Wednesday 29 March 2017

ရွက်ထီးမိုး

မရည်စိမ်းသား၊ စိန်စီထားသို့ 
စွံ့ကားရွက်ဖြာ၊ ဘယ်ဆီညာဝယ်
စိမ်းပြာညိုနွဲ့၊ တသွဲ့သွဲ့တည်း။
.
ဘုန်းဖွဲ့တေးသံ၊ တညံညံဖြင့်
သီဟန်မြည်ကျူး၊ ဆောင်းအဦး၌
ထူးမြတ်ရူပ၊ မြတ်ဗုဒ္ဓအား
တုပ်ကွရိုကျိုး၊ ရွက်ထီးမိုးသည်
ရှိခိုးမှာလား မခိုးလား။


(၇ အောက်တိုဘာ ၂၀၁၆)

No comments: