလင်ပေါင် .........................................၂၅
၈။ ဒေါက်တာလှစိုး +ဒေါ်ဝေေ၀လွင်စိုး၊ လန်ဒန်။ စတာလင်ပေါင်.........................၁၀
၉။ ကိုဝေလင်းထွန်း+မစူးစူး၊ လန်ဒန်။ စတာလင်ပေါင်.........................................၅
၁၀။ ကိုမောင်ကျော်+မမိုးငယ် သမီး ဟတ်စုလွင်၊ လန်ဒန်။ စတာလင်ပေါင်..........၄၀
၁၁။ ကိုကိုနှင့်ညီညီ၊ လန်ဒန်။ စတာလင်ပေါင်.........................................................၄၅
၁၂။ လူပြန်တော် ဦးကုမုဒ၊ လန်ဒန်။ စတာလင်ပေါင်.............................................၅၀
၁၃။ ကိုမျိုး+မဖြူဖွေး မိသားစု၊ လန်ဒန်။ စတာလင်ပေါင်.......................................၃၀
၁၄။ မောင်နေလင်းအောင်၊ လန်ဒန်။ စတာလင်ပေါင်............................................၂၅
၁၅။ မသီတာထွန်း၊ လန်ဒန်။ စတာလင်ပေါင်..........................................................၂၅
၁၆။ မစောငြိမ်းအေး၊ လန်ဒန်။ စတာလင်ပေါင်..........................................................၂၀
၁၇။ ဒေါ်မော်လီ၊ လန်ဒန်။ စတာလင်ပေါင်...............................................................၂၀
၁၈။ ဖြူဖြူ၊ လန်ဒန်။ စတာလင်ပေါင်........................................................................၁၀

စုစုပေါင်း စတာလင်ပေါင်.......................................................................................၅၁၅ ပေါင်။

................

အထက်ပါ စတာလင်ပေါင် ၅၁၅ ပေါင်ကို ယနေ့ (၇.၁.၂၀၁၂) စနေနေ့ နံနက် ၁၁ နာရီခွဲခန့်က မြန်မာနိုင်ငံသို့ လွှဲလိုက်ပြီး ဖြစ်ပါသည်။ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း မြန်မာကျပ်ငွေဖြင့် ၆၂၃၁၅၀ (ခြောက်သိန်း နှစ်သောင်း သုံးထောင့် တစ်ရာ့ ငါးဆယ်) ကျပ် တိတိ ရရှိပါသည်။ မြန်မာနိုင်ငံမှ ကျော်စွာစိုးမြတ်က ထုတ်ယူမည်  ဖြစ်ပါသည်။ ကျော်စွာစိုးမြတ်ကပင် နိုင်ငံတကာမှ လက်ခံရှိသော အလှူငွေများအားလုံးကို ထုတ်ယူပြီး အလှူငွေကို သင့်လျှော်သလို စီမံခန့်ခွဲပြီး မီးဘေးဒုက္ခသည်များ လက်သို့ ကိုယ်တိုင် သွားရောက် လှူဒါန်းမည်  ဖြစ်ပါသည်။ 

သွားရောက်လှူဒါန်းပြီးသောအခါ သွားရောက်လှူဒါန်းစဉ်၌ ရယူခဲ့သည့် မှတ်တမ်းဓါတ်ပုံများကို အလျဉ်းသင့်သလို ဖော်ပြပေးပါမည်။

အလှူငွေများကို မြန်မာနိုင်ငံသို့ လွှဲပြီး ဖြစ်ပါသောကြောင့် ယနေ့မှ စပြီး အထက်ပါမီးဘေးအတွက် ဗြိတိန်နိုင်ငံ၌ အလှူခံခြင်းကို ရပ်ဆိုင်းလိုက်ပါသည်။ ဆက်လက် အလှူမခံတော့ပါ။ 


အလှူရှင်များအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပြီး လိုရာပန်းတိုင် အသီးသီးသို့ ထက်သန်သော ၀ီရိယဖြင့် တက်လှမ်းနိုင်ကြပါစေ။
အရှင်ဇနက(အင်္ဂါမောင်)
သန္တိသုခ၊ လန်ဒန်
(၀၇၊၀၁၊၂၀၁၂ စနေနေ့၊ နေ့လည် ၂ နာရီ ၃၂ မိနစ်)


.

Wednesday, 4 January 2012

အစာမျှော် ငါးပိရည်ဖွဲ့ ကဗျာ


သိပံ္ပမောင်ဝတို့ ခေတ်က အင်္ဂလန်နှင့်မြန်မာဆိုတာ အတော်လေး အလှမ်းကွာဝေးတာကလား။ မြန်မာနိုင်ငံကနေ ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံသို့ ပင်လယ်ကူးသင်္ဘောကြီးဖြင့် လာရောက်ရသတတ်။ ပင်လယ်ပြင်ထဲမှာ တစ်လတိတိ မောင်းနင်ပြီးမှ အင်္ဂလန်သို့ ရောက်သတတ်။ ထို့အတူ အင်္ဂလန်မှ မြန်မာသို့ သွားရာတွင်လည်း လမ်းခရီးမှာ တစ်လတိတိ ကြာလေသတတ်။ ထိုသို့ဆိုလျှင် ထိုစဉ်အခါက အင်္ဂလန်မှ မြန်မာသို့ စာတစ်စောင်ပို့လျှင် တစ်လတိတိ၊ မြန်မာမှ အင်္ဂလန်သို့ စာပို့ရာတွင်လည်း တစ်လတိတိ။ ဆိုရသော် တစ်နိုင်ငံမှ တစ်နိုင်ငံ စာတစ်စောင်ရောက်ရောက်ချင်း စာပြန်လျှင်တောင်မှ စာထွက်သွားတာက တစ်လ၊ စာပြန်လာတာက တစ်လ။ နှစ်လတိတိနေမှ စာတစ်စောင် ဖတ်ရလေသတတ်။ သိပံ္ပမောင်ဝ အင်္ဂလန်မှာ ရှိနေစဉ် မြန်မာနိုင်ငံက စာတစ်စောင် ရရှိပါက နှစ်ရက်သုံးရက်လောက် ပျော်နေပြီး ထိုစာကို အထပ်ထပ် အခါခါ နေ့စဉ်ဖတ်ရှုပြီး ၀မ်းသာပီတိ ဖြစ်လေ့ရှိသတတ်။

ထိုအကြောင်းအရာတို့ကို ဖတ်ရှုပြီး သိပံ္ပမောင်ဝကို တွေးတွေး သနားမိလေ၏။ ယခုအခါမူ အင်တာနက် ကျေးဇူးကြောင့် ဂျီတော့ခ်ဂျီမေးလ်ဖြင့်လည်းကောင်း ရာဟုဖြင့်လည်းကောင်း ဗီဇက်အိုဖြင့်လည်းကောင်း စကိုက်ပ်ဖြင့်လည်းကောင်း စက္ကန့်အတွင်း ရုပ်ကော အသံပါ တစ်ပြိုင်နက် ကြားခွင့်မြင်ခွင့်ရလေ၏။ လိုအပ်လျှင် တစ်ချိန်တည်း လူများစွာနဲ့ တော်ကီပွါးနိုင်လေ၏။ ချတ်တင်ထိုင်နိုင်လေ၏။ တယ်လီဖုန်းဖြင့်လည်း အချိန်မရွေး စကားပြောနိုင်၏။ သိပံ္ပမာင်ဝတစ်ယောက် ထိုအကြောင်းအရာတို့ကို တမလွန်က သိရှိနေလျှင် စုပ်တသပ်သပ် ဖြစ်နေမည်မှာ သေချာလှပေတော့၏။

ထိုအချိန်က အင်္ဂလန်တွင် ရွှေမြန်မာလူမျိုးများ ရှားပါးမှုကြောင့် ရုံးပိတ်ရက် ကျောင်းပိတ်ရက်တို၌ မရှိမဲ့ရှိမဲ့ မြန်မာလူမျိုးများကို စုရုံးကာ မြန်မာစကားပြောကြလေ့ရှိသတတ်။ ထို့မှတစ်ပါး မြန်မာနိုင်ငံမှ လူကြုံဖြင့်သော်လည်းကောင်း သင်္ဘောဖြင့်သော်လည်းကောင်း ဘာလချောင်စသည့် မြန်မာအစားအစာများ ရောက်ရှိလာပါက အင်္ဂလန်နိုင်ငံတွင်းရှိ မြန်မာအချင်းချင်း စာရေးအကြောင်းကြားပြီး နေအိမ်တစ်ခုကို စုရပ်လုပ်ကာ ရှားရှားပါးပါး မြန်မာ အစားအစာများကို အတူတူ ပျော်ပျော်ပါးပါး စုဖွဲ့ စားသောက်လေ့ရှိကြသတတ်။

ယခုအခါ၌မူ အင်္ဂလန်မြေတွင် ရွှေမြန်မာလူမျိုးမှာ နေရာမလပ် လက်ညှိုးမလောက် ပေါများနေသည့်အတွက် မြန်မာလူမျိုးအချင်းချင်း မတွေ့ရလေအောင် ရှောင်ရှားနေကြရလေ၏။ မြန်မာအချင်းချင်း သူ့အုပ်စု ကိုယ့်အုပ်စု တူရာတူရာ စုပြီး နေထိုင်ကြတာများသောကြောင့် လုပ်ငန်းအတွင်းရောက်မှသော်လည်းကောင်း ကျောင်းတော်ကြီးသို့ ရောက်မှသော်လည်းကောင်း အင်္ဂလိပ်စကားကို ပြောခွင့်ရကြလေ၏။ မြန်မာအစားအစာများမှာလည်း တ၀ီဝီ ပျံသန်းနေသည့် လေယာဉ်များစွာ၏ ကျေးဇူးတို့ကြောင့် ငါးပိမှစပြီး မုန့်ဟင်းခါးအထိ လှိုင်လှိုင်ပေါများလေ၏။ မြန်မာအစားအစာရောင်းသည့် အရောင်းဆိုင်သည်ပင် လန်ဒန်မြို့တွင်း၌ ရှိလေ၏။ သိပံ္ပမောင်ဝ ခေတ်နဲ့ ကွာခြားလှသည့် ဖြစ်ခြင်း။

ဒီနေ့ တိုင်ပင်မထားဘဲ အသိမိတ်ဆွေ သုံးယောက် ပေါက်ချလာ၏။ တိုင်ပင်မထားပါဘဲ သုံးယောက်လုံး လက်ဆောင်ပါလာ၏။ ထူးဆန်းပေစွ။ မြန်မာပြည်က ပို့ခဲ့တဲ့ အစားအစာတဲ့။ ထို့ထက် ပိုထူးဆန်းသည်မှာ တိုင်ပင်မထားပါဘဲ သူတို့ ယူဆောင်လာသည့် လက်ဆောင်တို့မှာ ငါးပိထွက်ပစ္စည်းချည်း ဖြစ်နေလေ၏။ တစ်ယောက်က ငါးပိထောင်း၊ တစ်ယောက်က ဘာလချောင်ကြော်၊ နောက်တစ်ယောက်က ငါးပိကြော်။ ဒီနေ့ကတော့ ငါးပိရနံ့တို့ဖြင့် လွှမ်းခြုံမွမ်းထုံသော နေ့တစ်နေ့ပင်။

အသိမိတ်ဆွေများ ပြန်သွားပြီး နေ့လည်ပိုင်းကျတော့ အိမ်ရှင်အဘိုးကြီးမြို့ထဲမှ ပြန်လာလေ၏။ အဘိုးအိုသည် ချက်ရေးပြုတ်ရေး ၀ါသနာအထုံပါသောကြောင့် ရောက်ရောက်ချင်း မီးဖိုခန်း တန်းဝင်ပြီး ချက်ပြုတ် ကြော်လှော်နေ၏။ ကျွန်ုပ်သည် အိမ်အပေါ်ထပ်၌ နေ၏။ အပေါ်ထပ်သို့ ပျံ့တက်လာသည့် အနံ့တို့ကြောင့် မီးဖိုခန်းရှိရာ အောက်ထပ်သို့ ဆင်းပြီး...

"အဘိုး ဘာတွေ ချက်ပြုတ်နေတာလဲဗျ"

ဟု မေးလိုက်သောအခါ...

"ငါးပိရည်ကျိုနေတာလေ။  မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးခဲ့လို့။ ဘာဖြစ်လို့လဲ မောင်ရင်ရ"

"ဟာ.. အဘိုးရာ.. ရေခဲသေတ္တာကိုလဲ ဖွင့်ကြည့်လိုက်ပါဦး။ ဒီနေ့ မနက်ကမှ မိတ်ဆွေ သုံးယောက်လာပြီး ငါးပိအစားအစာ သုံးမျိုးတိတိ ပေးသွားခဲ့လေရဲ့။ အခု အဘိုးကပါ ငါးပိရည်ကျိုနေပြီဆိုတော့ ကျန်တော်တို့ အိမ်ကတော့ ငါးပိနံ့ တလူလူ ဖြစ်နေတော့မှာဘဲ"

"ဟား ဟား ဟား။ ဒါဆိုလဲ ငါးပိနံ့သင်းသော ဘိလပ်ပြည် ဖြစ်သွားတာပေါ့ကွာ... ဟား ဟား ဟား"


ဟူ၍ မျက်စိပေါက်ကျဉ်းသည်ထိ အဘိုးအိုတစ်ယောက် အားရအားရ ရယ်မောနေလေတော့၏။

ထိုစဉ် ကျွန်ုပ်သည် အမှတ်တရအနေနဲ့ ငါးပိစားသောက်ကုန်များ စုပြုံရောက်လာခြင်းကို မှတ်တမ်းတင်ချင်စိတ် ပေါ်ပေါက်လာလေ၏။ ငါးပိရည်ဖွဲ့တေးထပ် စပ်ရင် ကောင်းမလား ငါးပိရည်ပျို့ စပ်ရင်ကောင်းလား စဉ်းစားရင်း ဆရာမင်းသုဝဏ်၏ "သပြေညို" ကဗျာလေးကို အမှတ်ရသွားလေ၏။ ဆရာမင်းသုဝဏ်ကတော့ အင်္ဂလန်မှာ နေထိုင်စဉ်အတွင်း ၁၉၃၈ ခု ဇန်န၀ါရီလ ၄ ရက်နေ့၌ "လွတ်လပ်ရေးမျှော် သပြေညို"ကဗျာလေးကို ထိထိမိမိ စပ်ဆိုခဲ့လေ၏။ တိုက်ဆိုင်စွာပင် ၁၀ နှစ်တိတိပြည့်တဲ့နေ့ ၁၉၄၈ ခု ဇန်န၀ါရီလ ၄ ရက်နေ့၌ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့လေ၏။ ဆရာမင်းသုဝဏ်ရဲ့ "သပြေညို"ကဗျာလေးကတော့ အောက်ပါအတိုင်းပင် ဖြစ်၏။


သပြေညို
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။

မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်
.


ကျွန်ုပ်သည်လည်း အင်္ဂလန်၌ နေထိုင်စဉ် ဆရာမင်းသုဝဏ်ကို အားကျကာ "သပြေညို"အလိုက်ကို ယူပြီး ကျွန်ုပ်အိမ်သို့ ငါးပိအစားအစာ စုပြုံရောက်သောနေ့ကို မှတ်တမ်းတင်သည့် အနေဖြင့် "အစားအစာမျှော်" ကဗျာတစ်ပုဒ် မွေးထုတ်မိလိုက်လေ၏။ ကဗျာနာမည်လေးကတော့ "ငါးပိရည်"တဲ့။ ရှုစား အားပေးကြပါဦး။




ငါးပိရည်
ဟိုအိမ်မှာတဲ့ ငါးပိရည်
ဒီအိမ်မှာတဲ့ ငါးပိရည်။

တို့ပြည်က တို့အဆွေ ပို့ခဲ့ပါတဲ့
ငါးပိရည် အအီပြေလေးကိုလ
လွေးလျက်ကာနေ။

အငတ်မထားလေနဲ့
တတ်အားသမျှ အရည်ကျို
ရည်ချိုက အမွှေး။

ဟင်းချက်အဖျော်
ထမင်းထက်မှာ နံစော်စော်နဲ့
ငါးပိဖျော်ကို ငတိဆော်လိုက်တာက
အဆောင်မှာ ငမောင်ပျော်ရအောင်
ငါးပိရည် အသိဆွေများရယ်နဲ့
စားကြစို့လေး။

ကိုကိုမောင်(ပန်းရနံ့)
အင်္ဂလန်။ (၂၀၁၂) ဇန်န၀ါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။း)
{၆၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့}


ဆုတောင်း။
ဒီနှစ် လွတ်လပ်ရေးနေ့ကစပြီး ဘာသာရေး နိုင်ငံရေး စီးပွါးရေး လူမှုရေး ပညာရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အားလုံး (အားလုံး)သော အရေးတို့ကို ကောင်းမွန်စွာ လွတ်လပ်စွာ ပွင့်လင်းစွာ အပြစ်ကင်းစွာ ဘေးကင်းစွာ ကျန်းမာချမ်းသာစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ (ကိုကိုမောင်၊ ပန်းရနံ့)။


ပြီးတော့..
ဒီနေရာလေးကို သွားဖို့လဲ မမေ့ကြနဲ့ဦးနော။း)

.

Sunday, 1 January 2012

သူမ လာပြီး မကြာခင် ကျွန်ုပ်အိပ်သည်

မန်ယူလဲ နှစ်သစ်မှာ အောင်မြင်ဖို့ နှစ်ဟောင်းကို အရှုံးနဲ့ နှုတ်ဆက်ထားခဲ့ပြီ။ ယူကေမှာလဲ The Lady ဇာတ်ကားကြီး ရုံတင်လေပြီ။  အိမ်က အဘိုးအိုလဲ New Year ပေါက်ကွဲမှုကို မှတ်တမ်းတင်ထားဖို့ Canon ကင်မရာကြီး တကားကား ကိုင်ပြီး TV ရှေ့ ထိုင်နေလေပြီ။ သူကြီးမင်းလဲ ရောယောင်ပြီး Countdown ရေတွက်တတ်နေလေပြီ။ ဘလော့တစ်ခွင်ပေါ်၌လဲ Happy New Year တွေ ခြေချင်းထပ်နေလေပြီ။  ၂၀၁၂ နှစ်သစ် အလှနတ်သမီးလေး မကြာမီ ပေါ်ထွက်လာတော့မည်။ ။

တစ်နေကုန်ရာသီဥတု သာယာခဲ့သလောက် ညကျမှ မိုးတစ်ပျောက်ပျောက် ထဖောက်လေပြီ။ ည ၁၁း၄၅ မှ မနက် ၀၄း၃၀ ထိ လန်ဒန်မြို့တွင်းရှိ ပို့ဆောင်ရေးအားလုံး (မြေအောက်ရထား၊ မြေပေါ်ရထား၊ ဘတ်စ်ကား) အခမဲ့ စီးခွင့်ပြုထားသည်။ New Year Celebration အတွက် ဖြစ်သည်။ Big Ben နှင့် London Eye အနီး New Year ကို ကြိုဆိုဖို့ ကြိုတင် နေရာယူထားကြသူများ စုစုပေါင်း နှစ်သိန်းခွဲရှိသည်ဟု ခန့်မှန်းသည်။ လုံခြုံရေးကို သာမန်ထက် အယောက် သုံးထောင် ပိုချထားသည်ဟု ကြေငြာသည်။ လူ့အခွင့်အရေး လိုတာထက် ပိုရှိသည့် နိုင်ငံ၌ဖြစ်ရသော ထိုရဲသားတို့ကို အမှန်သနားနေမိသည်။ ဘာပြဿနာဖြစ်ဖြစ် သူတို့က အခံဘက်ကချည်း ဖြစ်သည်။ လူတစ်ယောက်ကို တုတ်နဲ့ ရွယ်လိုက်ရုံနဲ့ ချိန်းခြောက်မှုဟု တရားစွဲတတ်သည့် နိုင်ငံဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရဲသားတစ်ယောက်က ဆန္ဒပြနေတဲ့ လူတစ်ယောက်အား တွန်းလိုက်မိ၍ ထိုသူ လဲကျသွားသည်။ ပြန်ထမလာတော့ပေ။ ထိုလူသည် နှလုံးရောဂါသည် ဖြစ်သည်။ ထို့ကြောင့် ထိုလဲကျရာ နေရာ၌ပင် သေဆုံးသွားသည်။ ထိုရဲသားကို CCTV ကင်မရာဖြင့် စစ်သည်။ ထို့နောက် ထိုရဲသား တရားစွဲခံရသည်။ ထိုကဲ့သို့ အဖြစ်အပျက်များကြောင့် ဒီနိုင်ငံက ရဲသားတွေကို သနားမိခြင်း ဖြစ်သည်။


လူပေါင်းများစွာ ဘစ်ဘင်နာရီစင်ကြီးကို မော့ကြည့်ပြီး ကောင့်ဒေါင်းရေတွက်ကြသည်။ ၆၀--၅၉----------------၃-၂-၁-၀။ ဒေါင်..ဒေါင်..ဒေါင် ဟူ၍ ညဉ့် ၁၂ ချက်ထိုးသည်နှင့် တပြိုင်နက် Happy New Year ဟု ၀ိုင်းဖွဲ့စုပေါင်းပြီး သံကုန်ဟစ်ကြသည်။  ထို့နောက် New Year ကို ကြိုဆိုတဲ့ အနေနဲ့ ဘစ်ဘင် ပေါက်ကွဲသည်။ ၄င်းနောက် လန်ဒန်အိုင်း ပေါက်ကွဲသည်။ ထို့နောက် ထိုနှစ်ခုလုံး အတူတူ ပေါက်ကွဲကြသည်။


New Year ကြိုဆိုပွဲအတွက် ဆစ်ဒနီပေါက်ကွဲမှု လှသည်။ ဘာလင်ပေါက်ကွဲမှု လှသည်။ ကိုပင်ဟေဂင် ပေါက်ကွဲမှု လှသည်။ အေဒင်ဘရာ ပေါက်ကွဲမှု လှသည်။ သို့ပေသည့် လန်ဒန် ပေါက်ကွဲမှုက ပိုလှသည်။ လန်ဒန်ရှိ ဘစ်ဘင်ပေါက်ကွဲမှု လန်ဒန်အိုင်းပေါက်ကွဲမှုက နိုင်ငံတကာ ပေါက်ကွဲမှုထက် ပိုလှသည်။ မြို့တော်ဝန် ဘောရစ်ဂျွန်ကလဲ လန်ဒန်ပေါက်ကွဲမှုကို စံပြဖြစ်စေရမည်ဟု ကြုံးဝါးခဲ့သည်လေ။ သို့သော် သို့သော် ထိုသို့ ထိုသို့သော New Year  ပေါက်ကွဲမှုတွေလောက်တော့ ရွှေမြန်မာက ပျင်းတောင် ပျင်းသေးသည်။

အနောက်နိုင်ငံ ပေါက်ကွဲမှုတွေက အတုပေါက်ကွဲမှုသာ ဖြစ်သည်။ ကြိုတင် ရက်ပေါင်းများစွာ  ပေါက်ကွဲမှု အလှဆင်ဖို့ အချိန်ပေးရသည်။ ထိုကဲ့သို့ ကြိုတင်အလှဆင်ပြီး လှပစွာ ပေါက်ကွဲခဲ့သော်လည်း ရွှေမြန်မာပေါက်ကွဲမှုကိုတော့ဖြင့် တုနှိုင်း၍့ မမီနိုင်ပြီ။ အဘယ့်ကြောင့်ဆိုသော် ရွှေမြန်မာ နယူးယီးယားအကြို ပေါက်ကွဲမှုသည် အတုအယောင် ပေါက်ကွဲမှု မဟုတ်၊ အစစ်အမှန် ပေါက်ကွဲမှု ဖြစ်သောကြောင့်ပင်ဖြစ်သည်။ အနောက်နိုင်ငံ ပေါက်ကွဲမှုသည် တီဗီက တစ်ဆင့် ကြားရ၍သာ သံကောင်း ဟစ်နိုင်ခြင်းဖြစ်သည်။ ရွှေမြန်မာ ပေါက်ကွဲမှုမှာ တီဗီမလို ရေဒီယိုမလိုဘဲ ရွှေမြို့တော်တစ်ခွင် သိမ့်သိမ့်တုန်အောင်၊ လူတွေကယောင်ချောက်ခြားဖြစ်အောင်၊ လူအများ လွှင့်စင်သွားအောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၂ New Year အကြိုပေါက်ကွဲမှုတို့တွင် ရွှေမြန်မာပေါက်ကွဲမှုက ပထမဆုနဲ့ ထိုက်တန်လေသည်။ သို့သော်.. ထိုကဲ့သို့ ရွှေမြန်မာပေါက်ကွဲမှုမျိုး နောက်ထပ် ဘယ်တော့မှ (ဘယ်တော့မှ) မဖြစ်ပေါ်ပါစေနဲ့တော့။


မာယာပြက္ခဒိန်အရ ကမ္ဘာပျက်မဲ့ နှစ် ရောက်ခဲ့လေပြီ။ လွန်ခဲ့တဲ့ ၂၀၁၁-နတ်သမီးက ကမ္ဘာပေါ်ရှိ ထမ်းပိုး၍လေးလံသည့် အာဏာရှင်အများစုကို ရှင်းလင်းပေးခဲ့သည်။ ဟိုနားဒီနား ဟိုဟာဒီဟာ ဆူပူမှုတွေကို ဖန်တီးပေးခဲ့သည်။ ထိုသည်ပင် ၂၀၁၂(ကမ္ဘာပျက်နှစ်)ကို သတိပေးခြင်းလေလော ဟု တွေးနေမိသည်။ New Year အလှဆင်ပေါက်ကွဲမှုကို ကြည့်ရှုပြီး မစပ်မှ မဆိုင် ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်လိုပေါက်ကွဲလိုက်လို့ လူဘယ်နှစ်ယောက်... ဆိုတာကို မကြားရပါစေနဲ့ ဟု တွင်တွင် ကျိတ်ဆုတောင်းနေမိသည်။


၂၀၁၂ ကို ကြင်သူနဲ့အတူ ကြိုဆိုသူ ရှိမည်။ ဘော်ဒါများနှင့် အတူ ကြိုဆိုသူလဲ ရှိမည်။ ယမကာနဲ့အတူ ကြိုဆိုသူလဲ ရှိမည်။ အထီးကျန် ကြိုဆိုသူလဲ ရှိမည်။ မိသားစုနဲ့အတူ ကြိုဆိုသူလဲ ရှိမည်။ သို့သော် အိမ်က အဘိုးအိုကတော့ တီဗီကလာတဲ့ New Year ပေါက်ကွဲမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး ခဏအကြာမှာ ဘုရားခန်းဘက် ကပျာကယာ ထွက်သွားလေသည်။ ကျွန်ုပ်က.. အဘိုး ဘယ်သွားမှာလဲ ဟု မေးတဲ့အခါ နှစ်သစ်ကို ကြိုဆိုဖို့ အစီအစဉ်ဆွဲထားလို့ ဟု ဖြေသည်။ ကျွန်ုပ်မျက်စိရှေ့မှောက်မှာပင် အဘိုးအိုသည် ဘုရားရှေ့ ၀ပ်တွားဝတ်ပြုပြီး တင်ပလ္လင်ခွေထိုင်ကာ ရှူးရှဲ ရှူးရှဲဖြင့် တရားထိုင်မှတ်လျှက် နှစ်သစ်ကို ကြိုဆိုနေလေတော့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လဲ အားကျမခံ မင်္ဂလသုတ်လောက်တော့ ရွတ်မှဟု စဉ်းစားပြီး ယံမင်္ဂလံ အစချီကာ မင်္ဂလသုတ်တော်ကြီးကို ရွတ်ပွါးနေမိလေတော့သည်။


၃၁ ဘုံသားများ နှစ်သစ်မှာ မင်္ဂလာအပေါင်း ပြည့်စုံကြပါစေသတည်း။


မှတ်ချက်။
Window7 64bits နှင့် ဇော်ဂျီတွဲသုံးမှု အခက်အခဲအတွက် ကိုရင်က လင့်ခ်တစ်ခု ချပေးသည်။ သို့သော် ထိုလင့်ခ်သည်လဲ သူကြီးမင်း အသုံးပြုပြီးသော လင့်ခ်ဖြစ်နေသည်။ ထို့ကြောင့် ဘုန်းဘုန်းတောက် အကြံပေးချက်အရ 1 Key ဘေးနားမှာ ရှိတဲ့ Dead Key (~) အား စမ်းနှိပ်ကြည့်လိုက်သည် ။ ကွက်တိကြီးပါတကား။ မှန်လိုက်လေ ဘုန်းဘုန်းတောက်။း)   အမှန်က သူကြီးမင်း Key အသုံးမှားနေခြင်းပင်ဖြစ်သည်။ Font တွေက ကွန်ပျူတာထဲ အဆင်သင့် ရှိပြီးသားဖြစ်သည်။ သူကြီးမင်း သုံးတဲ့ Key က Ctrl+Alt+......  ဖြစ်သည်။ အခု အသုံးပြုရမှာက Dead Key + ... ဖြစ်သည်။ ကျေးဇူးပါ ကိုရင်နှင့်ဘုန်းဘုန်းတောက်။ (သူကြီးမင်း)။
..


London New Year ပေါက်ကွဲမှု (သူကြီးမင်းရဲ့ ကင်မရာရှော့တ်နှင့် စခရင်ရှော့တ်)
 
 




.