Wednesday 29 March 2017

ဗောဓိပင်ပျိုး

ရွာတုံးဖလား၊ ထက်ဖျားမြန်ခွင်
စေတီဘုရား၊ တည်ထားလိုအင်
ဗောဓိပင်နှင့်၊ ဆင်သင့်မြင်ချင်
သူကြီးမင်း၊ မျှော်ခြင်း ဗောဓိပင်။
စင်္ကာပူရ၊ ကျွန်းလှမြေပြင်
ဂျစ်တူးမည်ရ၊ မုံရွာ့နွယ်ဝင်
တောင်းပန်လျှောက်ထား၊ ထေရ်များအရှင်
သဒ္ဓါပြည့်၊ ထိုသည့်ဗောဓိပင်။
လှတောနာမ၊ ထေရအရှင်
ဂယာဗုဒ္ဓ၊ ပင့်ကြွယူငင်
ပင်ပျိုဗောဓိ၊ ပီတိရွှင်ရွှင်
ပေးချီးမြှင့်၊၊ ရှူချင့်ဗောဓိပင်။
ဂယာဗုဒ္ဓ၊ ထိုမှယူငင်
ရန်ကုန်နဂရ၊ မြန်းကြွနေအင်
မန်းဌာနေသို့၊ ဆောင်ပို့ပျော်ရွှင်
ခရီးဆက်၊ အောင်ချက်ဗောဓိပင်။
မန္တလာမှ၊ ထပ်ကြွလေလျှင်
ရွှေတုံးမြေက၊ အားရပျော်ရွှင်
ပင်ပျိုမြင်လတ်၊ စိတ်ဓါတ်ကြည်လင်
ရွာဦးကျောင်း၊ ကိန်းအောင်းဗောဓိပင်။
ရက်ကောင်းကိုရွေး၊ စုဝေးလူရှင်
ရိုသေမှုပေး၊ စိုက်ရေးပြင်ဆင်
ကျောင်းရာမ်အတွင်း၊ စိုက်သွင်းမြေပြင်
နိမိတ်ဖတ်၊ ပင်မြတ်ဗောဓိပင်။ ။

(၁၂ အောက်တိုဘာ ၂၀၁၄)

No comments: