Thursday 9 April 2009

ပိယေဟိ အပ္ပိယေဟိ

ကျနော်လဘက်ရည်ခပ်ကျကျ အရမ်းကြိုက်တယ်။
ဒါပေမဲ့
မုန်းတဲ့သူရဲ့  မျက်နှာကိုကြည့်ပြီး လဘက်ရည်သောက်ရတာထက်
ချစ်သူ့မျက်နှာကိုကြည့်ပြီး အဆိပ်တစ်ခွက်သောက်ရတာကို ပိုခုံမင်တယ်။


ကျနော် ဟာသအရမ်းကြိုက်တယ်။
ဒါပေမဲ့
မနှစ်သက်တဲ့သူရဲ့  ပြက်လုံးကောင်းကောင်းထက်
နှစ်သက်သူရဲ့  ရိုးရိုးစကားလုံးလေးကိုဘဲ ရယ်မောချင်တယ်။


ကျနော် ခရီးသွားရတာ အရမ်းဝါသနာပါတယ်။
ဒါပေမဲ့
မလိုလားသူနှင့် လှပသာယာကြည်နူးဖွယ်ကောင်းတဲ့ ဥယျာဉ်ကြီးထဲ အလည်အပတ်သွားရတာထက်
လိုလားသူနှင့်ပန်းခြံငယ်ထဲ လျောက်လည်ရတာကို ပိုကြည်နူးတယ်။


ကျနော် စကားလုံးချိုချိုလေးတွေကို အရမ်းမြတ်နိုးတယ်။
ဒါပေမဲ့
မာယာများသူရဲ့  ကြင်ကြင်နာနာစကားလုံးလှလှလေးတွေကို နားထောင်ရတာထက်
ရိုးသားသူရဲ့  တဗျစ်တောက်တောက် စကားလုံးလေးတွေကို ပိုမက်မောတယ်။


ကျနော် အိပ်မက်လှလှလေးတွေကို အရမ်းမက်ချင်တယ်။
ဒါပေမဲ့
လှည့်ပတ်လှည့်စားတတ်သူနှင့်အတူ အိပ်မက်ကောင်းကောင်းမက်ရတာထက်
ဖြူစင်သူနှင့်အတူ အိပ်မက်ဆိုးမက်ရတာကို ပိုတမ်းတမိတယ်။

.....

1 comment:

မသက်ဇင် said...

"ပိယေဟိ အပ္ပိယေဟိ"
ဘဝ နဲ့ ဆန္ဒ တထပ်တည်းကျပါစေ--