Wednesday 29 March 2017

အကျဉ်း

ကိုယ့်ဘာသာ သရမ်း
ကိုယ့်ကိုကိုယ် ဖမ်းပြီး
ကိုယ့်အခန်းတွင်းမှာ
ကိုယ့်ဟာကိုယ် အကျဉ်းချထားလိုက်တယ်။
ဒီအခင်းအကျင်းဟာ
မင်းနဲ့လဲ မဆိုင်
ဘုရင်နဲ့လဲ မဆိုင်
ပြည်သူနဲ့လဲ မဆိုင်
ဘယ်သူနဲ့မှ မဆိုင်
ကိုယ်ပိုင် ဇာတ်အတွင်းက
ကိုယ်ပိုင် ဇာတ်အခင်းတွေပဲဖြစ်တယ်။
ကိုယ်တိုင် တရားခံ
ကိုယ်တိုင်ပဲ တရားသူကြီး
အမှုကြီးနေပေမဲ့
တစ်ခုပြီးတစ်ခု ချေပပေးမယ့်
ဘယ်ရှေ့နေမှလဲ မလိုဘူး။
ကိုယ်တိုင် စွဲချက်တင်
ကိုယ်တိုင်ပဲ သုံးသပ်
ပြီးတော့
ကိုယ်တိုင်ပဲ ဆုံးဖြတ်
ဘယ်သူ့မှ အမှု မပတ်စေရဘူး။ 
ကိုယ့်ဘာသာ သရမ်း
ကိုယ့်ကိုကိုယ် ဖမ်းပြီး
ကိုယ့်အခန်းတွင်းမှာ
ကိုယ့်ဟာကိုယ် အကျဉ်းချထားလိုက်တယ်။
"""ဂလောက်"""

(၂၈ မတ်လ ၂၀၁၇)

No comments: