Monday 28 September 2009

သနားစရာ မိန်းမသားများဘဝ


မိန်းမဆိုတာ ဘာမှမဟုတ်။ ၀န်ထုပ်ဝန်ပိုးသက်သက်မျှသာတည်း။

အဲဒီစကားကို ဟိန္ဒူဘာသာဝင်တွေယုံကြည်ကြတဲ့ ရှေးခေတ်အိန္ဒိယဝေဒစာပေတွေက ဆိုတာပါ။ အဲဒီ ဝေဒကျမ်းလာ စကားရပ်တွေကြောင့် မိန်းခလေးကို မွေးဖွားပေးတဲ့ မိခင်ဟာ ရှက်ဖွယ်လိလိ ဖြစ်ရပါတယ်။ ပြီးတော့ လူတွေရဲ့ သဘောထားတွေကလဲ သမီးမွေးတဲ့ မိခင်ဆိုရင် ကဲ့ရဲ့ ပစ်ပယ်ချင်ကြတယ်။ ဒါကြောင့်မို့လဲ Female Infanticide (မိန်းခလေးငယ်များကို သတ်ဖြတ်ခြင်း)ဆိုတဲ့ ရိုးရာပေါ်ပေါက်လာခဲ့တာပါ။

ဒါကလဲ အကြောင်းရှိပါတယ်။ သမီးမိန်းခလေးပိုင်ရှင်တွေရဲ့  ဒုက္ခကလဲ မလွယ်ကူလှပါဘူး။ ဟိန္ဒူဘာသာဝင်တွေမှာ Dowry လို့ခေါ်တဲ့ မင်္ဂလာကြေးတွေ အဆမတန်ပေးရတဲ့ ထုံးတမ်းစဉ်လာရှိပါတယ်။ အဲဒီမင်္ဂလာကြေးတွေကို သတို့သားက သတို့သမီးကို ပေးရတာမဟုတ်ပါဘူး။ သတို့သမီးဘက်က မိဘတွေကသာ သတို့သားကို ထိုက်ထိုက်တန်တန်ပေးရတာပါ။ သမီးလဲပေးရ ပစ္စည်းဥစ္စာလဲပေးရဆိုတော့ မိန်းခလေးမိဘတွေ ဒုက္ခအကြီးအကျယ်ရောက်ကြတော့တာပေါ့။

ဒါတင်မပြီးသေးဘူး။ မင်္ဂလာကြေးကို သတို့သားက လွန်လွန်ကျွံကျွံတောင်းတယ်။ သူတို့က အကြောင်းပြချက်နဲ့ တောင်းတာပါ။ ခင်များတို့ သမီးကို တစ်သက်လုံး ကျုပ်တို့တာဝန်ယူရမယ်၊ ဒါကြောင့် ပြည့်ပြည့်စုံနေနိုင်အောင် မင်္ဂလာကြေးကို များများပေးပါတဲ့။ (ကျနော်တို့ မြန်မာတွေနဲ့တော့ ပြောင်းပြန်ကြီးပေါ့ဗျာ)။ ပေးတဲ့ကြေး နဲနေလို့ရှိရင် ဒါမှမဟုတ် သတ်မှတ်တဲ့ရက်အတွင်း မပေးနိုင်ရင် အဲဒီသတို့သမီးဘ၀ဟာ လုံးဝ လုံခြုံမှုမရှိတော့ပါဘူး။ သတို့သားကနှိပ်စက်မယ်။ သတို့သားမိဘတွေက နှိပ်စက်မယ်။ နောက်ဆုံးတော့ သတ်ပစ်လိုက်ကြတာပါဘဲ။


မင်္ဂလာကြေးထဲမှာ ဘာတွေပါဝင်သလဲ ဆိုတော့........
-ပိုက်ဆံအမြောက်အများ
-လယ်ယာဥယျာဉ်ခြံမြေ
-ကျွဲ နွား သိုး ဆိတ်စတဲ့ တိရစ္ဆာန်များ
-အိမ်သုံးပရိဘောဂပစ္စည်းများ
-လျပ်စစ်ပစ္စည်းများ
စတဲ့ စတဲ့ လိုအပ်ရာရာ အိမ်ထောင်ပရိဘောဂတွေ ပါဝင်ကြပါတယ်။

သတို့သားဘက်က တောင်းသလောက် မပေးနိုင်ရင်တော့ အဲဒီသတို့သမီးဟာ အရှင်လတ်လတ်ငရဲကျနေရသလိုပါဘဲ။ ဘယ်တော့ ငါ့ကို နှိပ်စက်ကြမလဲ၊ ဘယ်တော့ ငါ့ကို သတ်ပစ်ကြမလဲပေါ့။ အနီးကပ်ဆုံးရန်သူနှင့်မှ ပေါင်းဖော်နေရတာကိုး။

သတ်ပစ်တာမှ ရိုးရိုးသတ်တာမဟုတ်ဘူး။ များသောအားဖြင့် လောင်စာဆီတစ်မျိုးကို ခန္ဓာကိုယ်ပေါ်လောင်းချပြီး မီးရှို့ သတ်ပစ်ကြတာ။ တော်တော်ရက်စက်တယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကြီးမှာတောင် ၁၂ နာရီတိုင်းမှာ အမျိုးသမီးတစ်ယောက် မီးရှို့ သတ်ခံရတယ်တဲ့။ Dowry လို့ခေါ်တဲ့ မင်္ဂလာကြေးချို့ တဲ့လို့ပေါ့။

NCRB (The Indian National Crime Records Bureau) က ထုတ်ပြန်ချက်အရ-- မင်္ဂလာကြေးမတတ်နိုင်လို့ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ကတော့...
-၁၉၈၈ ခုနှစ်မှာ အမျိုးသမီး ၂၂၀၉ ယောက်
-၁၉၉၀ ခုနှစ်မှာ အမျိုးသမီး ၄၈၃၅ ယောက်
-၁၉၉၅ ခုနှစ်မှာ အမျိုးသမီး ၄၆၄၈ ယောက်
-၂၀၀၀-၂၀၀၄ ခုနှစ်တွေမှာ အမျိုးသမီး ၇၀၂၆ ယောက်
-၂၀၀၅ ခုနှစ်မှာ အမျိုးသမီး ၆၇၈၇ ယောက်
-၂၀၀၆ ခုနှစ်မှာ ၂၂၇၆ ယောက်
စာရင်းတွေကို ကြည့်ရင် ကြက်သီးထချင်စရာပါ။

အဲဒီအရေအတွက်တွေအားလုံးဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဘဲ ရှိပါသေးတယ်။ တစ်ခြားနိုင်ငံတွေမှာလဲ ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ဟိန္ဒူဘာသာဝင်ဦးရေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက်က အိန္ဒိယနိုင်ငံမှာပါ။ ကမ္ဘာတစ်ဝှမ်းဟိန္ဒူဘာသာဝင်ပေါင်း သန်း ၉၇၀ လောက်ရှိရာမှာ အိန္ဒိယနိုင်ငံမှာက သန်း ၉၀၀ လောက်ရှိပါတယ်တဲ့။

ဒီလို အဖြစ်အပျက်တွေကြောင့်လဲ သမီးမိန်းခလေးကို ဘယ်မိသားစုမှ မမွေးဖွားချင်ကြပါဘူး။ ကိုယ်ဝန်ရလာပြီး မိန်းခလေးမှန်းကြိုသိရင် ကိုယ်ဝန်ဖျက်ချလေ့ရှိတဲ့ အမျိုးသမီးလဲ ဒုနဲ့ဒေး။ သမီးမိန်းခလေး ကိုယ်ဝန်ရရင် ဂြိုဟ်ကောင်ဝင်လာတာနဲ့ အတူတူပါဘဲ။ မိခင်လဲ မျက်နှာမလှဘူး။ ဖခင်လဲ စိတ်မရွှင်ဘူး။ ဒါကြောင့် မွေးဖွားပြီးရင် Female Infanticide ကျင့်ထုံးအရ မိန်းခလေးငယ်တွေကို သတ်ဖြတ်ပစ်လေ့ရှိကြတယ်။
၁၉၆၁ ခုနှစ်က အစိုးရကိုယ်တိုင် Dowry ကို တားမြစ်ပိတ်ပင်ထားပေမဲ့ ယနေ့ထက်ထိ ကျင့်သုံးကြဆဲပါဘဲ။ ရိုးရာယဉ်ကျေးမှုနှင့်ဘာသာအယူဆိုတာကလဲ ပယ်ဖျက်ပစ်လို့ ခပ်ခက်ခက်ဘဲ မဟုတ်လား။ ဒါပေမဲ့ ယခုမျက်မှောက်ကာလမှာတော့ Dowry ကိစ္စကို အတော်များများက ကန့်ကွက်ရှုပ်ချပြီး
ဆန္ဒပြနေကြလေရဲ့ ။

ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး မြန်မာဖြစ်ရတာဂုဏ်ယူစရာပါ။ မြန်မာမှာ ယောက်ျားမိန်းမ တန်းတူအခွင့်အရေးရှိကြတယ်မဟုတ်လား။ မောင်တစ်ထမ်း မယ်တစ်ရွက်သျှောင်နောက် ဆံထုံးပါ စတဲ့ စကားပုံတွေဟာလဲ မိန်းမယောက်ျား မခွဲခြားဘဲ တန်းတူညီမျှ တာဝန်ကိုယ်စီ ထမ်းဆောင်ကြတာကို ရည်ညွန်းထားပါဘဲ။ ဒါကြောင့် မြန်မာအမျိုးသမီးများ မြန်မာဖြစ်ခွင့်ရတာ ဂုဏ်ယူဖွယ်ကောင်းလှကြောင်းပါ။


ကိုးကားချက်။
1.Peter Harvey, An Introduction to Buddhist Ethics, 2000, UK: Cambridge Press.
2.Lopez, Religion of India in Practice,1995, UK: Princeton University Press.
3.www.indianchild.com
4.www.hinduwebsite.com

...

10 comments:

Anonymous said...

:)

နှင်းနဲ့မာယာ said...

အဟမ်းအဟမ်း
ပွဲကြည့် ပရိတ်သတ်
လမ်းဖြတ်လျှောက်ပါတယ်...
မိန်းမတွေ သနားစရာ ကောင်းမကောင်း...
လောကကြီးမှာ မိန်းမတွေ မရှိမကောင်း ရှိမကောင်း ဆိုတာတွေ...
ကျမ်းကိုးနဲ့ ရှင်းစရာလိုနေပီထင်ပ...
ဟဲဟဲ ပေရှည်မှာစိုးလို့နော်...
ကိုယ့်စာကိုယ်ကျက်ပါ....
နောက်ကျမှမျက်နှာငယ်လေးနဲ့ လာမတောင်းပန်နဲ့...

မနှင်း

မြတ်နိုး said...

မသိရင်ခက်မယ်နော်.. ဘာကြောင့်ရေးသလဲဆိုတာ..ဟွန်း

ဒီမယ်..

ကျနော်သာ အဲဒီမြေမှာဖွား အဲဒီဘာသာဝင်ဆို မိန်းမတွေကိုစု ယောင်္ကျားမယူပဲ အပျိုကြီးလုပ်မှာပေါ့.။
ပီးတော့ မိန်းမတွေအတွက် ဦးဆောင်ပေးမှာပေါ့။
အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ပဲဟာ။
အင်း ဘာသာရေးကို ပြောင်းလို့မရဘူးလို့ပြောတဲ့အခါကျရင် . အပျိုကြီးပဲ လုပ်တော့မှာပေါ့။ အားလုံးသော မိန်းမတွေဟာ ယောင်္ကျားယူဖို့ စိတ်မဝင်စားတော့ဘူးဆို ဒင်းတို့ယောင်္ကျားတွေ ဘာတတ်နိုင်မတုံး။

မယုံမရှိနဲ့ ကျနော်က တကယ်လုပ်မှာ။

အခုတောင် ကျနော်က မြန်မာပြည်မှာ အင်အားကြီးစိုးနေတဲ့ အဖွဲ့ ကို အင်အားတောင့်တင်းအောင်ပံပိုးပေးနေတဲ့ မိန်းကလေးတွေကို ကျနော်သာ ပါဝါရှိရင် အဲဒီမိန်းကလေးတွေကို ပညာပေးမှာ ပေးမရရင် တခုခုလုပ်မှာ။ ဥပဒေသစ်လေ။ ဒါမှ.. ဒင်းတို့အဖွဲ့ ၀င်သူနဲမှာ။ ဟင်းးးး

မင်းအိမ်ဖြူ said...

လာရောက်ဖတ်ရှုသွားပါတယ် ဗျာ

ဗဟုသုတရတာပေါ့ ဗျာ ၊၊

တကယ်တွေးကြည့်ရင် မြန်မာပြည်က မိန်းမတွေ က ကံကောင်းပါတယ် P:

ကောင်းကောင်းမွန်မွန် လက်ထပ်ယူတာခံရတယ်
နောက် သားသမီးတွေကလည်း လေးလေးစားစား ချစ်တယ်
အိမ်တိုင်မှာ သော့ကိုင် အခရာပါ

လူတိုင်းတော့ မဟုတ်ဘူးပေါ့
အများစုကတော့ ဟုတ်ပါတယ်

ဒါပေမယ့်လည်း တို့ နှမများက မကျေနပ်သေးဘူးကွယ်
( နောက်တာပါ )


ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

khun said...

ယောင်္ကျားတွေတဖြည်းဖြည်းအသုံးမကျတော့လို့
မိန်းမတွေနေရာဝင်ယူနေရတဲ့ခောတ်ကြီးပါ။
သိပ်ပြီးအပြောတွေမလွန်ပါစေနဲ့။
သတိထားရေးပါ။

မိုးခါး said...

အဲဒီမှာ မိန်းမဖြစ်ရတာ တကယ် မလွယ်တာပဲ
း((

သုခုမလေဒီ said...

မောင်လေးပြောသလိုပဲ ဟိန္ဒူမိန်းခလေးမဖြစ်ပဲ မြန်မာမိန်းခလေးဖြစ်ရတာပဲ ကံကောင်းတာပေါ့နော်။ မှတ်သားစရာပါ။

flowerpoem said...

လာဖတ်ပါတယ် ကို၂မောင်ရေ မမိုက်ပါဘူးနော် အဲလိုဆိုရင် ဒုက္ခပဲ

မိုးစက်အိမ် said...

ထူးဆန်းပါပေ.ဗျာ မိန်းကလေးက တင်တောင်းရတယ်လို. အဲ အစဉ်လာက ဆိုးသာဆိုးသာ အဓိပာယ်တော.ရှိသား :P

မြစ်ကျိုးအင်း said...

အင်မတန်လွဲမှားတဲ့ စနစ်ပါပဲဗျာ

အဲဒီလိုတွေ ရှိမှန်း ဗဟုသုတ တော့ရပါတယ်။