Wednesday 29 March 2017

စောစောအိပ်သင့် မသင့်

နာရီရှစ်ချက်
ဆောင်းနံနက်၌
နေထွက်ပေါ်လာ
ညနေခါဝယ်
လေးနာရီပင်
ထိုးသေးခင်ဝယ်
နေ၀င်မိုးချုပ်
စုံးစုံးမြှုပ်၍
ဘာလုပ်ဘာကိုင်
ဘယ်ထိုင်ဘယ်ငေး
ဘာတွေးဘာမျှော်
ဘယ်ခေါ်ဘယ်သွား
ဘာစကားဖြင့်
ဘယ်နားသွားပြော
ထိုင်လျှက်မောသည်
စောစောအိပ်သင့် မအိပ်သင့်။


(၃၁ ဒီဇင်ဘာ ၂၀၁၆)

No comments: