Friday, 25 September 2015

အေးရာအေးကြောင်း


သားသုံးသား
ထင်ရှားပါတဲ့ ပြည်။

နှစ်သားမှာ ထင် မှားပါလို့
တစ်သားသာ ခင် များတော့တယ်
တင်စားလို့ နေ။

မြင်မမှားလေနဲ့
ထင်ထားသမျှ ယဉ်သကို
ရင်ဖိုလို့ ဆွေး။

မုန်းထားမတော်
ဂုံးစကား မချော်လေနဲ့
သုံးသားတွေ တူတူလှော်ကာမှ
တူတူပျော် ပြည်တော်ခရီးကို
ထိုသုံးဖော် ပျိုပြုံးပျော်များရယ်နဲ့
သွားကြမှ အေး။

(တုံးဖလားသူကြီးမင်း
၂၅ စက်တင်ဘာ ၂၀၁၅ သောကြာ
၂၃း၂၀ နာရီ)

.

Saturday, 12 September 2015

အ၀င်အထွက် ထူးခြားမှု (+18)


ငရုပ်သီးဆိုတာ အမှန်စပ်သကွဲ့
သေချာမှတ်လို့ ထားကြကွယ်။

စားသုံးလေလျှင် လျာတွေစပ်သမို့
ဖင်လဲစပ်လို့ ပူလှတယ်။

ထိုသို့ဆိုလျှင် မသိသေးလို့
တစ်ခုလေးတော့ မေးချင်တယ်။

သကြားစားရင် မှတ်မယွင်းကွဲ့
ပါးစပ်အတွင်း ချိုလှတယ်။

မနက်ချိန်ခါ ဟိုဟာသွားတော့
ချိုလားစပ်လား မသိကွယ်။

ဘယ့်ကြောင့်လေကွယ် သကာပျားကို
ဖင်အများက မသိတယ်။

မေးခွန်းကိုကွယ် အဖြေပေးမယ်
သေချာရေးလို့ မှတ်ထားကွယ်။

ရသာခြောက်ဖြာ လျာကသိသကွဲ့
ဖင်ကမသိ သနားဖွယ်။

အစပ်တစ်မျိုးသာ ဖင်ကသိသတဲ့
ကျန်တာမသိ ကန်းကြတယ်။

မယုံကြည်လျှင် ဟိုဟာသွားလို့
နေရာမမှား ပုံထားကွယ်။

အစပ်ပုံကို နေရောင်မညှိုးခင်
ငှက်တစ်မျိုးက စားလိမ့်မယ်။

ချိုပုံကိုကွယ် မျက်စိမလှုပ်နဲ့
ပုရွက်အုပ်လိုက် ၀ိုင်းကြမယ်။

ထိုသို့ဆိုလျှင် သင့်အမေးကို
သူကြီးဖြေပေး ကျေနပ်ဖွယ်။ 

ထိုဥပမာ ပုံပြင်လေးကို
ဂုဏ်တင်ပေးလို့ မှတ်ကြကွယ်။

မကောင်းမှုကိုကွယ် လူအများက
ဆင့်ကာပွါးလို့ ဖြန့်ကြမယ်။

ကောင်းမှုကိုကွယ် ဆင့်ကာပွါးဖို့
ပါးစပ်များက ဆွံ့အတယ်။ 

သို့သော်လဲကွယ် အားမလျော့နဲ့
လူတိုင်းတော့လဲ မဟုတ်တယ်။

ကောင်းမှုသိသူ လူအများက
ကုသိုလ်ပွါးလို့ ပျော်ကြမယ်။

မကောင်းသိသူ ထိုသူများကို
မေ့ကာထားလို့ နေကြကွယ်။

ဘယ့်ကြောင့်ဆိုသော် တကယ့်အရေးမို့
တိုင်းပြည်ရေးထက် ရေးကြီးတယ်။

အထွက်အ၀င် ထိုသို့ထူးသတဲ့
သေချာကူးလို့ မှတ်ထားကွယ်။

မှတ်ကွယ် မှတ်ကွယ်။

.

မှတ်ချက်။
မူရင်းစတေးတပ်စ်နှင့် ဓါတ်ပုံအား ခရက်ဒစ်ပေးပါသည်။ 
ထိုစတေးတပ်စာသားလေးကို သူကြီးအတွေးနဲ့ အဖြေပေးထားပါသည်။

(တုံးဖလားသူကြီးမင်း
စက်တင်ဘာ ၁၂   ၂၀၁၅ စနေ ၁၀း၂၀ နာရီ)

.