Wednesday 29 March 2017

(အမြင်)

အကြည့်ချင်းတူ
ကြည့်ရပ်တူလဲ
မြင်သူကွဲပြား
မတူငြားဘူး။
.
ထင်ရှားရုပ်သွင်
ရှုကွင်းပြင်ကို
ကြည့်မြင်သူသာ
အခရာတည်း။
.
ငါငါ အစွဲ
ကြည့်တလွဲဖြင့်
ကြည့်မြဲကြည့်သူ
ကြည့်တတ်သူသည်
တိမ်မြူညစ်ထင်း
မြင်မရှင်းရှင့်။
.
ဖောက်ထွင်း အ၀ိဇ္ဇာ
အတ္တ ငါနှင့်
တဏှာခွါချ
ကြည့်တတ်မှလျှင်
မှန်စွ အမြင်
လွန်သန့်စင်သည်
အသင် မည်သို့ ကြည့်မည်နည်း။
.
သူကြီးမင်း (10 Sept 2016 03:13pm)

No comments: