Wednesday 29 March 2017

(နေ့လည်စာ)


အပူပြင်းပြင်း
ချဉ်ပေါင်ဟင်းနဲ့
ထမင်းကိုသုပ်
ကြက်ဥပြုတ်ပြီး
ငရုပ်သီးထောင်း
ထိုဟင်းကောင်းကို
ထောင်းထောင်းညက်ညက်
ဝါးချေဖျက်သည်
ချွေးထွက်ယိုစီး တဒီးဒီး။
.
တွင်းပူပြင်ပူ
ထမင်းပူ၍
ဟင်းပူကိုစား
ငရုပ်များဖြင့်
တအားစားဝင်
ဗိုက်ပြည့်အင်သည်
ချွေးလျှင်ဗျင်းဗျင်း ထွက်သတည်း။
(၂၇ သြဂုတ်လ ၂၀၁၆)

No comments: