Friday 11 September 2009

မီရှယ်လေးရဲ့  ဘ၀စာမျက်နှာအကျဉ်း (၂)


တွေ့ဆုံကြုံကြိုက်တာ များပြားလာတဲ့အတွက် ကြိုးချင်းထား ကြိုးချင်းညှိ၊ အိုးချင်းထား အိုးချင်းထိ စကားပုံအတိုင်း အိုဗားမားတစ်ယောက် သူမကို အစွဲလန်းကြီး စွဲလန်းနေမိပြီ။ သူလဲ နှလုံးသားရှိတဲ့ လောကီလူသားပေကိုး။

တစ်နေ့မှာ
အိုဗားမားက သူမကို အပြင်ထွက်လည်ဖို့ ပူဆာလာပါတယ်။ အစ ပထမမှာတော့ သူမက
သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမကိုယ်တိုင်ဟာ သူ့ရဲ့  စူပါဗိုက်ဆာ တစ်ယောက်ဖြစ်နေတဲ့ အတွက်ကြောင့်ပါဘဲ။ ဒါပေမဲ့ အိုဗားမားဟာ ဇွဲလျော့သူတစ်ယောက်မဟုတ်ပါဘူး။ ထပ်ခါတစ်လဲလဲ ကြိုးစားချဉ်းကပ်ခဲ့ပါတယ်။ နောက်ဆုံးတော့လဲ (နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ ဆိုသလို) သူမကိုယ်တိုင်က သူ့ကို စွဲလန်းနေမိပါတော့တယ်။ အိုဗားမားရဲ့ မလျော့သော ဇွဲနှင့် အချစ်ပင်လယ်ကို ကူးခပ်ခြင်းကြောင့် မီရှယ်လေးရဲ့  အသည်းနှလုံးလဲ မမာကြောနိုင်တော့ပြီ။ ဒါကြောင့်မို့ တွန့်ဆုတ်တွန့်ဆုတ်ဟန်နဲ့ဘဲ သူမဟာ သူ့ကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။

သူတို့ရဲ့ ပထမဆုံး (Date) အပြင်မှာ ချိန်းတွေ့စဉ်တုန်းက the Spike Lee ရုပ်ရှင်ရုံမှာ Do the Right Thing အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို အတူတူကြည့်ခဲ့ကြပါတယ်။ ရုပ်ရှင်ပွဲအပြီးမှာတော့ အိုးဗားဟာ သူမကို (Community organizing meeting) အစည်းအဝေးတစ်ခုသို့ ဆောင်ခေါ်သွားခဲ့ပါတော့တယ်။ တိုတိုချုံးရရင်တော့ သူတို့နှစ်ဦးဟာ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။

လက်ထပ်ပြီး မကြာမြင့်မီမှာဘဲ မီရှယ်လေးဟာ Law Firm ကထွက်ခွါခဲ့ပါတယ်။ ထို့နောက် ချီကာဂိုမှာရှိတဲ့ non-profit leadership program ဖြစ်တဲ့ Public Allies မှာ အမှုဆောင် ဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိုဗားမားကိုယ်တိုင်ကလဲ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တစ်ဘက်တစ်လမ်းကလဲ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် စွမ်းဆောင်ရင်းပေါ့။

အိုဗားမားဟာ အီလီနွိုက်ပြည်နယ်ရဲ့ အထက်လွတ်တော်အမတ်အဖြစ် ၁၉၉၆ ခုနှစ်မှာ အရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနှစ်မှာဘဲ မီရှယ်လေးဟာလဲ ချီကာဂိုတက္ကသိုလ်မှာ ကျောင်းသားရေးရာအဖွဲ့အစည်းရဲ့  တွဲဖက် မဟာဌာနမှူးဖြစ်ခဲ့ပြီး တက္ကသိုလ်ရဲ့ ပထမဦးဆုံး အဖွဲ့အစည်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ ချီကာဂိုမြို့တော်ဝန် ရစ်ချတ်ဒလေရဲ့  လက်ထောက်တာဝန်နှင့် မြို့တော်တိုးတက်ရေးအဖွဲ့မှာလဲ လက်ထောက် ကော်မစ်ရှင်နာ တာဝန်ကိုယူကာ မြို့တော်အစိုးရအတွက် နှစ်အနည်းငယ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အိုဗားမားနှင့်မီရှယ်လေးတို့ဟာ ကလေးရဖို့အတွက် ၇ နှစ်နီးပါး စောင့်မျှော်ခဲ့ရပါတယ်။ ပထမသမီးဖြစ်တဲ့ မလိယအန်း (Malia Ann)ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယသမီးဖြစ်တဲ့ နတရှ (Natasha [ often called "Sasha"])ကို နှစ်နှစ်အကြာ ၂၀၀၁ နှစ်မှာ မွေးဖွားခဲ့ပါတယ်။


(ဆက်လက်တင်ပြပါ့မယ်)

....

5 comments:

လင်းကြယ်ဖြူ said...

အော်...
ဂလိုလား
မှတ်ထားမယ်
ဆက်ဖတ်နေမယ်..
ဗဟုသုတရတယ်..
ပျော်ပါစေ...ကို အို Burma အဲ ကိုပန်း..

Anonymous said...

gd..

thanks for sharing.



SUU

ခြေလှမ်းသစ် said...

သူတို့ဇတ်လမ်းလေးက အဆန်းလေးနော် ဖတ်ကောင်းပါ့ဗျာ

Dream said...

မက်မက်ကိုလဲ မီရှဲလ်လေးနဲ့ အင်တာဗျူးဖို့ မိတ်ဆက်
ပေးနော်...အဟီးးးး

ဖတ်သွားပါတယ်..ဆက်ရန်ကို မြန်မြန်တင်ပေးပါ..
ဒါပဲ... ဟွန့်...မြ၀တီက ပြတဲ့ကိုရီးယားကို
ကြည့်ရတာကြနေတာပဲ..ဆန့်တငန့်ငန့်နဲ့...

စောင့်ဖတ်နေမယ်နော်...

မိုးစက်အိမ် said...

အော် လက်စသတ်တော. မီရှယ်လေးက အိုဘာမားရဲ.
စူပါဗိုက်ဆာ ကိုး ခုမှ ဇာတ်ရည်လည်တယ် ....