Sunday 13 September 2009

အချစ်မူပိုင်



ဖောင်းပွနေတဲ့ခေတ်ရေစီးထဲ
ဒွါဒရာတွေ သိပ်သည်းနေပေမဲ့
အပိုတန်ဆာတွေအတွက်ဆို
သုညတွေ တနင့်တပိုး
ကို့ရင်ထဲ တိုးဝှေ့နေဆဲပါ။


ကျီစယ်မှု မျက်နှာဖုံးက
မြောက်ပြန်လေနဲ့အတူ
ခယ၀တ်စင်းလေတော့
အပြင်မှာ အေးစပြုလာပေမဲ့
ရင်မှာ မီးတောက်စပြုနေပြီ။


နှစ်ကိုယ်တူ နိယာမတွေက
လူမှုရေး ၀တ်ရုံလွှာအောက်
လငပုပ်ဖမ်းနေသယောင်ယောင်။


အမှန်တရားကို
သစ္စာနှင့်ထပ်တူပြုလို့
အထက်လွတ်တော်မှာတောင်
ကို ကျမ်းကျိန်ရဲတယ်။


"တစ်ထည်ထဲဘဲ ကို ၀တ်ချင်တယ်"


....

6 comments:

နှင်းနဲ့မာယာ said...

မူပိုင်ရှင်ကြီးရေ
တစ်ထည်တည်းတော့ မလုပ်နဲ့လေ...
ဟဲဟဲ စတာပါ...
တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ပေါ့လေ
အရမ်းကို ကောင်းပါတယ်....
အမြဲတမ်း မူပိုင်ခွင့်ရပါစေ...
နှင်း

ခြေလှမ်းသစ် said...

အောက်ဆုံးအပိုဒ်လေးအ အမိုက်စားလေးဗျ ... တကယ်ပဲ အထက်လွှတ်တော်မှတောင် ကျမ်းကျိန်ရဲတယ် ဆိုပဲ ...

khun said...

မင်္ဂလာပါရှင်
ပထမဆုံးလာလည်တာပါ။ကဗျာလေးလည်း
ဖတ်သွားပါတယ်။
ခွန့်မွေးနေ့ဆုတောင်းပေးတာကျေးဇူးပါနော်။

မိုးစက်အိမ် said...

စကားလုံးတွေ သုံးတာမိုက်တယ် အစ်ကိုရာ
တစ်ထည် တည်းဘဲဝတ်ပါ အစ်ကို ... :)

နွေဆူးလင်္ကာ said...

တစ်ထည်ထဲဝတ်မယ်ဆိုလည်း လုံလုံခြုံခြုံတော့ ၀တ်နော် ..

လင်းကြယ်ဖြူ said...

ဝတ်ပါဝတ်ပါ
လျှော်တော့လျှော်လျှော်ပေးနော..(နောက်တာ)
ဒါဝင်သီရိုရီ..အောင့်မေ့ခြင်း
ဒါဝတ် သီရိုရီ အသစ်က လန်းတယ်ဗျာ..
ပျော်ပါစေ..း)