တွဲပြီး ဆွဲပြီး လွှဲတော့ လွှဲလိုက်ပါပြီ။ နောင်ကို မကွဲမပြဲဘဲ အသဲမာမာ ပွဲသာသာနဲ့ ရေရှည်ဆင်နွှဲနိုင်ကြဖို့ဘဲ လိုပါတော့တယ်။ အလုပ်တစ်ဖက်နဲ့ စေတနာ ပန်းပွင့်သူများ၊ ကျောင်းစာတစ်ဖက်နဲ့ ပရဟိတ အပြုံးပိုင်ရှင်များ၊ ဘလော့ဂ်တစ်ဖက်နဲ့ ကုသိုလ်ကြီးကြီး ထုပ်ပိုးသူများ၊ ကမ္ဘာအရပ်ရပ်မှ အနေမတူပေမဲ့ စေတနာတူသူများ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုပု တိုတို ရှည်ရှည် လျားလျား ကျားကျား မမ လှလှ ဆိုးဆိုး ပျိပျို အိုအို ဆိုဒ်စုံ ဂိုက်စုံ စရိုက်စုံ အကြိုက်စုံ အဖုံဖုံအပြားပြား ကွဲပြားခြားနားပေမဲ့ မကွဲမပြား မခြားမနား မုဒိတာ စိုက်ထူသူများ၊ ဤသို့ဤသို့သော သူများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော မုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယခြေလှမ်းကို ရဲရဲဝံ့ဝံ့ တံခွန်လွှင့်ထူပြီး လှမ်းလိုက်ပါပြီ။
ဆောင်းအကုန် နွေအကူး ပုရစ်ဖူးဖူးနေတဲ့ ပုပုရွရွ နုနုလှလှ ပန်းပေါင်းစုံ မြိုင်ဟေ၀န်နန်းမှာ ပန်းချင်း အလှပြိုင်ပြီး အထူးထူးအဆန်းဆန်း ပွင့်လန်းနေကြသလို တစ်ငွေ့ငွေ့ တစ်လျှပ်လျှပ် အရှိန်အဟုန်နဲ့ ပွင့်လန်းနေတဲ့ အလှူရှင်များရဲ့ မုဒိတာပန်းများလဲ ငွါးငွါးစွင့်စွင့် ကြွားကြွားဝံ့ဝံ့ အစီအရီ စည်ပင်ဖွံ့ဖြိုးနေမှာကို မြင်ယောင်မိသေးတော့။ ။
မြန်မာနိုင်ငံ၊ မရမ်းချောင်းအနာကြီးရောဂါဂေဟာအတွက် ဗြိတိန်နိုင်ငံမှ အလှူငွေပါဝင်သူများ စာရင်းကို အင်္ဂါမောင်ဘလော့ဂ်မှ ကူးယူဖော်ပြပေးလိုက်ပါသည်။ ။
ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်း
မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် ဗြိတိန်နိုင်ငံမှ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ အကျိုးဆောင် ကျော်စွာစိုးမြတ်ထံ ၂၆.၀၃.၂၀၁၂ တနင်္လာနေ့မှာ လွှဲပေးလိုက်ပြီး ဖြစ်ပါသည်။ စတာလင်ပေါင် ၃၆၀ တိတိ ဖြစ်ပါသည်။ တစ်ပေါင်ကို ၁၂၇၀ကျပ် နှုန်းဖြင့် စုစုပေါင်း မြန်မာကျပ်ငွေ ၄၅၇၂၀၀ (လေးသိန်း ငါးသောင်း ခုနစ်ထောင့် နှစ်ရာကျပ် တိတိ) ရရှိမည်ဖြစ်ပါသည်။
ဆောင်းအကုန် နွေအကူး ပုရစ်ဖူးဖူးနေတဲ့ ပုပုရွရွ နုနုလှလှ ပန်းပေါင်းစုံ မြိုင်ဟေ၀န်နန်းမှာ ပန်းချင်း အလှပြိုင်ပြီး အထူးထူးအဆန်းဆန်း ပွင့်လန်းနေကြသလို တစ်ငွေ့ငွေ့ တစ်လျှပ်လျှပ် အရှိန်အဟုန်နဲ့ ပွင့်လန်းနေတဲ့ အလှူရှင်များရဲ့ မုဒိတာပန်းများလဲ ငွါးငွါးစွင့်စွင့် ကြွားကြွားဝံ့ဝံ့ အစီအရီ စည်ပင်ဖွံ့ဖြိုးနေမှာကို မြင်ယောင်မိသေးတော့။ ။
ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်း
မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် ဗြိတိန်နိုင်ငံမှ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ အကျိုးဆောင် ကျော်စွာစိုးမြတ်ထံ ၂၆.၀၃.၂၀၁၂ တနင်္လာနေ့မှာ လွှဲပေးလိုက်ပြီး ဖြစ်ပါသည်။ စတာလင်ပေါင် ၃၆၀ တိတိ ဖြစ်ပါသည်။ တစ်ပေါင်ကို ၁၂၇၀ကျပ် နှုန်းဖြင့် စုစုပေါင်း မြန်မာကျပ်ငွေ ၄၅၇၂၀၀ (လေးသိန်း ငါးသောင်း ခုနစ်ထောင့် နှစ်ရာကျပ် တိတိ) ရရှိမည်ဖြစ်ပါသည်။
ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်းကို စေတနာ သဒ္ဓါ တိုးပွါးနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
၁။အရှင်ဇနက(အင်္ဂါမောင်) လန်ဒန်၊ ပေါင် ၅၀
၂။အရှင်နာဂသေန(ဘာမင်ဂမ်) ပေါင် ၂၀
၃။ကိုကိုမောင်(ပန်းရနံ့) လန်ဒန်၊ ပေါင် ၅၀
၎။ဦးစိန်ဋ္ဌေး+ဒေါ်ဆွေဆွေဦး သမီး မိုးသီတာဋ္ဌေး (ဘာမင်ဂမ်) ပေါင် ၂၀
၅။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စို
၆။ဦးတင်အောင် မိသားစု (လန်ဒန်) ပေါင် ၂၀
၇။ကိုကို ညီညီ(လန်ဒန်) ပေါင် ၄၅
၈။မောင်နေလင်းအောင် (လန်ဒန်) ပေါင် ၁၀
၉။မောင်အောင်မျိုးသန့် (လန်ဒန်) ပေါင် ၁၀
၁၀။မသီတာထွန်း (လန်ဒန်) ပေါင် ၁၀
၁၁။ကိုဟန်လင်း (လန်ဒန်) ပေါင် ၂၀
၁၂။လူပြန်တော် ဦးကုမုဒ (လန်ဒန်) ပေါင် ၁၀
၁၃။မဟေမာမြတ်ခိုင်+မနန္ဒာထွန်း (လန်ဒန်) ၀ှီးချဲတစ်စီးအတွက် ပေါင် ၄၅

စုစုပေါင်း စတာလင်ပေါင်ငွေ ၃၆၀ ဖြစ်ပါသည်။
ဤသို့သော
ကုသိုလ်ဒါန၏ စေတနာကံအစွမ်းကြောင့် ဖြစ်လေရာရာ ဘ၀တိုင်း၌
အနာရောဂါကင်းရှင်းပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လောကကောင်းကျိုး
လူ့ကောင်းကျိုးတို့ကို မှန်ကန်သော နည်းလမ်းဖြင့် အကြွင်းမဲ့
ဆောင်ရွက်နိုင်ကြပါစေ။
ဤသို့စုပေါင်းပြုလုပ်ရသော
ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မြင်အပ် မမြင်အပ်သော ဝေနေယျသုခိတဒုက္ခိတ
သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏။ ကြားကြားသမျှ အားလုံး
သာဓုခေါ်ဆိုနိုင်ပြီး အမျှရကြသည်ဖြစ်၍ ကျန်းမာကြသည် ချမ်းသာကြသည်
ဝမ်းသာကြသည် ဖြစ်ကြပါစေသော်ဝ်။ ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု သာဓု သာဓု။
.
.