Wednesday 29 March 2017

တုမရ



တိမ်ညိုကြွေလွှင့်
နေခြည်ပွင့်၍
ပြာရင့်ကောင်းကင်
အာကာပြင်၌
ပျံသင်ငှက်ငယ်
လှသွေးကြွယ်သည်
ရေးခြယ်ပန်းချီ
တုမမှီတည်း။
.
ဝနာမြိုင်ဘုံ
သစ်ပင်စုံတို့
ဖူးငုံထိုးထွက်
ကိုင်းဖျားထက်မှ
ရွက်နုဝေဖြိုး
အလှတိုးသည်
တဂိုးစာဆို
ထိုင်၍ငိုရှင့်။
.
စိတ်ညစ်ကြွေလွှင့်
စိတ်ကောင်းပွင့်၍
စိတ်ဖြင့်ကြည်နူး
စိတ်အထူးနှင့်
စိတ်ကူးဖုံဖုံ
ကုသိုလ်စုံသည်
ဘယ်ဘုံဌာန
တုမရတည်း။

(၂၃ မတ်လ ၂၀၁၇)

No comments: