Saturday 12 September 2009

မီရှယ်လေးရဲ့  ဘ၀စာမျက်နှာ အကျဉ်း (၅) ဇာတ်သိမ်း


အခုဆိုရင် မီရှယ်လေးဟာ အမေရိကန်နိုင်ငံရဲ့  (First Lady) သမ္မတကတော်တစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမဟာ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ရှေ့ နေတစ်ယောက်၊ လှုပ်ရှားယှဉ်ပြိုင်နေသူတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ ပထမဦးဆုံး စတိတ်ခုံပေါ်တက်ခွင့်ရတဲ့ အချိန်ကစပြီး သူမရဲ့  ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်၊ ခြေဆုံးခေါင်းဆုံးကြည့်ကောင်းတဲ့ ဥပဓိရုပ်ရည်၊ ထူးခြားတဲ့ ဟာသဥာဏ်ရှိမှုတွေက ကမ္ဘာတစ်ဝှမ်းလုံးကို အာရုံပြုဖမ်းစားစေခဲ့ပါတယ်။

သမ္မတကတော်ရဲ့ သမိုင်းဝင်စေမဲ့ အထောက်အထားတွေဟာ ရံခါ ငြင်းခုံမှု၊ ရံဖန် ဆွဲဆောင်မှု၊ တစ်ခါတစ်ရံ ရယ်ရွှင်ကြည်နူးဖွယ်ဖြစ်မှုတွေနဲ့ ရောပြွမ်းနေပါတယ်။ အဲဒါတွေကဘဲ သူမဘ၀ရဲ့  အလင်းတန်းလေးကို ဖော်ဆောင်လို့နေပါတော့တယ်။

သူမဟာ မိန်းမသားပေမဲ့ တစ်ကြိမ်ထဲနဲ့ တာဝန်များစွာကို ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ အိမ်ဖြူတော်မှာရှိတဲ့ သူမရဲ့  အခန်းကဏ္ဍ၊ သူမရဲ့  ကိုယ်ပိုင် အလုပ်အကိုင်၊ မိခင်အဖြစ်၊ ရှေ့ နေ၊ သူမကိုယ်တိုင်ရဲ့  အထွေထွေပြဿနာ.... စတဲ့ စတဲ့ လုပ်ငန်းပေါင်းများစွာ၊ စိတ်လှုပ်ရှားမှုများစွာ၊ တက်ကြွမှုများစွာတို့ဟာ
သူမရဲ့ အလှ၊ သူမရဲ့ ဘ၀၊ သူမရဲ့  စိတ်ဓါတ်တို့ကို ထုတ်ဖော်ပြသနေပါတော့တယ်။
ဒါကြောင့် လူအများက သူမကို အဆင့်မြင့်မိန်းမသား (Extraordinary Woman) လို့ ကင်မွန်းတပ်ထားကြကြောင်းပါခင်များ။ ။
....


သူမပြောခဲ့တဲ့ စကားတစ်ချို့ ပါ

"The world is as it is just won't do......
we have an obligation to fight for the world as it should be.."


ငါတို့မကြိုးစားရင် ကမ္ဘာကြီးက ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး...
ကမ္ဘာကြီးအတွက် ဖြစ်သင့်တာတွေဖြစ်လာအောင် ငါတို့ကိုယ်စီမှာ ကြိုးစားလှုပ်ရှားကြဖို့ တာဝန်အသီးသီးရှိကြတယ်...
....


"The difference between me and every other woman
that I know is that my challenges are publicized,
and I'm doing this juggling in front of cameras"


ကျမသိတဲ့ ကျမနှင့်အခြားအမျိုးသမီး ခြားနားမှုကတော့
ကျမက လူသိရှင်ကြားစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်၊
ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ကင်မရာများစွာ ရှေ့ မှာ လုပ်ကိုင်နေရတယ်...
....


Give yourself the space to think about
who you are, who you want to be....


သင်ဘယ်သူလဲ၊ သင်ဘာဖြစ်ချင်သလဲ ဆိုတာကို
စဉ်းစားတွေးခေါ်ဖို့ သင့်ကိုသင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပါ...
....



သတင်းစာအသီးသီးကလဲ သူမကို အခုလို ဖော်ကျူးထားကြလေရဲ့ 

"The dresses, the brains, the Vogue cover shoot-everything so far
about Michelle Obama has left us wide-mouthed in admiration"
(The Times)

မီရှယ်ရဲ့ ဝတ်စားဆင်ယင်မှု၊ ဥာဏ်ပညာရှိမှု၊
သတင်းမီဒီယာတွေရဲ့  စိတ်ဝင်စားခံရမှုတို့ဟာ
ကျနော်တို့ကို ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင် လေးစားမြတ်နိုးမှု ဖြစ်စေပါတယ်။
...


"She is the prime witness to Obama the human being
rather than Obama the political phenomenon"
(Guardian)

သူမဟာ နိုင်ငံရေးသမား အိုဗားမားထက်
လူသားတစ်ဦးဖြစ်တဲ့ အိုဗားမားရဲ့  အဓိကသက်သေတစ်ယောက်ပါ..
...


"A key player in Barack Obama's historic White House triumph" (Daily Mail)

သူမဟာ အိုဗားမားရဲ့  သမိုင်းဝင် အိမ်ဖြူတော်အောင်ပွဲအတွက်
အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။

....

ဝန်ခံချက်။
ဖော်ပြပါ အားလုံးဟာ Michelle Obama in her own words စာအုပ်ထဲမှ သူမရဲ့  အတ္ထုပ္ပတ္တိအကျဉ်းနှင့်စကားစုအချို့ ကို အနီးစပ်ဆုံးဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ဘာသာပြန်သူ ကျနော့်ရဲ့  ဥာဏ်နည်းမှုကြောင့်သာ ဖြစ်ပါတယ်။

အားလုံး ကြည်လင်ရွှင်ပြုံးနိုင်ကြပါစေ။ ။



....

4 comments:

ခြေလှမ်းသစ် said...

သူမရဲ့  အကြောင်းအရာကို ဒီပိုစ့်ကနေ တဆင့်ဖတ်လိုက်ရလို့ ကျေးဇူးတင်ရှိပါတယ်

မိုးစက်အိမ် said...

ဇာတ်သိမ်းလေး လာဖတ်တယ် အကိုရေ ...
တကယ်ကောင်းတဲ. ဗျာ ဒါကြောင်.လည်း အသွင်တူ
အိမ်သူ ဖြစ်နေတယ် ထင်တယ်ဗျာ :)

htar* said...

အခုလို ဘာသာပြန်ပြီး အများသိရအောင် မျှဝေပေးတာကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။ အစမှ အဆုံးဝင်ဖတ်ပြီး ထားထားတို့ရဲ့ ကျောင်းဆိုက်ဒ်ကလေးမှာ သူငယ်ချင်းတွေ အဖွဲ့ဝင်တွေကို ဖတ်စေချင်မိတာကြောင့် ကူးယူမျှဝေပါရစေလို့ ခွင့်တောင်းပါတယ်နော်။ မူရင်း ဆိုက်ဒ်လိပ်စာနဲ့ အတူမျှဝေမှာမို့ ခွင့်ပြုမယ် ထင်ပါတယ်နော်။း))

သူကြီးမင်း (တုံးဖလား) said...

ခွင့်ပြုပါတယ် ထားရယ်။ မျှဝေပေးလို့ ပိုတောင် ကျေးဇူးတင်ရဦးမှာပါ။

ထားတို့အားလုံးလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ တောင်းဆု ပြုပေးလိုက်ပါတယ်။ ။