Wednesday 1 April 2009

အေပရယ်ဖူးလ်မှာ....

သတင်းအမှန်အကန်ပုံစံနဲ့
ဒဏ်ရာအရမ်းပြင်းထန်ပြီး
မိတ်ဆွေသူငယ်ချင်းတစ်ယောက်
အတွင်းလူနာအဖြစ်နဲ့နေရတယ်
(ဆေးရုံကို) အလည်လာခဲ့ပါဦး တဲ့။

စိတ်တွေပူပြီး ရတက်မအေးလို့
ဆေးရုံကို တကယ်သွားမယ်ကြံတော့မှ
သူတို့ ၀ိုင်းဟားတာ ခံခဲ့ရတယ်
မှတ်ထားကွယ်
အေပရယ်ဖူးလ်တဲ့။

အေပရယ်မတိုင်ခင်တစ်ရက်
မနက်ဖန်ဆို အေပရယ်ပေါ့
နွယ်ဆိုတဲ့ သူငယ်ချင်းနဲ့
အေပရယ်ဖူးလ် အကြောင်းပြောရင်း
ဟောင်းအတိတ်ဆီက အေပရယ်မှာ
သူ တကယ် အရူးလုပ်ခံခဲ့ရတယ်တဲ့။

အခုလဲ
အကိုရေ... တကယ်ပြောမယ်ဆိုပြီး
ကြယ်ဖြူစင်တစ်ယောက်
လင့်ခ်လေးတစ်ခုကို ကောက်ရေးကာ
မြန်မာအရောက် ဖုန်းအခမဲ့ ခေါ်လို့ရနေပြီ
ဒီနေ့တစ်နေ့ထဲဘဲနော်တဲ့။

လင့်ခ်လေးထဲ ၀င်ကြည့်ပြီး
မမြင်တွေ့ရတာကြာပြီဖြစ်တဲ့
ရွှေမြန်မာကချစ်သူလေးရဲ့  နံပါတ်ကို ကောက်နှိပ်
ထိတ်ကနဲဖြစ်သွားတဲ့စိတ်နဲ့အတူ
တိတ်တိတ်ကလေး တစ်ခြားဘက် လှစ်ကူးရင်း
(ကျနော်လဲ)
အေပရယ်ဖူးလ်မှာ အရူးလုပ်ခံလိုက်ရပြီ။

.....

1 comment:

မသက်ဇင် said...

အေပရယ်ဖူးလ်မှာ အရူးလုပ်ခံလိုက်ရပြီ။
ကဗျာဖြစ်လာသေးတယ်တော်--
တော်လိုက်တာ--