Monday 4 April 2011

အထုပ်ကလေး ဖြေကြည့်ရာဝယ် မှ အဆက်


ထိုအခါ ကိုခင်အေးသည် သူ့အား မျက်နှာ စပ်ဖြဲဖြဲဖြင့်.....

"တရုတ်သူဋ္ဌေးရေ..
အထုပ်ကလေးအကြောင်း
အဟုတ် မမေးနဲ့
အဲဒါ... ချုပ်ထေးဗျ
ဟ ဟ ဟ ဟ ဟ"

ဆိုပြီး ကာရန်နဘေလေးဖြင့် ရယ်သွမ်းပြောဆိုလေတော့သည်။ "ဟာ... ခင်များကလဲ အတည်မေးနေတာဗျ။ သေချာ ရှင်းပြစမ်းပါဦး" ဟု မျက်နှာတည်တည်ဖြင့် သူ မေးလိုက်တော့မှ ကိုခင်အေးက....

"ဒီလိုဒီလို ကိုကိုမောင်ရေ့..... ဒို့အဆောင်မှာ မီးမလာတာ သုံးလေးရက်ရှိပြီဆိုတာ မင်းလဲ သိတာဘဲလေ။ မီးမလာတော့ ရေမလာဘူးပေါ့ကွာ။ ရေမလာတော့ သုံးရေအတွက် အဆင်မပြေတော့ဘူးပေါ့။ သောက်ရေကတော့ ထားပါတော့ ရေသန့်ဝယ်သောက်နေကျမို့။ ဒီတော့ ရေချိုးခန်း အိမ်သာထဲ ရေပြတ်နေတာ ကြာပြီလေ။ ပြီးတော့လဲ မင်းသိတဲ့အတိုင်းဘဲ ငါတို့ အားလုံး သုံးနေတဲ့ အိမ်သာက ဗိုလ်ထိုင်အိမ်သာတွေလေကွာ။ ရေမရှိရင် သုံးရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီတော့ ရေအိမ်ခန်းထဲ အနံ့အသက်တွေ လှိုင်နေမှာစိုးလို့ အိမ်သာသွားချင်တဲ့အခါ ကျွတ်ကျွတ်အိတ်ကို အိမ်သာကြွေခွက်ထဲ ဖြန့်ခင်းလိုက်ပြီး အခင်းသွားလိုက်တာဘဲ။ ကိစ္စ၀ိစ္စအားလုံးပြီးတဲ့အခါ ကျွတ်ကျွတ်အိတ်ကလေးကို သေချာထုပ်လိုက်ပြီး ပန်းခြံထောင့်နားက ပုဏ္ဍရိက်ပန်းရုံအောက် သွားပစ်လိုက်တာလေ။ ခွေးတွေက ပန်းခြံထဲ လာပြီး အစာရှာ စားနေကျဆိုတော့ ပိုအဆင်ပြေသွားတာပေါ့ကွာ။ ဟား ဟား ဟား။ မှတ်ထားလိုက်ဦး ကိုကိုမောင်ရေ့.. အဲဒါ ယတြာထုပ်မဟုတ်ဘူး။ ချုပ်ထေး.. ချေးထုပ်ပါကွ။ ဟ ဟ ဟ ဟ ဟ"

ဆိုပြီး လုံးစေ့ပတ်စေ့လည်အောင် ရှင်းပြရင်း အားရပါးရ ရယ်မောနေလေတော့သည်။

"အော်..... သူ့အထုပ်က အညံ့တွေ ပျောက်အောင်လုပ်တဲ့ ယတြာထုပ် မဟုတ်ဘဲ အနံ့တွေ ပျောက်အောင်လုပ်တဲ့ ချေးထုပ်ကြီး ဖြစ်နေပါတော့လား"

ဟု စဉ်းစားပြီး သူဝီရိယရှိစွာ စောင့်ကြည့်ခဲ့ရသည့် မနက်ခင်းလေးများကို နှမြောတသမိရင်း ကိုခင်အေး အခန်းထဲမှ ပြန်လာပြီး သူ့အခန်းထဲ ၀င်ရောက်ကာ ထုံးစံအတိုင်း ဘရိတ်ဖာ့စ်တ်ကို ဖြိုသလစ် ဖြစ်သလို မစားချင့်စားချင့် စားပြီး အဆုံးသတ်လိုက်လေသည်။ ထိုအခိုက် သူ့ဗိုက်ထဲက စစ်ကနဲ နာကျင်လာသည်။ တစ်ရစ်ရစ် တက်လာသည်။ ဒါဆို သေချာပြီ။ သူလဲ အိမ်သာ သွားချင်နေပြီ။

ပရိသတ်ကြီးက မေးကောင်း မေးနိုင်သည်။ "ကိုကိုမောင်ရေ... ခင်များက ကိုခင်အေး အကြောင်းကိုသာ ရေးပြီး ခင်များ အကြောင်းတော့ မရေးဘူး။ အဲဒီလို မီးမလာတဲ့အခါမှာ ခင်များကကော ဗိုက်ပြဿနာကို ဘယ်လို ဖြေရှင်းခဲ့ရပါသလဲ။ ခင်များ ကိုယ်တိုင်(ကိုယ်တွေ့)အကြောင်းလေးလဲ လုပ်ပါဦးဗျ" ဟူ၍။ အဲဒီလိုသာ တကယ်လို့ ပရိသတ်ကြီးက မေးမြန်းခဲ့ရင် သူက အဖြေကို ရိုးရိုးတန်းတန်း မဖြေဘဲ ရွှေမန်းတင်မောင် အသွားလေးဖြင့် အောက်ပါအတိုင်း အဖြေပေးမည်မှာ ရာနှုန်းပြည့် ဧကဧကန် အမှန်ပင် သေချာလှပေတော့သည်။

"ကျနော်လဲ... ထိုနည်း၎င်း..... ထိုနည်း၎င်း.... မီးအခြေအနေ မကောင်းလို့.... ဗိုက်ပြဿနာ အပေါင်းကို..... ဖြစ်သလိုသာ..... ညောင်းလိုက်ရပေသည်..."


ပထမပိုင်းက ဒီမှာပါ။

.

13 comments:

မဗေဒါ (၈၈) said...

ဟိုင်း တရုတ်သူထိန်းကြီး........

ထင်လိုက်သား ချုပ်ထေး လို့..။ ဒါပေမယ့်လည်း ဇာတ်အိမ်က ဘယ်မှာ ယူထားမှန်းမသိလို့ ဆက်သုံးဆောင်တော့ အထင်မှန်သွားလေသည် ..။

ပျော်ရွင်ပါစေ သူထိန်းလေး..

စိန်ဗေဒါ (၈၈)

Myanmar Good Knowledg Co., Ltd said...

ကြည့် လုပ်ပြီ။
ပထမတော့ အဲဒီဘက် တော်တော်ပူလှချည်လားလို့ထင်နေတာ။
နောက်ကျတော့မြန်မာပြည်အကြောင်းဖြစ်နေတယ်။
ဒီကလည်း အမှတ်မရှိဘူးလင့်ပေးထားတာ လိုက်မိတယ်။
မဗေဒါရေးသလို ဆက်သုံးဆောင်မိတာပေါ့။
မမိုက်ပါဘူး။ ချုပ်ထေး ဖြစ်နေတယ်။

ကိုကိုမောင် တော်တော်ဆိုးးးးးးးးးး

ကိုဇော် said...

လူဆိုး . . . ဒါကြောင့် အနံ့တွေ မကောင်းတာ . .

လင်းခေတ်ဒီနို said...

ဟားဟား ဒါကြောင့်ထင်ပါတယ် အနံ တခုခု ရလိုက်ပါတယ်လို့း))))

ခင်မင်စွာဖြင့်
ဗညားရှိန်

SHWE ZIN U said...

သကြီး ကတော့ လုပ်ပြီ
သူများစားခါနီးသောက်ခါနီးမှ

ခွန် said...

တော်သေးတယ် ထမင်းစားပြီးမှ ဖတ်မိလို့ !!!

နေ၀သန် said...

:D.. တို့သူဂျီးလည်း ဒီထဲကကို တက်တော့ဘူး....

အဖြူရောင်နတ်သမီး said...

ဟားဟား...
သဘောကျလို့ အော်ပြီးတော့ကို ရီလိုက်တယ်..
တိုက်ဆိုင်တာလေးလည်း ပါနေလို့..
ဘာလဲလို့မမေးနဲ့...
တခါတလေ အန္တရာယ်ဆိုတာ လွယ်ထားလို့မရတာမျိုးလည်းရှိတတ်လို့...။

flowerpoem said...

ဟုတ်တယ် သူကြီးရေ မီးမလာရင် အဲဒီဒုက္ခ က အဆိုးဆုံး ပဲ :P

blackroze said...

အမလေး....တဂျီးရဲ့
ရက်စက်ချက်တော့
အထုပ်လေးဖြေကြည့်ရာဝယ်ဆိုတော့

ဘာထုပ်များလဲလို့
ကမန်းကတန်းလာဖြေတာ..
နံလိုက်တာနော်..ဟီးးဟီးးး

တဂျီး add ထားတယ်နော်..
တွေ့ရင်တော့အော်ခေါ်မှာဘဲ...

မင်းဧရာ said...

အစုတ်ပလုပ်....ဒီမှာ birthday လုပ်နေရင်း သူ့
အထုပ်ကို ဖြည်ကြည့်ပါတယ် ဟွန်း....

မောင်သီဟ said...

ဝေါ့အော့ ဖွီး တောက်ကတောက်!!!
ဟင့် ရက်စက်ပါပေ့ တယ်ဂျီးရယ်
တူညားရန်ကုန်ရောက်တုန်းလေး ဘလော့လည် အထုပ် ဖြေမိပါတယ် အခုတော့ ချေးထုပ်နဲ့ငြားပါရောလား ဟင့်
ပြန်ပီဗျာ
နံလိုက်တာ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

:D