Wednesday 29 March 2017

မွေးနေ့

လူကကြီးပြီး
စိတ်က ငယ်နေတယ်။
စိတ်ကြီးဝင်အောင်
ကြိုးစားရဦးမယ်။
တနေ့နေ့ တချိန်ချိန်
စိတ်ကြီးဝင်နေပြီး
အပြုံးအရယ်မဲ့နေတဲ့
သူကြီးကို
တနေရာရာမှာ တွေ့ရင်
ငြိုငြင်ကြလေမလား။
မငြိုပါနဲ့ကွယ်
မငြင်ပါနဲ့ကွယ်
လူကြီးလုပ်တမ်း ကစားချင်သေးတယ်။
မသေကြသေးရင်တော့
အိုမင်းရင့်ရော်ချိန်ရောက်တဲ့အခါ
သူငယ်အတူတူပြန်ကြသေးတာပေါ့။
အဲဒီအခါကျ
ဖဘထက် ပိုပေါကောင်းတဲ့
ဆော့ဝဲတွေ ပေါ်ချင်ပေါ်နေတော့မှာ။
(၁၀ သြဂုတ်လ ၂၀၁၆)

No comments: