Friday 11 September 2009

မီရှယ်လေးရဲ့ ဘ၀စာမျက်နှာ အကျဉ်း (၃)



ကလေးတွေ မရခင်ကတည်းက အိုဗားမားနှင့်မီရှယ်လေးတို့ဟာ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်။ နေ့စဉ် ညနေစာကို မိသားစု စုံစုံလင်လင် ပျော်ရွှင်စွာ အတူတကွစားသောက်ကြဖို့ပေါ့။ ဒါပေမဲ့ အိုဗားမားဟာ နိုင်ငံရေး စတင်လုပ်တဲ့ အချိန်ကစပြီး ညပေါင်းများစွာ မိသားစုနဲ့ ဝေးရာမှာ နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့  စံပြမိသားစုဘ၀ပုံစံလေးက လမ်းတစ်ဝက်မှာတင် ပြိုလဲခဲ့ရပါတယ်။

အဲဒီလို အခြေအနေမှာ မီရှယ်လေးတစ်ယောက်ဟာ သူအမျိုးသားက ကတိအတိုင်း ဘ၀ကို မဖြတ်သန်းဘူး (ကတိမတည်ဘူး) ဆိုပြီး စိတ်မချမ်းမမြည့်ဖြစ်နေလေရဲ့ ။ အဲဒီလို အိုဗားမား အိမ်မကပ်တာ၊ မီရှယ်လေး စိတ်ဆင်းရဲနေတာတွေဟာ သူတို့ရဲ့  မိသားစုအတွင်း အချင်းချင်း မပြေလည်မှုတွေကို နှစ်အတော်များများ ဖြစ်ပွါးစေခဲ့ပါတယ်။

မီရှယ်လေးက သူမဖာသာ စဉ်းစားနေမိတယ်။ ငါ ဘယ်လို ဘ၀မျိုးကို ရရှိနေပါလိမ့်ပေါ့။ ဒါပေမဲ့ သူမဟာ သူမအမေနှင့်သူမရဲ့  မိန်းခလေးသူငယ်ချင်းတွေရဲ့  ကူညီမှုကို ရရှိခဲ့ပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ပေါ့။ အဲဒီ အခါကျမှဘဲ အိုဗားမားနှင့်မီရှယ်လေးတို့ရဲ့ အပေါ် ကျရောက်နေတဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ သက်သာသွားစေပါတယ်။ သူတို့ရဲ့  အိမ်ထောင်ရေးဘ၀ဟာလဲ တစ်ဖန်ပြန်လည် သာယာစိုပြေခဲ့ပါတယ်။

မီရှယ်လေးရဲ့  ဘ၀ကမ္ဘာလေးဟာ သူမအမျိုးသားအတွက်နှင့်ကလေးတွေအတွက် စီမံမှုတွေနဲ့ဘဲ အချိန်ကုန်ခဲ့တာ များပါတယ်။ နေ့စဉ် သူမရဲ့ ကလေးတွေဖြစ်တဲ့ မာလိယ နှင့် နတရှတို့အတွက် ကစားဖို့အချိန် စားဖို့အချိန်စတာတွေကို သေချာစာရင်းပြုစုပြီး အချိန်စာရင်းဆွဲရပါတယ်။ မီရှယ်လေးဟာ ညအခါမှာ ကိုးနာရီခွဲအိပ်ရာဝင်လေ့ရှိပြီး မနက် လေးနာရီခွဲမှာ အိပ်ရာက ထလေ့ရှိပါတယ်။ မိသားစုအရေး ကြိုတင်စီမံမှုတွေအတွက် အနည်းဆုံး တစ်နာရီ အချိန်ပေးရပါတယ်။

သူတို့ကို ရှောင်တခင်လေ့လာသူတွေအနေနဲ့ကတော့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဒဏ္ဍာရီဆန်ဆန် ဆန်းပြားနေသလို ထင်ရပါတယ်။ သူတို့နှင့်အရင်းနှီးဆုံး သူငယ်ချင်းတွေတောင်မှ သူတို့ရဲ့  အိမ်ထောင်ရေးဘ၀ကို မျက်စိခပ်လည်လည်ဖြစ်နေကြလေရဲ့ ။ တစ်ချို့ သူတွေက သူတို့ရဲ့ မိသားစုကို မီရှယ်လေးကဘဲ ကြိုးကိုင်နေတယ်လို့ ထင်မြင်ချက်ပေးကြတယ်။ဒါပေမဲ့ အခြားသူတွေပြောဆိုကြတာကတော့ သူတို့နှစ်ယောက်ဟာ သာတူညီမျှပေါင်းဖော်ကြတဲ့ စုံတွဲပါ၊ တကယ်လို့ သမ္မတရာထူးဟာ မီးရှယ်လေးအတွက် မဟုတ်ခဲ့ဘူးဆိုရင် အိုဗားမားတစ်ယောက် အမေရိကန်သမ္မတဖြစ်လာစရာ အကြောင်းမရှိပါဘူးတဲ့။

၂၀၀၄ ခုနှစ်မှာ အိုးဗားဟာ အရှိန်အဟုန်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။ အထက်လွတ်တော်အမတ်ရာထူးအတွက် ကြိုးစားရင်း အမျိုးသားဒီမိုကရက်တစ်ညီလာခံမှာ ပြောခဲ့တဲ့ အထူးမိန့်ခွန်းကြောင့်ဘဲဖြစ်ပါတယ်။
သူ့ရဲ့ မိန့်ခွန်းက ပြည်သူလူထုတွေရဲ့ စိတ်ကို ထိထိရောက်ရောက် ဖမ်းစားနိုင်တယ်ဆိုပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကူညီပေးခဲ့တာက မီရှယ်လေးပါ။ မီရှယ်လေးမှာ လုပ်ငန်းရာထူးနဲ့ပတ်သက်ပြီး မိတ်ဆွေသူငယ်ချင်းတွေ များစွာရှိခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ အပါအ၀င်ပေါ့။ ဒါကြောင့်မို့ အဲဒီလုပ်ငန်းရှင်တွေ လူမည်းစီးပွါးရေး ခေါင်းဆောင်တွေက အိုဗားမားကို အပြတ်အသတ်ထောက်ခံခဲ့ကြပါတယ်။ အိုဗားမားကိုယ်တိုင်မှာ မိတ်ဆွေတွေ ပေါများတယ်ဆိုပေမဲ့ အများစုထောက်ခံမဲ ပေးကြသူတွေအနေနဲ့ မီရှယ်လေးရဲ့  မိတ်ဆွေတွေက ပိုများပါတယ်။

(ဆက်လက်ဖော်ပြပါ့မယ်)


.....

1 comment:

မိုးစက်အိမ် said...

ဒါဆို အိုဘာမား သမတ ဖြစ်တာ မီရှယ်လေး ရဲ.
စွမ်းဆောင်ချက်တွေလည်း ပါတာပေါ. ဟဲဟဲ