Sunday 27 September 2009

ODEON 3D ရုပ်ရှင်ကြည့်ဖူးသွားခြင်း

မှတ်မိသေးတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကပေါ့။ တစ်ခြားတော့ မဟုတ်ဘူး။ ညနေ သုံးနာရီ အတန်းပြီးတော့ ရုပ်ရှင်သွားကြည့်ကြတာ။ ရုပ်ရှင်သွားကြည့်တာ အဆန်းမဟုတ်ပေမဲ့ အခုရုပ်ရှင်က ဆန်းမှဆန်းဘဲ။ ဆန်းဆို ရိုးရိုးရုပ်ရှင်မှမဟုတ်တာ။ 3D ရုပ်ရှင်ကြီး။ IMAX ဆိုတဲ့ ရုပ်ရှင်ရုံကြီးမှာ သွားကြည့်တာပါ။ ဗြိတိန်မှာ အကြီးမားဆုံး Sreen ကို ပိုင်ဆိုင်တဲ့ ရုပ်ရှင်ရုံကြီးတဲ့။

လက်မှတ်ကို ကျောင်းသား Discount နဲ့ ၀ယ်တဲ့အတွက် ဈေးသက်သာပါတယ်။ တစ်ယောက်ကို ၉ ပေါင်နှင့် ၂၅ ပြားသာပေးရပါတယ်။ ပုံမှန်လူတွေအတွက် လက်မှတ်ဈေးကတော့ အတိအကျမသိပါဘူး။ အတော်လေးများမဲ့ပုံ ပေါ်ပါတယ်။ ယူကေရဲ့  နည်းစနစ်တွေကို ကျနော်တော့ ကောင်းကောင်းနားမလည်ဘူး။ ရထား ကား ရုပ်ရှင် ဘောလုံးပွဲ ဘာလက်မှတ်ဘဲဖြစ်ဖြစ် လချီပြီး ကြိုတင်ဖြတ်ထားရင် ဈေးအရမ်းချိုတယ်။ ဥပမာ ပုံမှန် ပေါင် သုံးလေးရာပေးရမဲ့လက်မှတ်ကို ကြိုတင်ဖြတ်ထားရင် လေးငါးပေါင်လောက်နဲ့ ရတယ်တဲ့။ ဒါလဲ အံ့သြစရာဘဲ။ ဈေးဝယ်ရင်လဲ ကျောင်းသားတွေဆိုရင် လျော့ဈေးရတယ်။

အခုရုပ်ရှင်ကြည့်တဲ့အထဲမှာ ကျနော်က ကံအကောင်းဆုံးဘဲ။ လက်မှတ်ကို ကြိုင်တင်ဖြတ်မထားဘူး။ ကျောင်းသားနှုံးနဲ့ ၀ယ်ထားတာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော် အခမဲ့ လက်မှတ်တစ်စောင်ရလိုက်တယ်။
ဖြစ်ပုံက ဒီလိုပါ။ အဲဒီ ရုပ်ရှင်သွားကြည့်ဖို့ စီစဉ်တဲ့သူက ကက်သရင်းလို့ ခေါ်တဲ့ ကျနော်တို့ရဲ့  ဆရာမတစ်ယောက်ဖြစ်ပါတယ်။ Pre-sessional courses သင်တန်းဆရာမပါ။ သူ့ဆီမှာ ကျနော်တို့ အုပ်စုက နေ့လည်ပိုင်း အတန်းတက်ပါတယ်။ ကိုမင်းထက်နှင့်ကိုခင်မောင်ဌေးတို့အုပ်စုက မနက်ပိုင်းမှာ သူ့ဆီတက်ပါတယ်။ အဲဒီအုပ်စုမှာက ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ ယောက်ရှိပါတယ်။ အဲဒီ ကျောင်းသားတွေဆီက တစ်ယောက် ၁၀ ပေါင်စီကောက်ယူပြီး ကျောင်းသားနှုံးထားနဲ့ ဆရာမကိုယ်တိုင် ရုပ်ရှင်လက်မှတ်သွားဖြတ်တယ်။

လက်မှတ် ၁၀ စောင်ဝယ်တဲ့သူတိုင်းကို လက်မှတ်တစ်စောင် လက်ဆောင်ပေးလေ့ရှိတယ်တဲ့။ Buy one, get one free တွေကလဲ ယူကေမှာ အများသား။ သူဝယ်တာက သူ့အတွက် အပါအ၀င် စုစုပေါင်း ၁၁ စောင်။ တစ်စောင်က မေတ္တာလက်ဆောင်။ အားလုံးပေါင်းတော့ ၁၂ စောင်တိတိ ရလာပါရော။ အဲဒီလက်မှတ်ကို ကျနော့်ကို ဆရာမကမေတ္တာလက်ဆောင်ပေးတယ်။ ကံကောင်းတယ်နော်။

ဒီလိုနဲ့ဘဲ အတန်းပြီးပြီးချင်း လန်ဒန်တက္ကသိုလ်ကနေ ဘတ်စ်ကားနဲ့ ထွက်ခွါလာကြတယ်။ IMAX ရုပ်ရှင်ရုံတည်ရှိတဲ့နေရာက ၀ါတာလူးလို့ခေါ်တဲ့ မြေအောက်ဘူတာရုံနှင့်သိပ်မဝေးပါဘူး။ သိန်းမြစ်၊ King's College London၊ လန်ဒန်အိုင်းတို့နှင့်လဲ နီးပါတယ်။ ရုပ်ရှင်စတင်ပြသမှာက ညနေ ၅ နာရီ ၂၅ မိနစ်၊ ကျနော်တို့ အဲဒီကို ရောက်သွားတာက လေးနာရီမထိုးခင်ဆိုတော့ အချိန်တွေ အများကြီးရတယ်။ ဒါကြောင့်မို့ သိန်းမြစ်ကမ်းဘေးသွားပြီး လေညှင်းခံတယ်၊ ရှုခင်းကြည့်တယ်၊ ဓါတ်ပုံရိုက်တယ်။ ပြီးတော့ လန်ဒန်အိုင်းကြီးကို အနီးကပ် သွားကြည့်ကြတယ်။

ညနေ ငါးနာရီ ၁၅ လောက်မှာ ကျနော်တို့ ရုပ်ရှင်ရုံထဲ ၀င်ကြတယ်။ ရုပ်ရှင်ရုံအ၀င်ဝမှာ ၀န်ထမ်းတစ်ယောက်က 3D ရုပ်ပုံကို ပေါ်လာစေမဲ့ Eyewear (မျက်မှန်) ကို တစ်ခုစီပေးပါတယ်။ အဲဒီ မျက်မှန်တပ်ပြီး ရုပ်ရှင်ကြည့်မှ
3Dပုံ မြင်ရတာပါ။ ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားအမည်က Harry Potter and the Half-Blood Prince တဲ့။ အစပိုင်းမိနစ် ၂၀ လောက်မှာဘဲ 3D (ODEON 3D)system ကို ထည့်ထားတာပါ။ အဲဒီမျက်မှန်ကို မူလပါဝါမျက်မှန်တပ်ထားသူတွေလဲ မျက်မှန်ပေါ်ထပ်ပြီး တပ်လို့ရပါတယ်။

ရုပ်ရှင်မစခင်မှာ ၀န်ထမ်းတစ်ယောက်က 3D ရုပ်ရှင်အကြောင်းကို ရှင်းပြပါတယ်။ ပြီးမှ ရုပ်ရှင်ကို စပြပါတယ်။
တကယ်သဲထိပ်ရင်ဖိုပါဘဲ။ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေရသလားအောက်မေ့ရတယ်။ ဟယ်ရီပေါ်တာကိုယ်တိုင် ကျနော့်အနားမှာ လာထိုင်ပြီး စကားပြောနေတယ်ဗျား။ သူတို့နေတဲ့ အခန်းထဲမှာ ကျနော်ထိုင်နေရသလိုဘဲ။ ကျနော့် ဘေးပတ်လည်မှာလဲ ဇာတ်ကောင်တွေ စုံနေတာပါဘဲ။ လန့်စရာအကောင်းဆုံးကတော့ ကြိုးတံတားကြီး ပြိုကျပျက်စီးသွားတဲ့အခန်းဘဲ။ တံတားအပိုင်းအစတွေ ရွှီးကနဲ ၀ှီးကနဲ ကျနော့်တည့်တည့်ဖြတ်သန်းလာကြတယ်။ ကျနော့်ဘေးနား ဖြတ်သန်းသွားတယ်။ ယောင်လို့တောင် ခေါင်းငုံ့ရှောင်ဖြစ်လိုက်သေးတယ်။

မျက်မှန်ချွတ်ပြီး ကြည့်ပြန်တော့လဲ အဲဒီပြကွက်တွေက ပိတ်ကားဆီ ပြန်ရောက်သွားပြန်ရော။ မျက်မှန်ပြန်တပ်ကြည့်ရင် အားလုံးက ကိုယ့်ဝန်းကျင် ဘေးပတ်ပတ်လည်တွေမှာ သဘာဝအတိုင်းလိုလိုပါဘဲ။ ဂျပန်မလေးတွေဆို Excited ဖြစ်လွန်းလို့ဆိုပြီး မျက်မှန်ကို ချွတ်ထားကြလေရဲ့ ။ မိနစ် ၂၀ လောက်ကြာလာတဲ့အခါမှာတော့ 3D functions (effects) တွေ မပါတော့ပါဘူး။ ပုံမှန်ဘဲ ဖြစ်သွားတယ်။ 3D ရုပ်ရှင်ရိုက်ရတာ ဈေးကြီးလို့ထင်ပါရဲ့ ။
တကယ်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကြီးပါ။ မိတ်ဆွေများလဲ ကြုံကြိုက်ရင် တစ်ခါလောက်တော့ ကြည့်စေချင်တယ်။ တကယ်စိတ်လှုပ်ရှားစရာကောင်းလို့ပါ။

ယူကေမှာကတော့ 3D ကြည့်လို့ရတဲ့ ရုပ်ရှင်ရုံပေါင်း ယခုလောလောဆယ် ၇၈ ရုံရှိပါတယ်။
ဒါပေမဲ့ ကျနော်တို့ သွားကြည့်ခဲ့တဲ့ IMAX ရုပ်ရှင်ရုံရဲ့ ရုပ်ရှင်ပိတ်ကားကတော့ ယူကေနိုင်ငံမှာ အကြီးမားဆုံးပါဘဲတဲ့။ ပျော်စရာကြီးပေါ့ဗျာ။ ။


...

10 comments:

ဇွန်မ said...

Harry Potter and the Half-Blood Prince ကနောက်ဆုံး ထွက်တဲ့ ကားလား? 3D ထက် Harry Potter ကို ပိုစိတ်ဝင်စားတယ် :D

မင်းအိမ်ဖြူ said...

ဒီမှာလဲ ရှိတယ်တဲ့ မရောက်သေးဘူး သွားကြည့်အုံးမယ် နောက် အလကားရမှ ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

khun said...

3D ကရုပ်ရှင်တော့ မကြည့်ဖူးဘူး။
Tokyo Disney Land က 3D theaterမှာတော့
ဝင်ကြည့်ဖူးတယ်။
Harrypotter ကနောက်ဆုံးထွက်တဲ့ကားလားဟင်။
အဲ့ကားကြည့်ချင်လိုက်တာ။

khin oo may said...

မကြည့်ဘူးသေးဘူး မျက်မှန်နဲ့

khin oo may said...

ပြောသွားတာ အားလုံးမှန်တယ်။ 100/100

ခြေလှမ်းသစ် said...

3D ရုပ်ရှင်ရုံတွေကုန်ကျစားရိတ်က အတော်များမယ် ထင်တယ်နော် မြန်မာပြည်မှာလဲ အဲ့လို ရုံတွေပေါ်လာရင် အရမ်းကောင်းမှာပဲဗျ ..... ဒီUS မှာတော့ city လေးတွေမှာတောင်ရှိနေတယ်ဗျ ....

မြတ်နိုး said...

ကြွားတယ် လက်မှတ်အလကားကြည့်တာကို..

ဟုတ်တယ် 3D ကမိုက်တယ်
တိုကျိုမှာရယ် အိုဆာကာ မှာရယ် ကြည့်တာ..

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါတယ်။ ဟယ်ရီပေါ်တာ နောက်ဆုံးထွက်တဲ့ ဇာတ်ကားပါ။ ကြုံရင် ကြည့်ကြပေါ့ဗျာ။ ကြိုက်တတ်ရင် ကောင်းပါတယ်။

flowerpoem said...

ွှလက်မှတ်ရရင်တောင်မှ . . လေယာဉ်ဖိုးမတတ်နိုင်ပါ :P

Anonymous said...

top [url=http://www.c-online-casino.co.uk/]online casinos[/url] brake the latest [url=http://www.realcazinoz.com/]casino games[/url] unshackled no set aside bonus at the best [url=http://www.baywatchcasino.com/]casino compensation
[/url].