"တောက်... ဘဲစုပ် ဘဲနာ"
"ဟေ့ကောင် တင်ကျော်။ ဘာတွေ ကျိန်ဆဲနေတာလဲကွ"
"မပြောချင်ပါဘူး ကိုကိုမောင်ရာ။ ဒီဘဲစုပ် ဘဲနာနဲ့ ငါနဲ့ ဘယ်တော့ ထိပ်တိုက်တွေ့မလဲ မသိဘူး။ ကြည့်မရတာ အတော်ကြာနေပြီ"
"ဘာတွေ ဖြစ်ကြလို့လဲ ငါ့ကို ပြောစမ်းပါဦး။ ဘယ့်နှယ် မင်းကလဲ ဒေါသချည်းဘဲ"
"ဘာဖြစ်ရမှာလဲကွာ။ မာယာ သာဌေယျတွေ များလွန်းလို့။ ပြီးတော့ သူ့အလုပ် သူမလုပ်ဘူး။ ပေကပ်ပေကပ် လုပ်နေတယ်။ ဒါပေမဲ့ လူရှေ့သူရှေ့ကျတော့ သူကဘဲ တောက်တောက် ပြောင်ပြောင် အလုပ်လုပ်ပေး နေရသယောင် လုပ်ပြတတ်တယ်။ ဒီ ဘဲစုပ်ကို ငါ လုပ်ထည့်လိုက်ချင်ပြီ"
"စိတ်ထိန်း စိတ်ထိန်း သူငယ်ချင်း။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကြိုတင် ဆင်ခြင်မှပေါ့။ မင့်အသက်ကလဲ ငယ်တော့တာမှ မဟုတ်တာ။ တစ်ဆိတ်ကလေးဆို စိတ်တိုရမဲ့ အရွယ် မဟုတ်တော့ဘူးလေ"
"တစ်ကြိမ်တစ်ခါလောက် သူအမှားကျူးလွန်တယ်ဆို တော်ပါသေးတယ်ကွာ။ အခုဟာက အိမ်ကို လာလည်တဲ့သူတွေရှေ့မှာ ငါ့ကို မျက်နှာပျက်အောင် ခဏခဏ လုပ်တယ်။ လာတဲ့ သူတိုင်းကလဲ ပြောကြတယ်။ ဟိုဘဲက ဘာဖြစ်နေတာလဲ။ မင်းက ဘာမှ မဖျောင်းဖျဘူးလား။ မင်းက အကြီးဘဲ ဖျောင်းဖျပြီး ပြင်ဆင်ပေးလိုက်ရင် သူလဲ နေတတ်ထိုင်တတ်ရှိလာမှာပါ တဲ့။ အလည်လာတဲ့သူတိုင်း သူ့ကို အပြစ်မတင်ဘဲ ငါ့ကိုဘဲ အပြစ်တင်ကြတယ်လေ။ အဲဒါ တရားသလား။ တောက်... ငါ ပြောရင်း စိတ်ဖောက်လာပြီ။ အဲဒီကောင် ဘဲစုပ် ဘဲနာ ဘဲဗလချာ"
"မင်းစိတ်က ကလေးစိတ်ဘဲ။ ဘာတွေ တွေးတွေးပြီး စိတ်တိုနေရတာလဲ။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်ပြီး နေထိုင်ကြရင် သူလဲ မဆိုးလောက်ဘူး ထင်ပါတယ်။ သူ့ပုံစံ ကြည့်ရတာတော့ ခပ်ကောင်းကောင်းဘဲ"
"အဲဒါသာ ကြည့်ပေတော့။ မင်းကိုယ်တိုင် (ငါ့ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး) ကတောင် ငါ့ကို အထင်လွဲပြီး သူ့ဘက် ပါနေပြီ မဟုတ်လား"
"အဲဒီလိုတော့ မဟုတ်ပါဘူးကွာ။ မင်းနဲ့ငါနဲ့က အခန်းချင်း မတူပေမဲ့ တစ်အိမ်ထဲမှာ အတူနေကြတာလေ။ ငါ မင်းအကြောင်းကို ကောင်းကောင်း သိပါတယ်ကွ။ ငါက မင်း သူ့ကို နားချပြီး ပြင်ဆင်ပေးဖို့ အကြံပေးတာပါ။ အဲဒီလို အကြံပေးလို့ မရတော့မှ အဲဒီ ဘဲက ဘာကောင်လဲဆိုတာ ပိုထင်ရှားမှာပေါ့။ အခုတော့ မင်းဟာက တစ်ဘက်သတ်ကြီးလို ဖြစ်နေတယ်။ ဟိုဘက်က ဘာမှန်းမသိ မင်းကသာ ဒေါသတွေ နင်းကန်ပေါက်ကွဲနေတာ"
"မပေါက်ကွဲဘဲ နေမလားကွ။ မိုးရွာရင်လဲ ရွာလို့၊ နှင်းကျရင်လဲ ကျလို့၊ နေပူရင်လဲ ပူလို့။ အဲဒီလို မျိုးတွေ အကြောင်းပြပြီး သူပေကပ်ကပ် လုပ်နေတာ ကြာပြီ။ ဒီအိမ်မှာ သူလုပ်မယ်လို့ အာမခံထားတဲ့ အလုပ် သူမလုပ်ဘူး။ ငါဘဲ ၀င်လုပ်ပေးနေရတယ်။ သူအလုပ်မလုပ်တော့ ငါပါရောပြီး အထင်လွဲ ခံရတာပေါ့ကွာ။ ငါ စိတ်ရှိ လက်ရှိ ခြောက်ပေါင်တူနဲ့သာ သူ့ခေါင်းတည့်တည့် ထုခွဲချင်စိတ် ပေါက်နေမိတယ်။ ဟင်းးးးးးးးး ငါနော်.... လုပ်လိုက်ရ......"
"တင်ကျော် တင်ကျော်.... မင်းက သူ့ပုံစံကို ကြည့်ပြီး မင်းဖာသာ ဘာသာပြန်နေတာ ဖြစ်ချင် ဖြစ်မှာပါ။ တစ်ချက်ကလေးတော့ သူနဲ့ ညှိနှိုင်းကြည့်ပေါ့ကွာ။ အဆင်မပြေတော့မှ မင်းလုပ်ချင်သလိုသာ လုပ်ပစ်လိုက် ငါ သဘောတူတယ်။ အဲဒီတော့မှ အမှု ဖြစ်ရင်လဲ ငါကိုယ်တိုင် လိုက်ပေးမယ်။ ဟုတ်ပြီလား"
"သေချာတယ်နော်"
"သေချာမှ နေကြာ စိုက်တာပါကွာ"
...
"ဒေါက် ဒေါက် ဒေါက်"
"ဟာ ကိုမင်း ပါလား။ လာ ၀င် သူငယ်ချင်း"
"ဟေ့ကောင် တင်ကျော်... မင့် ဟို ဘဲက ဘာဖြစ်နေတာလဲ။ ငါ ဒီလောက် မတ်တပ်ရပ်ပြီး လှမ်းခေါ်နေတာတောင် ငါ့ကို ဘာမှ အရေးမလုပ်ပါလား။ ဒါကြောင့် ငါ တံခါး ခေါက်ပြီး မင့်ကို ခေါ်လိုက်ရတာ"
"မပြောပါနဲ့ ကိုမင်းရာ အဲဒီ ဘဲစုပ် ဘဲနာ အကြောင်းကို။ စိတ်တိုလွန်းလို့"
"ဘာဖြစ်နေတာလဲ မင်းနဲ့ အဆင်မပြေဘူးလား"
"အင်း.... ဆိုပါတော့ သူက ဒီလိုဘဲ ပေကပ်ကပ်နဲ့၊ ဧည့်သည်တွေလာရင် ငါ့ကို အရှက်ခွဲပြီ"
"သူ့ပုံကြည့်ရတာတော့ ကောင်းမဲ့ ပုံဘဲကွ။ မှန်းဆရတော့ ခက်သားနော်"
"လာပြန်ပြီ တစ်ယောက်။ မင်းကလဲ ငါ့ကို အထင်လွဲ၊ ကိုကိုမောင်ကလဲ ငါ့ကို အထင်လွဲနဲ့ ခက်ချေပြီ"
"အထင်လွဲတာ မဟုတ်ပါဘူးကွာ အမြင်ကို ပြောတာပါ"
"ဒါဖြင့် မင်းဘဲ ဖျောင်းဖြနားချပြီး အဆင်ပြေအောင် လုပ်ပေးထားခဲ့။ ဟုတ်ပြီလား"
"ဟာ..လုပ်ပြီ။ ငါက သိပ်မအားသေးဘူးကွ။ အခု အရေးပေါ် အပေါ့စွန့်ချင်လို့ မင့်အိမ် ခဏ ၀င်လာတာ။ ခဏနေ ငါပြန်မယ်"
"အာ... ငါ့အိမ်ကိုများ ပတ်ဘလစ်ခ်တွိုင်းလက်ကျနေတာဘဲ။ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်။ မင်းနဲ့ အဲဒီ ဘဲစုပ်နဲ့ ဘာထူးသေးလို့လဲ"
"တင်ကျော်ရာ။ မင်းကလဲ အားလုံးကို အပြစ်တွေချည်း လိမ့်မြင်နေတော့တာဘဲ။ အဲဒီ ဘဲအတွက် ငါ ပြောထားခဲ့မယ်။ ဒီလို လုပ် !@#$%%^&*((*&^%$#@!@#$#$%%^):) ဟုတ်ပြီလား။ ကဲ ငါပြန်မယ်"
....
"ဟာ... တင်ကျော်.. မျက်နှာတွေလဲ ရွှင်လို့ပါလားကွ။ တစ်ခုခုတော့ တစ်ခုခုဘဲ။ ဟို ဘဲနဲ့ အဆင်ပြေသွားပြီ ထင်တယ်"
"ဟဲ ဟဲ ဟဲ။ ဟုတ်တယ်ကွ ကိုကိုမောင်ရ။ ကိုမင်း အကြံပေးခဲ့တဲ့အတိုင်း ငါ ညှိနှိုင်းလိုက်တာ။ အခု အဆင်ပြေသွားပြီ။ အားလုံး ကောင်းသွားပြီ။ ဒီမှာကြည့်..."
"တိန်းး တိန်... တိန်းးး တိန်... တိန်းးးး တိန်"
"အေး... ကောင်းသွားပြီဘဲ။ မင်း ဘယ်လို လုပ်လိုက်ပြီး ပြင်ဆင်လိုက်တာလဲ"
"အမှန်က ရာသီဥတုကြောင့် အထဲမှာ ဂျီးနဲနဲ ကပ်ပြီး ၀ါယာကို လျပ်စီး မလိုက်တာကွ။ ဒါကြောင့် ခလုပ်ကို နှိပ်လိုက်ရင် ဘဲလ်က မမြည်တာ။ ဒါနဲ့ ငါလဲ စကူလှည့်နဲ့ သေချာဖွင့်ပြီး ဂျီးကပ်နေတဲ့ ၀ါယာကို ကပ်ကြေးနဲ့ ညှပ်ဖြတ်ပြီး ၀ါယာကောင်းကို လှီးထုတ်ယူလိုက်တယ်။ အားလုံးကို တိုက်ချွတ်ဆေးကြောပြီး ပြန်တပ်လိုက်တော့ မင်းကြားတဲ့အတိုင်းဘဲလေ။ ဒီမှာ ထပ်ကြည့်..."

"အေးပါ။ နေပါစေတော့ ကောင်းသွားရင် ပြီးတာပါဘဲ။ ဒါဖြင့် အခုတော့ မင်းအတွက် သူက ဘဲစုပ် ဘဲနာ ဘဲဗလချာ မဟုတ်တော့ဘူးပေါ့လေ"
"ဟား ဟား ဟား။ ငါ့ အိမ်ရဲ့ လူခေါ်ဘဲလ်လေးက ရွှေဘဲလ် ငွေဘဲလ် ပတ္တမြားဘဲလ်လေးပါကွ။ ဟား ဟား ဟား"
"အော်.... အော်... လူတွေ လူတွေ လိုတစ်မျိုး မလိုတစ်မျိုးပါလား"
.

20 comments:
ရွှေဘဲလ် ငွေဘဲလ် ပတ္တမြားဘဲလ်လေးပါ အကိုရေ... အိမ်လည်လာမယ်နော်....:P:P:P:P
တော်တော်နောက်တဲ့ သူဂျီးပဲ
လူကိုပြောတယ်ထင်နေတာ
လက်စသတ်တော့ လူခေါ်ဘဲကြီးပဲ
တော်တော်နောက်တဲ့ ဘဲပဲဗျာ ( ဘဲလ်ကိုပြောပါတယ်)
ဟဲလို . . ဟဲလို . . .
"တိန်းး တိန်... တိန်းးး တိန်... တိန်းးးး တိန်"
အိပ်ချင်လို့ . . . အိပ်ချင်လို့ . . .
"တိန်းး တိန်... တိန်းးး တိန်... တိန်းးးး တိန်"
ဘဲစုပ်
ဘဲနာ
ဘဲဗလချာ
ရွှေဘဲလ်
ငွေဘဲလ်
ပတ္တမြားဘဲလ်
ဘဲစုပ်
ဘဲနာ
ဘဲဗလာချာ
အော်...ကိုကိုမောင်၊ ကိုကိုမောင်! ရေးတတ်လိုက်တာ ပြောမလို့ပါ။ စစဖတ်တော့ တုံးဖလားရွာက အဖြစ်အပျက်လိုလို ဘာလိုလိုနဲ့ နောက်ဆုံးကျမှ အင်္ဂလာပြန်ရောက်သွားတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
အဲဒီ ဘဲ လာကိုနှိပ်ဦးမယ်.. :D
ခင်မင်လျက်
နေ၀ဿန်
သဂျီး....
ကျနော်လိုချင်တဲ့ ဘဲက ဒီလိုစာလုံးပေါင်းတယ်..
Belle
မိနှင်းတို့များတုံးလိုက်တာနော် ....
ဘဲနာဆိုလို့ မျက်စေ့ထဲမှာ ဘဲအကောင်ကြီးပဲ မြင်မြင်နေတာ ဖတ်ရင်းဖတ်ရင်းနဲ့ နောက်ဆုံး စိတ်ဆိုးပီး ဘဲကြီးကို ကင်စားပစ်မယ်ထင်လိုက်သေးတယ် ဟိ ဟိ
ရန်ကုန်က ရွှေဘဲကိုတောင် သွားစားလိုက်ချင်စိတ်ပေါက်သေးတယ်းD
လူခေါ်ဘဲကြီးမှန်းသိတော့မှပဲ ..............
တုံးဖလားရွာကို ခဏ ခဏသွားလွန်းလို့ နေမယ် မိနှင်းတို့ တုံးလိုက်ပုံ ...းDးD
လွန်လွန်းပြီ ဒီ..ဘဲ။
အထာတွေ အရမ်းများတယ်။
ဘဲ ဆို ရွှေဘဲ က ဘဲကင် ကြီးဘဲ သတိရနေတာ ခက်ပါ့ ခက်ပါ့ သူကြီးရာ ငွေကုန်ပေါက်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Bell စုပ်ကြီး လာတီးအုံးမယ် :P
အော် ဒီလိုလား
အစောကတည်းက ဒီဘဲလို့ ရှင်းရှင်းပြောပါသူဂျီးရယ်
မဟုတ်ရင် ဟိုထင် ဒီထင်နဲ့း)
ထင်တော့ထင်သား
တော်တော်စဉ်းစားနေရတာ
နောက်ဆုံးကျမှ အဖြေပေါ်တော့တာ :D
အော်..ဂလိုကိုး...
ဟာ...ဟ...ထင်တော့ ထင်သား....လူတော့ဟုတ်လောက်
ဘူးလို့....။နောက်တစ်ခါဆို ဘဲလ်အစား ခေါင်းလောင်း
လေး ချိတ်ထားလိုက်.....ဂျီးတတ်မှာမပူရတော့ဘူး.....:)))
ချတော့ နှက်တော့မယ် ထင်နေတာ
နောက်တခါ ဘဲက ပေကပ်ကပ်လုပ်နေရင် ခေါင်းလောင်း ပြောင်းတပ်ထားလေ။
အိမ်မှာ ဘဲလ် ပျက်နေလို့
အဲ့ဒီ့ ဘဲလ် ကို
ရွာမှာ လူကြုံရှိရင်
ပို့လိုက်စမ်းးးဘာာာတော် ...း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဖတ်ရင်း စဉ်းစားရင်းက မထင်တဲ့အပေါက်က တိုးထွက်သွားသကိုး...ကောင်းလှောင့်တေး ကောင်းလှောင့်တေး...
ကျန်းမာပါစေမင်္ဂလာပါ သူကြီး
အတွေးတွေကတော့ကောင်းပါဗျား----
ဟဲ ဟဲ...ဒီတစ်ခါ သူဂျီး အကွက်ထဲ မ၀င်တော့ဘူး.... သူ့ဒီဇိုင်းကို ကြည့်ပြီး ဘယ် ဘဲလ် လဲ တိနေတာကိုး... အဟတ်ဟတ်
ငြိမ်းချမ်းပါစေ
Post a Comment